ကန္တာရဝတီတိုင်း(မ်) လက်ရှိ ကိုဗစ်ရောဂါအများဆုံးဖြစ်ပွားနေတဲ့ ရန်ကုန်တိုင်းရှိ သုဝဏ္ဏအားကစားရုံမှာပြုလုပ်ထားတဲ့ ကိုဗစ်ရောဂါသစောင့်ရှောက်ရေးစင်တာမှာ သွားရောက်ကူညီအားဖြည့်ဖို့အတွက် ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း (၂၀) စေတနာ့ဝန်ထမ်းအဖြစ် ဒုတိယအကြိမ် ထပ်မံသွားရောက်သွားရောက်ကူညီ ဒီကနေ့ အောက်တိုဘာလ ၂ ရက်နေ့မှာ စတင်ထွက်ခွာသွားကြပါပြီ။ ကိုဗစ်ကူးစက်ခံရသူ တွေ့ရှိမှုကလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာသလို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဝန်ထမ်းအင်အားလိုအပ်နေတဲ့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တိုင်းနဲ့ပြည်နယ်အသီးသီးရှိ ကျန်းမာရေးဝန်ထမ်းကို ပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းကြားတဲ့အတွက် စေလွှတ်တာဖြစ်တယ်လို့ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။ ဒေါက်တာဌေးလွင်က “ ဒုတိယအကြိမ်အနေနဲ့ ကယားပြည်နယ်မှာရှိတဲ့ သူနာပြုကို ရန်ကုန်တိုင်းမှာရှိတဲ့ ကိုဗစ်ကုသရေးရှိတဲ့ ရန်ကုန်တိုင်းမှာကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန် ဆရာမအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဒုတိယအကြိမ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒုတိယအကြိမ်စေလွှတ်ရတဲ့အကြောင်းရင်းကလည်း ပထမအကြိမ်ကလည်း အခုဆိုရင် ၁၈ ရက်လောက်ရှိပါပြီ […]