အခွန်ပြေစာများ လက်ဝယ်ပိုင်ဆိုင်နိုင်ရန် လယ်ယာမြေ/ရေ အခွန်ဆောင် တောင်သူများ ဆန္ဒရှိနေ 

မူအက်စတာ

လယ်ယာလုပ်ကိုင်နေသော တောင်သူများထံသို့ လယ်ယာမြေ၌ သီးနှံအမှန်တကယ် စိုက်ပျိုးနေကြောင်း အထောက်အထားအနေနှင့် မြေခွန် လာရောက်ကောက်ယူရာတွင် မြေခွန်ပြေစာများ ပေးအပ်ရန် တောင်သူများက ဆန္ဒရှိနေကြသည်။

“ဒါကတော့ တောင်သူတွေရဲ့ အထောက်အထားပေါ့၊ တစ်ခုခုဖြစ်ရင် တောင်သူတွေက ဒါကိုင်ပြီး ပြရတာကော။ မှန်ကန်ကြောင်းပေါ့။ တောင်သူတွေအတွက် သက်သေအထောက်အထားတစ်ခုဖြစ်ပါတယ်” ဟု ဒေါငံရောက်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးပါတြိရှိုက ပြောပါသည်။

ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စုရှိ တောင်သူများထံ အခွန်ဌာမှ မြေခွန်၊ ရေခွန်လာရောက် ကောက်ယူရာတွင် မြေခွန်မှာ တန်ကြေးအလွန်နည်းသည့်အတွက် တစ်ဦးကသာ ဦးဆောင်တာဝန်ယူ စိုက်ထုတ်ပေးထားကြောင်း သိရသည်။ အခွန်မည်မျှပင်နည်းနေပါစေ တောင်သူများသည် အခွန်ဆောင်ပြီး ပြေစာရယူလိုနေပြီး မြေခွန်မှာ တောင်သူတစ်ဦးလျှင် ၃ ကျပ် ၅ မတ်ခန့်သာ ရှိမည်ဖြစ်ကြောင်း ဦးပါတြိရှိုက ဆက်ပြောသည်။

ငွေတောင်အုပ်စု ဒေါခလိုက်လင်းကျေးရွာတွင်လည်း ရေခွန်ကောက်ခံရာတွင် ယခင်ထက် တိုးပြီးကောက်ခံလာခြင်းနှင့် ပုံစံများပြောင်းပြီး ကောက်ခံလာနေကြောင်း သိရသည်။

ကယားပြည်နယ်ရှိ လယ်ယာစိုက်ခင်းတစ်ခုတွင် စပါးရိတ်သိမ်းနေသော မြင်ကွင်း(ဓါတ်ပုံ-စို်င်းလင်းလင်းဦး)

“အရင်တုန်း ကျလာတာနဲ့ တစ်ကျပ်နှစ်ကျပ် စသည်ဖြင့် ကောက်ခံတာပေါ့နော် လွန်ခဲ့တဲ့ လေး၊ ငါးနှစ်ကလောက်နေစပြီးတော့မှ ကျနော်တို့ တစ်အိမ်ကို ၁၉၅ဝ ကျပ်နဲ့ ကောက်ခံလာတယ်။ နောက်ပြီးတော့ ဒီကွက်ပြီးတော့ ကောက်တာကို ကြားတယ်ပေါ့နော် တချို ့လယ်တွေကတော့ မဆောင်ရဘူးပေါ့နော် တချို့လယ်တွေကျတော့ အခုလို တိုးပြီးဆောင်ရတယ်ဆိုတော့ ဘာကြောင့် အဲ့လို တိုးပြီးတော့ ကောက်တာလဲပေါ့နော်” ဟု ဒေါခလိုက်လင်းမှ ဦးကိုင်းရီက ပြောသည်။

ယခင်က ရေခွန်များ ကောက်ခံရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကောက်ခံပေးပြီး ရုံးသို့သွားရောက်ပေးဆောင်ရကြောင်း သိရသည်။

