TAG
လိုင်းကား
ခရီးသည်တင်ဆောင်တဲ့ယာဉ်လိုင်း မပြေးဆွဲသေး
ကန္တာရဝတီတိုင်း(မ်)
လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်းမှာ သင်္ကြန်မတိုင်ခင်ကတည်းက ခရီးသည်ယာဉ်လိုင်းပြေးဆွဲမှုရပ်နားထားပြီး လက်ရှိအချိန်ထိ ယာဉ်လိုင်းမပြေးဆွဲသေးဘူးလို့ သိရပါတယ်။
“ဒီကာလမှာပြေးဆွဲနေတဲ့ကားလိုင်းတော့မရှိဘူး။ ကယားပြည်နယ်မှာကုန်ဈေးနှုန်းမမြင့်တက်ဖို့ကို လူမတင်ဘဲနဲ့ ကားကိုတခါတလေလွှတ်ပြီးတော့ နေပြည်တော်ဖက်ကို ကုန်းဈေးသယ်တာတော့ ရှိကောင်းရှိတယ် နောက်ပြီးတော့ လွိုင်ကော်-တောင်ကြီးပြေးဆွဲနေတဲ့ ငြိမ်းချမ်းမိုးလိုင်းတစ်လိုင်းတော့ရှိတယ် ကုန်ပဲပေါ့ လူမပါဘူးအဲဒါတော့ “ လွိုင်ကော်မြို့ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးစံအေးက...