စိုးထိုက်အောင် ၂၀၁၂ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုကယားပြည်နယ်မှာလာရောက်တည်ထောင်ခဲ့ချိန်ပါဝင်တည်ထောင်ပေးခဲ့သူ၊ တည်ထောင်ပြီးနောက်မှာကယားပြည်နယ်(NLD) ပါတီရဲ့ဗဟိုကော်မတီအဖွဲ့ဝင်အနေနဲ့ပါဝင်ခဲ့တဲ့ရှားတောမြို့နယ်၊ ဈေးပိုင်းရပ်ကွက်မှာနေတဲ့ဦးစိုင်းအုန်းမြင့်ကလာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲမှာတော့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) မှာရှားတောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ “ NLDကိုကျနော်တို့လူမျိုးစုကနေ ကျနော်တို့ဖွဲ့စည်းတာ။ ဒီကယားပြည်နယ်တစ် ပြည်နယ်လုံးမှာပေါ့နော်။အဲ့ဒီNLD ပါတီကို ပထမဆုံး ကျနော်တို့ထူထောင်တာ။” လို့ဦးစိုင်းအုန်းမြင့်ကပြောပါတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေဝင်ရောက်ယှဉ်ပြိုင်ရတာက ပြည်နယ်အခြေစိုက်ပါတီရဲ့လုပ်ပိုင်ခွင့်နဲ့ပြည်မကပါတီကြီးတွေရဲ့လုပ်ပိုင်ခွင့်ကမတူညီတဲ့အတွက်ကြောင့်ဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ “ ဘာကြောင့်ပြည်နယ်ပါတီကို ကိုယ်ကစိတ်ဝင်စားသွားသလဲဆိုတော့ ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီရဲ့လုပ်ပိုင်ခွင့်နဲ့ အခုပြည်မကပါတီကြီးတွေရဲ့ လုပ်ပိုင်ခွင့်ကမတူဘူး။ မတူဘူးဆိုတာက ဖက်ဒရယ်ပြည်ထောင်စုကိုကျနော်တို့ တည်ဆောက်ချင်တယ်။” ဦးစိုင်းအုန်းမြင့်က ရှမ်းတိုင်းရင်းသားလူမျိုးဖြစ်ပြီး မိသားစု(၅)ယောက်ရှိပါတယ်။ လက်ရှိမှာမိသားစုစားဝတ်နေရေးအတွက် အိမ်မှာစားသောက်ဆိုင်ဖွင့်လှစ်ထားပြီး၊ ကုန်သည်အလုပ်ကိုလည်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဦးစိုင်းအုန်းမြင့်ဟာ(၁၀)တန်းအထိ တက်ရောက်ခဲ့ပြီး၁၉၈၆ခုနှစ်ကနေစပြီး ၁၉၉၅ခုနှစ်အထိအခြေခံပညာ မူလတန်းကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ကျောင်းဆရာအဖြစ်ကနှုတ်ထွက်ပြီး အသက်မွေးဝမ်းကြောင်းအတွက် လက်သမားအလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၈ခုနှစ်ကနေစပြီး နိုင်ငံရေးလောကထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ […]

ကရင်နီသူ NLD မှ အမျိုးသမီးအမတ် ဒေါ်ရှားမူအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မိခင်ပါတီအား ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒေါ်ရှားမူက ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကနေ ပြန်လည်မရွေးချယ်တော့တဲ့အတွက် ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒေါ်ရှားမူက ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ကို ကိုယ်စားပြုပြီးတော့ ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၅ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့်လို့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြန်လည်အရွေးမခံရတဲ့အတွက် ယခုအခါ တစ်သီးဂ္ဂလကိုယ်စားလှယ်လောင်းအနေနဲ့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၈ အမျိုးသားလွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းခဲ့ပြီး ရွေးကောက်ပွဲကော်မရှင် အတည်ပြုခဲ့တဲ့အတွက် မိခင်ပါတီ NLD အား […]

နော်ဒွေးအယ်ခူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း ကယားပြည်နယ်မဲရုံတွေအတွက် အထူးရဲတပ်ဖွဲ့အင်အား ၂၂၀ ဦးကို ခန့်အပ်ထားတယ်လို့ ကယားပြည်နယ်ရဲတပ်ဖွဲ့ (ပြည်နယ်ဦးစီးပထမတန်း) မှ ဒု-ရဲမှူးကြီးအောင်ကျော်မြင့်ကပြောပါတယ်။ “မဲရုံ ၂၂၀ ရှိတဲ့အတွက် အထူးရဲတပ်ဖွဲ့ကလည်း ၂၂၀ စုဆောင်းထားတာရှိတယ်။ မဲရုံတစ်ရုံကို အထူးရဲတပ်ဖွဲ့တစ်ယောက်စီ တာဝန်ပေးမယ်” လို့ ဒု-ရဲမှူးကြီးအောင်ကျော်မြင့်က ပြောပါတယ်။ ၂၀၂၀ ထွေထွေရွေးကောက်ပွဲအတွက် ပြည်နယ်တွင်းရှိ ရဲတပ်ဖွဲ့အင်အားမလုံလောက်တဲ့အတွက် သြဂုတ်လအတွင်းက အထူးရဲတပ်သားတွေကို ရွေးချယ်ခဲ့ပြီး အထူးရဲတပ်ဖွဲ့အင်အား ၂၂၀ ဦးနှင့် အရံအင်အား ငါးဦး စုစုပေါင်း ၂၂၅ ဦးကို ထားဖို့လျာထားခြင်းဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါ အထူးရဲတွေအနေနဲ့ ကယားပြည်နယ် မြို့နယ် ခုနစ်မြို့နယ်အလိုက် အောက်တိုဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၄ […]

