spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

TAG

၂၀၂၀ ရွေးကောက်ပွဲ

ဒုတိယအကြိမ်မဲစာရင်း ပြည်နယ်အတွင်း မဲဆန္ဒရှင်ဦးရေ ၆၀၀ ကျော်သာတိုးလာ

နော်ဒွေးအယ်ခူ ဒုတိယအကြိမ်မဲစာရင်းမှာ ကယားပြည်နယ်အတွင်း ဆန္ဒမဲဆန္ဒရှင်ဦးရေ ၆၀၀ ကျော်သာတိုးလာတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံကနေ သိရပါတယ်။ ပထမအကြိမ်မဲစာရင်းမှာ ပုံစံ ၃ နဲ့ လျှောက်ထားသူ ၆၉၅၅ ဦး၊ ပုံစံ (၄) နဲ့ ပယ်ဖျက်သူ ၄၃၆၅ ဦး၊ ပုံစံ (၄-ဂ) နဲ့ အချက်အလက်မှားယွင်းတဲ့အတွက် ပြန်လည်ပြင်ဆင်သူ...

စည်းရုံးရေးဆင်းရာမှာ အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီပြော

မော်ဦးမြာ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတဲ့အချိန်မှာ ပါတီခြား အမာခံလူထုတွေရဲ့ နှောင့်ယှက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ကယားပြည်နယ် ဒီမိုကရက်တီပါတီ KySDP မှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)မှ ကိုယ်စားလှယ်လောင်း ဦးစတီဗင်ထွန်းထွန်းက ပြောပါတယ်။ “ ၁ ရက်နေ့က ကျနော်တို့ ငှားသွားတဲ့ကားကို မူးယစ်ဆေးရောင်းတယ်ဆိုပြီးတော့ သတင်းမှားပေးပြန်ရော သတင်းမှားပေးတာကို...

ပြည်သူလူထုတွေ လင်းတဲ့လမ်းကိုဆက်လျှောက်ဖို့အတွက် ကောင်းတဲ့လူ၊ကောင်းတဲ့ခေါင်းဆောင်ကို ရွေးကြပါဆိုလာတဲ့ NLD ကိုယ်စားလှယ်လောင်း

စိုးထိုက်အောင် ပြည်သူလူထုတွေအနေနဲ့ ကျမကိုရွေးချယ်ပါလို့လည်း မပြောချင်ပါဘူး ၊ကျမပါတီကိုမဲထည့်ပေးပါလို့မပြောချင်ပါဘူး။ လင်းတဲ့လမ်းကိုဆက်လျှောက်လှမ်းနိုင်ဖို့အတွက် ခေါင်းဆောင်ကောင်းကိုရွေးချယ်ပြီး မဲထည့်ကြပါလို့ ဆိုလာတဲ့သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD) ဖရူဆိုမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် ဒေါ်ကြူကြူအောင်ပဲဖြစ်ပါတယ်။ “ ဒီအချိန်မှာ နိုင်ငံရေးအရေးကြီးတယ်နော်။ ဒီအချိန်မှာ လင်းတဲ့အချိန်မှာကောင်းကောင်းမွန်မွန်အေးအေးဆေးဆေးနဲ့လုပ်နေရတယ်၊ အေးဆေးစားနေရတယ်၊ အေးဆေးသွားနေရတဲ့အချိန်မှာ ဒီဟာကို နင်တို့အလေးမထားဘူးဆိုရင်အမှောင်ပြန်ကျမှာစိုးလို့ အဲ့ဒါကြောင့်မလို့ လင်းတဲ့လမ်းကိုဆက်လျှောက်ဖို့ဆိုရင်ဝိုင်းဝန်းကူညီပေးကြပါ။ ကိုယ့်ပါတီကိုပဲမပြောပါဘူး၊...

ပြည်နယ်မှာ NLD စတင်ဖွဲ့စည်းခဲ့ချိန်မှာပါဝင်ခဲ့ဖူးတဲ့ ၂၀၂၀ တိုင်းရင်းသားပါတီကိုယ်စားလှယ်လောင်း

စိုးထိုက်အောင် ၂၀၁၂ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုကယားပြည်နယ်မှာလာရောက်တည်ထောင်ခဲ့ချိန်ပါဝင်တည်ထောင်ပေးခဲ့သူ၊ တည်ထောင်ပြီးနောက်မှာကယားပြည်နယ်(NLD) ပါတီရဲ့ဗဟိုကော်မတီအဖွဲ့ဝင်အနေနဲ့ပါဝင်ခဲ့တဲ့ရှားတောမြို့နယ်၊ ဈေးပိုင်းရပ်ကွက်မှာနေတဲ့ဦးစိုင်းအုန်းမြင့်ကလာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲမှာတော့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) မှာရှားတောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ “ NLDကိုကျနော်တို့လူမျိုးစုကနေ ကျနော်တို့ဖွဲ့စည်းတာ။ ဒီကယားပြည်နယ်တစ် ပြည်နယ်လုံးမှာပေါ့နော်။အဲ့ဒီNLD ပါတီကို ပထမဆုံး ကျနော်တို့ထူထောင်တာ။” လို့ဦးစိုင်းအုန်းမြင့်ကပြောပါတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေဝင်ရောက်ယှဉ်ပြိုင်ရတာက ပြည်နယ်အခြေစိုက်ပါတီရဲ့လုပ်ပိုင်ခွင့်နဲ့ပြည်မကပါတီကြီးတွေရဲ့လုပ်ပိုင်ခွင့်ကမတူညီတဲ့အတွက်ကြောင့်ဖြစ်တယ်လို့သူကဆက်ပြောပါတယ်။ “ ဘာကြောင့်ပြည်နယ်ပါတီကို ကိုယ်ကစိတ်ဝင်စားသွားသလဲဆိုတော့ ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီရဲ့လုပ်ပိုင်ခွင့်နဲ့ အခုပြည်မကပါတီကြီးတွေရဲ့...

ရွေးကောက်ပွဲတွင် မိခင်ပါတီအား ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမည့် NLD အမတ် ဒေါ်ရှားမူ

ကရင်နီသူ NLD မှ အမျိုးသမီးအမတ် ဒေါ်ရှားမူအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မိခင်ပါတီအား ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒေါ်ရှားမူက ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကနေ ပြန်လည်မရွေးချယ်တော့တဲ့အတွက် ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒေါ်ရှားမူက ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ကို ကိုယ်စားပြုပြီးတော့ ကယားပြည်နယ် ဖရူဆိုမြို့နယ်...

ကယားပြည်နယ်မဲရုံများအတွက် အထူးရဲ ၂၀၀ ကျော်ခန့်အပ်

နော်ဒွေးအယ်ခူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း ကယားပြည်နယ်မဲရုံတွေအတွက် အထူးရဲတပ်ဖွဲ့အင်အား ၂၂၀ ဦးကို ခန့်အပ်ထားတယ်လို့ ကယားပြည်နယ်ရဲတပ်ဖွဲ့ (ပြည်နယ်ဦးစီးပထမတန်း) မှ ဒု-ရဲမှူးကြီးအောင်ကျော်မြင့်ကပြောပါတယ်။ “မဲရုံ ၂၂၀ ရှိတဲ့အတွက် အထူးရဲတပ်ဖွဲ့ကလည်း ၂၂၀ စုဆောင်းထားတာရှိတယ်။ မဲရုံတစ်ရုံကို အထူးရဲတပ်ဖွဲ့တစ်ယောက်စီ တာဝန်ပေးမယ်” လို့ ဒု-ရဲမှူးကြီးအောင်ကျော်မြင့်က ပြောပါတယ်။ ၂၀၂၀ ထွေထွေရွေးကောက်ပွဲအတွက် ပြည်နယ်တွင်းရှိ...

ငြိမ်းချမ်းရေလုပ်ငန်းစဉ်ဖော်ဆောင်သွားလိုတဲ့ လူငယ်အမျိုးသမီး ကိုယ်စားလှယ်လောင်း

စိုးထိုက်အောင် အသက် ၂၇ နှစ်အရွယ်သာ ရှိသေးတဲ့ မော်မိုးမြာက ပြည်နယ်အေးချမ်းဖို့နဲ့ လူထုတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့အတွက်က သူမရဲ့ ဟစ်ကြွေးသံပါ။ “ ငြိမ်းချမ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပါဝင်နိုင်ဖို့ ကျမအနေနဲ့ အရမ်းကို အာသီသ ပြင်းလှပါတယ်။ ကျမကို ကြိုးစားခွင့်ပေးပါ” လို့လည်း လူထုတွေကို တောင်းဆိုထားပါတယ်။ “အမရဲ့ရည်ရွယ်ချက်က ဒီလူငယ်၊...

ကယားပြည်နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဌ ဦးထွန်းအေးဟန် နှင့် တွေ့ဆုံခြင်း

စိုးထိုက်အောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)ပါတီဟာ ကယားပြည်နယ်အတွင်းမှာရှိတဲ့ မယ်ဆန္ဒနယ်အားလုံးမှာလည်း ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။ ၎င်းပါတီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ဥက္ကဌ ဖြစ်ပြီးတော့ ၂၀၁၉ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာစတင်တည်ထောင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။ ကယားပြည်နယ်မှာတော့ ၂၀၂၀၊ ဇွန်လ ၁ရက်နေ့မှာ ပါတီဝင် ၁၇ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ကယားပြည်နယ်ရဲ့ မယ်ဆန္ဒနယ်...

ရွေးကောက်ပွဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ပုံစံ ၃ (က) ဖြင့်မဲပေးနိုင်

အန်ထော်နီ မကြာမီကျင်းပပြုလုပ်တော့မယ့် အထွေထွေ ရွေးကောက်ပွဲမှာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိတို့ရောက်ရှိရာဒေသမှာ မဲပေးနိုင်ရေးအတွက် ပုံစံ ၃ (က) ဖြင့်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ “ ရွှေ့ပြောင်းအလုပ်သမားတွေက သူတို့က သူတို့နေထိုင်ခဲ့တဲ့ရွာတွေမှာ သူတို့နာမည်မဲစရင်းမှာမပါခဲ့ရင် ဒီမှာမဲထည့်ပြီးတော့ပေးလို့ ရတယ်ပေါ့နော်။ ပေးလို့ရတယ်ဆိုတာက ဒီမှာရက်ပေါင်း ၉၀ ကျော်နေထိုင်ခဲ့ပြီးပြီဆိုရင် နိုင်ငံသားစစ်ဆေးရေးကပ်ပြားပါခဲ့ရင်တော့ သူတို့အခုလက်ရှိလုပ်ကိုင်တဲ့နေရာမှာ အုပ်စုမှာ မဲစရင်းထည့်သွင်းပြီးတော့မှ...

၂၀၂၀ ခုနှစ်ဆီသို့ လျှောက်လှမ်းခြင်း

ဘိုထီး (ငွေတော်ပြည်) မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၇၀) နီးပါးကြုံတွေ့တဲ့အခက်အခဲရဲ့ အဓိကအကြောင်းအရင်းဟာ အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်ကြောင့်ပဲဖြစ်ပါတယ်။ အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်အများဆုံးရှိတဲ့ နိုင်ငံဟာ အခက်အခဲအများဆုံးကို ကြုံတွေ့ရပြီး အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက် အနည်းဆုံးရှိတဲ့နိုင်ငံဟာ အခက်အခဲအနည်းဆုံးကိုကြုံတွေ့ရတဲ့နိုင်ငံဖြစ်ပါတယ်။ ၁၉၆၂ခုနှစ်ကစပြီး ယနေ့ထိမြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲဟာ အုပ်ချုပ်ရေးအာဏာရရှိဖို့အဓိက ရည်ရွယ်ပြီး ပြုလုပ်တဲ့...

Latest news

- Advertisement -spot_img