“အရင်တုန်းကဆို ကျေးရွာမှာ ရှိတဲ့ လူကြီး ဥက္ကဌပဲဖြစ်ဖြစ်ပေါ့နော် စိုက်ပျိုးရေးဌာနကနေတဆင့် ဆည်မြောင်းဦးစီးရေးဌာနကနေ ပေးပို့လာပြီးတော့မှ ကျေးရွာမှာရှိတဲ့ လူကြီးဥက္ကဌတွေကို လိုက်ကောက်ပေးတယ် သူတို့က အကျိုးဆောင်ပေးတာပေါ့နော်။ ကောက်ပေးပြီးတော့မှ ရလာတဲ့အခွန်ငွေတွေကို ရုံးကို သွားပို့ပေးတယ် သီးသန့်လူလိုက်ကောက်ပေးမယ့်လူ၊ ကျေးရွာထိလိုက်ကွင်းဆင်းပြီးကောက်မယ့်လူ အဲ့လိုလူတွေ လိုက်ကောက်တယ်ပေါ့နော၊ အဲ့လိုခါကျတေ့ာ ကျနော်တို့ တောင်သူအနေနဲ့ တဆင့်ပြီးတဆင့် မတော်လို့များ သူတို့အတွက် လုပ်အားခဘဲဖြစ်ဖြစ် အခွန်စနစ်ကို သူတို့ဆောင်ပြီးတော့မှ ဒီကဟာကိုကောက်တာလားဆိုပြီးတော့မှ တောင်သူအနေနဲ့ သံသယတွေ ဖြစ်နေတာပေါ့နော် နောက် ကျွန်တေ်ာတို့ သက်ဆိုုင်ရာ အစိုးရကနေပြီးတော့မှ ကျနေ်ာတို့ လူထုကို ပွင့်ပွင့်လင်းလင်းနဲ ့ ရှင်းပြပေးနိုင်ရင်တော့ ဒါ သံသယတွေ ကင်းရှင်းသွားတာပေါ့နော် ”ဟု ဦးကိုင်းရီက ဆက်ပြောပါသည်။

ပေးဆောင်ရသည့် အခွန်ပြေစာသည်လည်း ယခင်ကနှင့် မတူခြင်း၊ ယခင်က ၁ ကျပ် ၂ ကျပ်သာ ပေးဆောင်ခဲ့ကြရာမှ ယခု ၂၀၀ဝ ကျပ်နီးပါး တဟုန်ထိုးတက်လာခြင်းကိစ္စကိုလည်း တောင်သူများက ရှင်းရှင်းလင်းလင်း သိရှိလိုနေကြသည်။

Comments

comments

Next Post

တန်ဖိုးထားမှုနဲ့ ယှဉ်တွဲတဲ့ ခေတ်ဟောင်းရိုးရာဆင်ယင်မှု(သို့မဟုတ်) ဒေါလဲဒူ ကယားအမျိုးသမီးများ

Thu Nov 16 , 2017
ဖဲဘူးရေးသားသည်။ ရှားတောက ဒေါလဲဒူ လို့ခေါ်တဲ့ ကယားလူမျိုးတွေနေထိုင်တဲ့ကျေးရွာဟာ လွိုင်ကော်ကနေ ရှားတောမြို့ကိုသွားတဲ့ လမ်းမကြီးဘေးမှာ တည်ရှိပါတယ်။ တောင်ထိပ်ပေါ်မှာ တည်ရှိတာကြောင့် ညနေစောင်းဆိုရင် ချမ်းစိမ့်စိမ့်နဲ့ အေးမြတဲ့ရာသီဥတုကို နှစ်သက်သူတွေအတွက်ကတော့ သဘောတွေ့မှာအမှန်ပါ။ ရှားတောမြို့နယ်ဟာ အရင်က စစ်အစိုးရလက်ထက်မှာ အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရပါတယ်။ အဲဒီကဒေသခံတွေဟာ စစ်ဘေးအန္တရာယ်ကနေ ရှောင်ပြေးကြရင်း ဟိုရွှေ့ဒီရွှေ့နဲ့ ပြောင်းရွှေ့ခဲ့ကြရတာပါ။ တိုင်းပြည်တည်ငြိမ်လာဲ့အခါ နေရင်းရွာတွေမှာ ပြန်လာနေကြပြီး တောင်ယာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ကြတာဖြစ်ပါတယ်။ ဒီ ၂၁ ရာစု ခေတ်ကြီးထဲမှာ အရာရာဟာ တိုးတက်ပြောင်းလဲလာသလို လူတွေရဲ့ နေထိုင်ပြုမှုပုံစံဟာ ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲလာပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးမှု နောက်ကျနေသေးတဲ့ ဒေါလဲဒူရွာမှာတော့ ရှေးကယားတွေရဲ့ နေထိုင်မှုပုံစံတွေကို တွေ့မြင်နေရပါသေးတယ်။ ထူးခြားတာက ဒေါလဲဒူကျေးရွာမှာ […]