စိုးထိုက်အောင် ကယားပြည်နယ်ရှိ အမျိုးသမီးတွေ ဖွံ့ြဖိုးတိုးတက်ရေးအတွက် အမျိုးသမီးတွေ မြေယာအမည်ပေါက်ဆောင် ရွက်နိုင်တဲ့ မူဝါဒတွေပေါ်ပေါက်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ (၂၀၂၀-၂၀၂၂)ခုနှစ် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် ဖွင့်ဖြိုးရေးလုပ်ငန်းစီမံချက်မှ ထုတ်ဝေတဲ့ စာအုပ်အချက်အလက်အရ သိရှိရပါတယ်။ အခုလက်ရှိတောင်သူတွေရဲ့အခက်အခဲကိုဖြေရှင်းပေးနိုင်ဖို့ မြေယာနှင့် သဘာဝအရင်းအမြစ်စီမံကိန်းဆိုင်ရာ အသိပညာပေးမှုတွေ ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ အမျိုးသား၏အမည်ဖြင့်သာ အမည်ပေါက်နေခြင်းက အမျိုးသမီးတွေရဲ့ပိုင်ဆိုင်ခွင့်နဲ့ထုတ်လုပ်မှုတွေကို ပယ်ထုတ်ထားသလိုဖြစ်နေတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ စီမံချက်မှာပါရှိပါတယ်။ “ဖွှံဖြိုးတိုးတက်မှုအတွက် စီမံကိန်းနဲ့ပတ်ပြီးတော့ ရှင်းရှင်းပြောရမယ်ဆိုရင် တာကသီးသန့်အမှန်တရားရယ်လို့ ထွက်လာမယ်ဆိုရင်တော့ ဒါကဥပဒေတစ်ခု ဖြစ်မယ်ပေါနော်။ ဥပဒေရဲ့ သဘောသဘာဝက တစ်ကယ်လို့ထွက်လာမယ်ဆိုရင် အကောင်းဆုံး ဥပဒေတစ်ခုဖြစ်မယ်။” ကယန်းအမျိုးသမီးအစည်းအရုံးက မူကလိုးရီယာ ၎င်းစီမံချက်နဲ့ပတ်သက်လို့ အကြံပြုပြောဆိုသွားတာဖြစ်ပါတယ်။ ၎င်းစီမံချက်စာအုပ်ထုတ်ဝေတဲ့အချိန်မှာတော့ သက်ဆိုင်ရာအစိုးရဌာနနဲ့လွှတ်တော်ကိုယ်စားလှယ်တွေကနေပြီး ကယားပြည်နယ်အတွင်းမှာရှိ တဲ့အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းတွေတချို့တွေကို အသိပေးသွားခဲ့ဖူးတယ်လို့ […]

ဘိုထီး(ငွေတောင်ပြည်) ရေးသားသည်။ မြန်မာနိုင်ငံမှာ ၂၀၀၈ အခြေခံဥပဒေနှင့်အတူ ပထမဦးဆုံး လိုက်ပါလာတဲ့ ပြသာနာဟာ လယ်ယာမြေ သိမ်းမှုပြသာနာပဲ ဖြစ်ပါတယ်။ ၈၈ အရေးခင်းမတိုင်ခင်အချိန်ထိ လယ်ယာမြေနှင့် ပတ်သက်တဲ့ ပြသာနာဟာ လယ်ယာမြေ အငြင်းပွားမှုပြသာနာပဲဖြစ်ပါတယ်။ လယ်ယာမြေသိမ်းမှုပြသာနာမဟုတ်ပါဘူး။ ၈၈ အရေးအခင်းပြီး ၂၀၀၈ အခြေခံဥပဒေပေါ်ပေါက်လာပြီးမှသာ လယ်ယာမြေသိမ်းဆည်းမှုပြသာနာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ လယ်ယာမြေသိမ်းဆည်းရေးပေါ်ပေါက် လာရခြင်းအကြောင်းရင်းကို သိရှိတာနှင့် လယ်ယာမြေသိမ်းမှုပြသာနာ ဖြစ်ပေါ်လာရခြင်းအကြောင်း အလိုလိုသိပြီးသားဖြစ်သွားစေပါတယ်။ ဘာကြောင့်လဲဆိုရင် ၈၈ အရေးအခင်းမတိုင်ခင် ဖြစ်ပေါ်လာတဲ့ လယ်ယာမြေပြသာနာဟာ တပ်နှင့်သာ ပတ်သက်တဲ့ ပြသာနာပဲဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေပေါ်ပေါက်လာရခြင်း အဓိကအကြောင်းရင်းကတော့ ၁၉၉၀ ရွှေးကောက်ပွဲမှာအနိုင်ရတဲ့ အုပ်စုအပေါ် မြန်မာ့တပ်မတော်ရဲ့ ယုံကြည်မှု ကျဆင်းခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ရွှေးကောက်ပွဲပြီး […]