ရေကာတာ စီမံကိန်းများ အကောင်အထည်ပေါ်လာပါက ကျေးရွာ ၂ဝ ကျော်၏အနာဂတ် ထိခိုက်နိုင်ဟုဆို

ဦးမြာ

ကယား(ကရင်နီ) ပြည်နယ်တွင် ရေကာတာ ