ငွေတောင်ဆည်ရေခန်းခြောက်တာကြောင့် ဒီနှစ် နွေစပါးစိုက်ခင်းတစ်ဝက်ခန့်ကိုသာ ရေပေးနိုင်တော့မယ်

0
346

ဒီနှစ် ငွေတောင်ဆည်အတွင်းကို ရေဝင်နည်းတဲ့အတွက် ပုံမှန်ရေပေးဝေနေကျ နွေစပါးစိုက်ခင်းတွေရဲ့ တစ်ဝက်လောက်ကိုပဲ ရေပေးနိုင်တော့မယ်လို့ ကယားပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ် ဒု-ညွှန်ကြားရေးမှူး ဦးဝေလွင်က ပြောပါတယ်။

ဒီနှစ်မှာ မိုးနည်းတဲ့အတွက် ဆည်အတွင်း လုံလောက်တဲ့ရေပမာဏကို သိုလှောင်မထားနိုင်ဘူးလို့လည်း ပြောပါတယ်။