spot_img
Friday, December 9, 2022
spot_img

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ရာသီတုတ်ကွေးနဲ့ ရေကျောက်ရောဂါ အဖြစ်များနေ

spot_imgspot_imgspot_imgspot_img

ကေးဒူ (ကန္တာရဝတီတိုင်း (မ်))

 ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ရာသီတုတ်ကွေး ဖြစ်ပွားနေကြပါတယ်။ ရာသီတုတ်ကွေးအပြင် ၁၂အောက် ကလေးငယ်တွေမှာ ရေကျောက်ရောဂါပါ အဖြစ်များတာ တွေ့ရတယ်လို့ ဆေးကုသပေးနေတဲ့ ကျန်းမာရေး ဆရာမတစ်ဦးက ပြောပါတယ်။

“အခုက ရာသီပြောင်းလဲကြောင့်ပေါ့နော်။ အဖြစ်များတာက တုတ်ကွေးနဲ့ ရေကျောက်ပေါ့နော်။ ရေကျောက်ရောဂါ အဖြစ်များတယ်။ အများအားဖြင့် တုတ်ကွေးခါကျတော့ လူကြီးကော ကလေးရောပေါ်နော်။ အကုန်လုံးတွေ့ရတာပေါ့နော်။ ဒါပေမယ့် ရေကျောက်ခါကျတော့ ၁၂ နစ်အောက် ကလေးတွေမှာ ပိုတွေ့ရတယ်”လို့ စစ်ရှောင်စခန်းမှာ ဆေးကုသပေးနေတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

 ပြီးခဲ့တဲ့ သြဂုတ်လ လကုန်ခါနီးကနေ စတင်ဖြစ်ပွားတာဖြစ်ပြီး ကလေးအပါအဝင် လူကြီးပါ အဖြစ်များကြတယ်လို့ သိရပါတယ်။ တခြားရောဂါတွေလည်း ဖြစ်နေတယ်ဆိုပေမယ့် အဓိက ဒီရောဂါ ၂ မျိုးက ပိုမို ဖြစ်ပွါးနေတယ်လို့ဆိုပါတယ်။

အဓိက ဆောင်းရာသီ ဝင်ခါနီး ရာသီကူးပြောင်းမှုကြောင့် နှာစေး၊ချောင်းဆိုး၊ ကိုယ်ပူတာတွေ ဖြစ်ပြီး ကလေးငယ်တွေမှာ အဖြစ်များကြတယ်လို့ ကလေးမိခင်တစ်ဦးက ပြောပါတယ်။

“ဘာကြောင့် ဖျားတာလည်းဆိုတော့ နေရာ ပြောင်းရွေ့နေရတာလည်း ပါတာပေါ့နော်။ ပြီးတော့ ရာသီဥတု ပြောင်းလဲလာခါကြတော့ အများအားဖြင့် နှာစေး၊ချောင်းဆိုး တာတွေဖြစ်တယ်။ နောက် သောက်သုံးရေတွေလည်း သိပ်မသန့်ရှင်းတော့ ယားနာတာတွေ အဖု၊အလုံးထွက်တာတွေ အများအားဖြင့် ကလေးတွေမှာ အဖြစ်များတယ်။ကလေး အယောက် ၂၀ လောက်မှာဆိုရင် ၁၀ ယောက် ၁၅ယောက်လောက် ခဏခန ဖျားကြတယ်”လို့ ကလေးမိခင် တစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်း တစ်ခုလုံးနီးပါး ဖြစ်ပွားနေကြပြီး အဟာရဓာတ် နည်းပါးလာမှုကြောင့် ကိုယ်ခံအား ကျဆင်းလာတာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အနီးအနားက ဆေးခန်းတွေ သွားမပြနိုင်တဲ့ အချိန်တွေမှာဆိုရင် အရေးပေါ် ဆေးတွေအဖြစ် ဒီဂိုဂျင် ၊ ပါရာစီတမောတို့ကိုသာ ဆောင်ထားရတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဆီးသူးတော်စစ်ဘေးဒုက္ခသည်စခန်းမှာ အရေးပေါ်ရိက္ခာတွေကို အသုံးပြုနေရပြီး မကြာခင် ရိက္ခာပြတ်လပ်လာနိုင်

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဆီးသူးတော်စစ်ဘေးဒုက္ခသည်စခန်းမှာ အလှူရှင်မရောက်တာ သုံးလကျော်ပြီဖြစ်တဲ့အတွက် အရေးပေါ်ရိက္ခာတွေကို အသုံးပြုနေရပြီး မကြာခင် ရိက္ခာပြတ်လပ်လာနိုင်တယ်လို့ စစ်ရှောင်စခန်းကော်မတီတစ်ဦးက ပြောပါတယ်။ လူဦးရေ ၁၀၀၀ကျော်နဲ့ အိမ်ခြေ ၁၆၀ ကျော်ရှိတဲ့ အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ ၆ အိမ်လောက်က စားဝတ်နေရေး ခက်ခဲတဲ့အတွက် စစ်ဘေးဒုက္ခသည်စခန်းမှာ...

KNDF တပ်ရင်း ၄က ရဲဘော် ဂျေရုမ်း မိုင်းနင်းမိရင်း ကျဆုံး

ကန္တာရဝတီတိုင်း(မ်) ဖရူဆိုမြို့တွင်းတစ်နေရာမှာ နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိတဲ့အတွက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း ၄မှ ရဲဘော် ဂျေရုမ်းဟာ ဒီဇင်ဘာလ ၄ရက်နေ့က ကျဆုံးသွားခဲ့ရပါတယ်။ ရဲဘော် ဂျေရုမ်းဟာ တပ်ရင်း(၄) တည်ထောင်တဲ့အတောအတွင်း ပထမဆုံး ကျဆုံးသွားတဲ့ ရဲဘော်ဖြစ်တယ်လို့ KNDF တပ်ရင်း...

ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စာသင်ကျောင်းတစ်ခုရဲ့ ကျောင်းဆင်းပွဲ

ကန္တာရဝတီတိုင်း(မ်) ဒီဇင်ဘာလ ၅ရက်နေ့က ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်ကျောင်းတစ်ကျောင်းမှာ ကျောင်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ကျောင်းသူ၊ကျောင်းသားတွေ ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်သားသမဂ္ဂအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။ အခုလိုကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ‌ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်တဲ့အကြောင်းကို ဆရာမတစ်ဦးက အခုလိုပြောပါတယ်။ "ကျောင်းဆင်းပွဲဆိုကျွန်မ လုံးဝမမျှော်လင့်ဘူး။ အရင်နှစ်ကျမတို့လုပ်တာမိဘ( ၁၀ )ယောက်တောင်မလာဖူးပါဘူး။ ဒီတစ်နှစ်ကျတော့ ကျမဘယ်လိုမှ ပြောမပြနိုင်တဲ့ပီတိကို ကျမခံစားရပါတယ်။ မိဘတွေအများကြီးတက်ရောက်လာတယ်...

လွိုင်ကော် ၅ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် တပ်ခွဲမှူးတစ်ဦးအပါအဝင် ၅ဦးသေဆုံး

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် လွိုင်ကော်မြို့ နယ်၊ ပါလောင်းကျေးရွာ နဲ့ ကျေးရွာဝန်းကျင်တွေမှာ နိုဝင်ဘာလ ၂၄ရက်နေ့မှ ၂၉ ရက်နေ့အတွင်း ၅ရက် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်း တပ်ခွဲမှူးတစ်ဦးအပါအဝင် ၅ဦး သေဆုံးခဲ့တယ်လို့...