spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စိုက်ပျိုးကျောင်းမှာ လက်တွေ့ပညာသင်ကြားဖို့ သင်ထောက်ကူပစ္စည်းလိုအပ်

Author

Date

Category

စိုးထိုက်အောင်

ကယားပြည်နယ် ဒီးမော့ဆိုမြို့ငွေတောင်ရွာမှာရှိတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ကျောင်းသူကျောင်းသားတွေကို လက်တွေ့ ပညာသင်ကြားဖို့ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ သီးနှံကာကွယ်ရေးဌာန ဌာနမူး ဒေါ်စန်းစန်းနွယ်က ပြောပါတယ်။

၎င်းက “လိုအပ်တဲ့ပစ္စည်းတွေအနေနဲ့ကတော့ (Microscope) တွေဘာတွေေတော့ လိုပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ကျောင်းသားအားလုံးကို သင်ကြားပေးနိုင်ဖို့ကေတော့ (Microscope) ကတော့ အနည်းဆုံး ၁၀ခုလောက်ရှိမှ ဖြစ်မှာ တစ်ခုထဲပဲ ရှိတာဆိုတော့ သင်ကြားရေးမှာတော့ သိပ်ပီးတော့ အရမ်းကြီးတော့ အဆင် မပြေဘူးပေါ့။” လို့ပြောပါတယ်။

အဏုကြည့်မှန်ဘီလူး (Microscope)ဟာဆိုလျှင် သင်ကြာရေးအပိုင်းရဲ့ လက်တွေ့သင်ကြားရတဲ့ ဓါတ်ခွဲခန်းထဲမှ သီးနှံတွေထဲ ကျရောက်နေတဲ့ ပိုးမွားတွေကို ကြည့်ဖို့လိုအပ်နေတာဖြစ်ပါတယ်။
အခုလို သင်ထောက်ကူပစ္စည်းတွေ မလုံလောက်တဲ့အတွက် သင်ကြားရေးအပိုင်းမှာ ထိရောက်မှုမရှိဘူးလို့ သိရပါတယ်။ လယ်က နှစ်မိုင်ကျော်ဝေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သွားဖို့အတွက်ကတော့ သွားရေးလာရေးအတွက် နည်းနည်း အခက်အခဲရှိနေပါတယ်။

“လယ်ထဲကတော့ ကျောင်းနဲ့နည်းနည်း လှမ်းတာပေါ့နော် လှမ်းတဲ့အခါကျတော့ တစ်ခါတလေလဲ ကလေးတွေ ခြေကျင် သွားရတာမျိုးလဲ ရှိတယ်။ တစ်ခါတလေကျတော့ ဆရာမကြီးက စက်တွေစီစဉ်ပေးတာ တော့ ရှိတယ် ကလေးတွေအနေနဲ့ကျတော့ သွားရတာနည်းနည်း လှမ်းတာပေါ့ လယ်ကဝေးတဲ့အခါမှာကျတော့လေ။ ဒါပေမဲ့ပုံမှန်ကတော့ ဆရာမတို့စပါးစိုက်တဲ့အချိန်တွေလောက်ပဲ လယ်ထဲသွားရတာများတယ်၊ ပုံမှန်ကတော့ ဒီကျောင်းထဲက ကွင်းတွေမှာပဲ လက်တွေ့ဆင်းရတာများတယ် လယ်ထဲကိုတော့ အမြဲတန်းမသွားရဘူးပေါ့ သွားရတဲ့ အချိန်လေး တစ်ချက်ပဲ နည်းနည်းဝေးတော့ကျတော့ ကလေးတွေခြေကျင်သွားရတာ နည်းနည်းအခက်အခဲရှိတယ်” လို့ဆရာမ ဒေါ်သဲစုနိုင် ဆက်ပြောပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းတွေကို မနက် ၆နာရီခွဲကနေ ၈ နာရီထိကို စိုက်ပျိုးထားတဲ့ သီးနှံပင်တွေ ရေလောင်ပေးတာတွေ၊ ပေါင်းရှင်းပေးတာတွေ၊ မွေးမြူထားတဲ့ ကြက်၊ဝက်နွားတွေကို အစာကျွေးရတာတွေ၊ အပင်စိုက်တာတွေ စတဲ့လုပ်ငန်းတွေကို ကွင်းဆင်းပြုလုပ်ရပါတယ်။

ကျောင်းသူ/သားတွေ စိုက်ပျိုးထွက်ရှိတဲ့ အသီးအနှံတွေကလည်း ဈေးကွက်မဖော်ဆောင်နိုင်ဘူးလို့ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ သီးနှံကာကွယ်ရေးဌာန ဌာနမှုး ဒေါ်စန်းစန်းနွယ် ပြောပါတယ်။

“ဈေးကွက်အနေနဲ့ကတော့ အသင့်တင့်တော့ ရှိပါတယ်။ ဟင်းသီးဟင်းရွက် အနေနဲ့တော့ အရမ်းကြီးတော့ ဒီဘက်ဈေးကွက်မှာ တစ်အားကြီးတော့ မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်နိုင်တစ်ပိုင် Home Garden လိုမျိုးနဲ့တစ်နိုင်တစ်ပိုင် ကိုယ့်အိမ်မာပဲ စိုက်ပီးတော့စားကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ ဈေးကွက်အနေနဲ့ကတော့ နေပြည်တော်တို့လို၊ ရန်ကုန်၊ မန္တလေးတို့လို အရမ်းကြီးတော့မကောင်းပါဘူး ဒီဘက်မှာတော့ ။” လို့ ဒေါ်စန်းစန်းနွယ်က ပြောပါတယ်။

လက်ရှိကွန်ပြူတာလက်တွေ့သင်ကြာရေးအပိုင်းတွေမှာလည်း ကျောင်းသားလူဦးရေနဲ့ ကွန်ပြူတာလုံးရေနဲ့ပြည်နယ်နှင့်တိုင်း ၁၄ခုတွင် စိုက်သိပ္ပံကျောင်းပေါင်း (၁၄) ကျောင်းရှိပြီးတော့ ဒီးမော့ဆို စိုက်ပျိုးရေးသိပ္ပံကျောင်းကို ၂၀၁၄ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့ဝင်စတင်တင်ဖွင့်လှစ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် မတ်လမှာဆိုရင် စိုက်ပျိုးရေး ဒီပလိုမာဘွဲ့ ၅၄ ယောက်ကို စတင်ပေးအပ်ခဲ့ပြီး၊ ၂၀၁၉ ဖေဖော်ဝါရီလမာ ၈၅ ဦး ကိုပေးအပ်ခဲ့သည်။ ယခု ၂၀၂၀ ဖေေဖော်ဝါရီလ ၇ရက်ကနေ ၈ ရက်နေ့မှာတော့ ၁၂၃ ဦး ထပ်မံပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒီးမော့ဆိုစိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ဌာနအနေနဲ့(၈)ခုရှိပါတယ်။ ဥယဉ်ခြံသီးနှံဌာန၊ လယ်ယာသီးနှံဌာန၊ တိရစ္ဆာန်မွေးမြူရေးဌာန၊ သီးနှံကာကွယ်ရေးဌာန၊ ရုက္ခဗေဒ ဌာန၊ ဓာတုဗေဒဌာန၊ တောင်သူပညာပေးဌာနနဲ့စာပေဌာန တွေရှိပါတယ်။

spot_img
spot_img

Recent posts