စိုးထိုက်အောင် အသက် ၂၇ နှစ်အရွယ်သာ ရှိသေးတဲ့ မော်မိုးမြာက ပြည်နယ်အေးချမ်းဖို့နဲ့ လူထုတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့အတွက်က သူမရဲ့ ဟစ်ကြွေးသံပါ။ “ ငြိမ်းချမ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပါဝင်နိုင်ဖို့ ကျမအနေနဲ့ အရမ်းကို အာသီသ ပြင်းလှပါတယ်။ ကျမကို ကြိုးစားခွင့်ပေးပါ” လို့လည်း လူထုတွေကို တောင်းဆိုထားပါတယ်။ “အမရဲ့ရည်ရွယ်ချက်က ဒီလူငယ်၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားအခွင့်အရေးတွေ ပြန်လည်ရရှိဖို့အတွက်ပေါ့နော်။ ပြီးတော့ ကဏ္ဍပေါင်းစုံပါဝင်နိုင်ဖို့အတွက် ဒီရွေးကောက်ပွဲကို ဝင်ရောက်အရွေးချယ်ခံရခြင်းဖြစ်ပါတယ်။” လို့မော်မိုးမြာက ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရတဲ့အဓိက ရည်ရွယ်ချက်ကို ပြောပြပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ရှားတောမြို့နယ်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်မဲဆွယ်ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးနဲ့ မဲဆွယ်စည်းရုံးရေးအတွက် အနီးကပ် ကူညီပေးခဲ့ပြီး ယခု […]

စိုးထိုက်အောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)ပါတီဟာ ကယားပြည်နယ်အတွင်းမှာရှိတဲ့ မယ်ဆန္ဒနယ်အားလုံးမှာလည်း ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။ ၎င်းပါတီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ဥက္ကဌ ဖြစ်ပြီးတော့ ၂၀၁၉ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာစတင်တည်ထောင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။ ကယားပြည်နယ်မှာတော့ ၂၀၂၀၊ ဇွန်လ ၁ရက်နေ့မှာ ပါတီဝင် ၁၇ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကယားပြည်နယ်ရဲ့ မယ်ဆန္ဒနယ် (၃၄)နေရာလုံးကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ကယားပြည်နယ်မှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို စတင်တည်ထောင်ရတဲ့ရည်ရွယ်ချက်နဲ့ ပါတီရဲ့ ကတိကဝတ်တွေကို ကယားပြည်နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ ဦးထွန်းအေးဟန်နဲ့ တွေ့စုံမေးမြန်းထားပါတယ်။ မေး။ ။ဆရာတို့ရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ကယားပြည်နယ်မှာစပြီး တည်ထောင်ရတဲ့ရည်ရွယ်ချက်ကို ပြောပြပေးပါ။ ဖြေ။ ။ကျနော်တို့ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ကယားပြည်နယ်မှာ ဘာဖြစ်လို့ကျနော်တို့ဖွဲ့စည်းပြီးတော့ ကျနော်တို့တာဝန်ယူရတာလည်း […]

