ကန္တာရဝတီတိုင်း(မ်) ပရဟိတလူမှုကူညီရေးအသင်းတွေဖြစ်တဲ့ ဝစ္စကုဋီပရဟိတအသင်းနဲ့ ဖေးကူလက် (လွိုင်ကော်) ပရဟိတအသင်းတို့မှ ပေးအပ်လှူဒါန်းတဲ့ အလှူရှင်များကိုယ်စား လွိုင်ကော်မြို့အတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များကို ဧပြီလ ၂၆ရက်နေ့က အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဝစ္စကုဋီပရဟိတအသင်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဇော်ထက် “နိုင်ငံတော်အစိုးရကလည်း ကိုဗစ်-၁၉ ကာလပေါ့ အဲ့ချိန်မှာ ဆန်တွေ ဆီတွေဖြန့်ဝေပေးတာရှိတယ်လေ။ အဓိက ထားတာကတော့ အစိုးရအဖွဲ့ပေးတာမရတဲ့အဖွဲ့တွေကို ကျတော်တို့က ဦးစားပေးပြီးပေးမှာ။ နောက်ပြီးတော့ ကျတော်တို့ကိုယ်တိုင်ကလည်း ရပ်ကွက်ထဲမှာလှည့်နေတာဖြစ်တဲ့အတွက် ရပ်ကွက်ထဲမှာ တကယ်အဆင်မပြေတဲ့သူတွေကိုတွေ့ရတယ် အဲဒီအိမ်တွေ အိမ်တိုင်ရာရောက် လိုက်ဖြန့်ပြီးပေးမှာပါ” လို့ ပြောပါတယ်။ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြက်ဥ၊ ကြက်သွန်၊ ခေါက်ဆွဲခြောက် စတာတွေကို သွားရောက်လှူဒါန်းခဲ့ပြီး အိမ်ခြေ […]