အန်ထော်နီ မကြာမီကျင်းပပြုလုပ်တော့မယ့် အထွေထွေ ရွေးကောက်ပွဲမှာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိတို့ရောက်ရှိရာဒေသမှာ မဲပေးနိုင်ရေးအတွက် ပုံစံ ၃ (က) ဖြင့်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ “ ရွှေ့ပြောင်းအလုပ်သမားတွေက သူတို့က သူတို့နေထိုင်ခဲ့တဲ့ရွာတွေမှာ သူတို့နာမည်မဲစရင်းမှာမပါခဲ့ရင် ဒီမှာမဲထည့်ပြီးတော့ပေးလို့ ရတယ်ပေါ့နော်။ ပေးလို့ရတယ်ဆိုတာက ဒီမှာရက်ပေါင်း ၉၀ ကျော်နေထိုင်ခဲ့ပြီးပြီဆိုရင် နိုင်ငံသားစစ်ဆေးရေးကပ်ပြားပါခဲ့ရင်တော့ သူတို့အခုလက်ရှိလုပ်ကိုင်တဲ့နေရာမှာ အုပ်စုမှာ မဲစရင်းထည့်သွင်းပြီးတော့မှ မဲပေးလို့ရပါတယ်။” လို့ ငွေတောင်ကျေးရွာအုပ်စု ကော်မရှင်ဥက္ကဌ ဦးလှဝင်း ကပြောပါတယ်။ တစ်ချို့သောရွှေ့ပြောင်းအလုပ်သမားတွေက မိမိတို့ရဲ့အလုပ်ရှင်တွေကတဆင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေဆီမှာ နာမည်စာရင်းသွင်းပြီး လို့သိရပါတယ်။ လက်ရှိမယ်စဲ့မြို့နယ်တွင် လမ်းခင်းကျောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမား ကိုဇင်မျိုးထိုက် က “ဘာတွေပြင်ဆင်နေပြီလဲဆိုတော့ အစတုန်းကတော့ ရုံးတော့သွားပြီးပြီပေါ့။ ရုံးသွားပြီးတော့ နောက်တစ်သုတ်ကျရင် မှတ်ပုံတင်ရှိတဲ့လူကို လှမ်းခေါ်မယ်လို့ ရုံးကအဲ့လိုပြောထားတယ်လေး” […]

ဘိုထီး (ငွေတော်ပြည်) မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၇၀) နီးပါးကြုံတွေ့တဲ့အခက်အခဲရဲ့ အဓိကအကြောင်းအရင်းဟာ အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်ကြောင့်ပဲဖြစ်ပါတယ်။ အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်အများဆုံးရှိတဲ့ နိုင်ငံဟာ အခက်အခဲအများဆုံးကို ကြုံတွေ့ရပြီး အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက် အနည်းဆုံးရှိတဲ့နိုင်ငံဟာ အခက်အခဲအနည်းဆုံးကိုကြုံတွေ့ရတဲ့နိုင်ငံဖြစ်ပါတယ်။ ၁၉၆၂ခုနှစ်ကစပြီး ယနေ့ထိမြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲဟာ အုပ်ချုပ်ရေးအာဏာရရှိဖို့အဓိက ရည်ရွယ်ပြီး ပြုလုပ်တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့စနစ်တစ်ခုပေါ်ပေါက်လာဖို့ ရည်ရွယ်တဲ့ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုရင် ကောင်းမွန်တဲ့စနစ်တစ်ခုကို မတည်ဆောက်နိုင်သေးပဲ ရွေးကောက်ပွဲကို ပြုလုပ်တာကြောင့် ဖြစ်ပါတယ်။ ၁၉၆၂ခုနှစ်တုန်းက အုပ်ချုပ်ရေးအာဏာရယူထားတဲ့ ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုအောက် မှာ ဈေးကွက်စီးပွားရေးစနစ်ကို ဖျက်သိမ်းပြီး တံခါးပတ်ဝါဒကျင့်သုံးခဲ့တယ်။ စီးပွားရေးလုပ်ငန်းမှန်သမျှ ပြည်သူပိုင်သိမ်းတယ်။ စီးပွားရေးကမောက်ကမဖြစ်ကုန်တယ်။ အစစအရာရာ ရှားပါးပြီး “အုပ်ချုပ်ရေးအာ […]

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသူ၊နိုင်ငံသားများအားလံး မျှမျှတတမေတ္တာ၊ စေတနာနဲ့ အလေးထားပြီးတော့ မိမိတို့ကြိုက်နှစ်သက်သော ပါတီများ၏ ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်နိုင်ဖို့ အလွန့် အလွန် တိုင်းပြည်အတွက်နဲ့ မိမိပြည်နယ်ဒေသနှင့် ကိုက်ညီသော ကိုယ်စားလှယ်လောင်းများကို မဲပေးရမည် မဟုတ်လား။ ဒီမိုကရေးအရ ပြည်သူလူထုက ရွေးချယ်လို့ တက်လာတဲ့ အစိုးရသည် လူတိုင်းအတွက် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး၏ အစိုးရဆိုတာလည်း သိပြီးသားပါပဲ။ ကယား (ကရင်နီပြည်)အတွင်း လမ်းပေါ်လျှောက်သောပါတီများတို့၏ ဦတည်တဲ့ အစိုးရလို့ ပြောတဲ့အခါမှာ ရှင်းရှင်းပြောရရင် ထောက်ခံမဲပေးသောသူ၊ ထောက်ခံမဲ မပေးခဲ့တဲ့ ပြည်သူတွေအတွက် လည်း ရွေးချယ်တင်မြှောက်ခံရတဲ့ အစိုးရက တာဝန်ယူရမှာဖြစ်ပါသည်။ အရေးကြီးတာကတော့ နိုင်ငံတစ်နိုင်ငံ၊ ပြည်နယ်တစ်ခုတိုးတက်ဖို့၊ […]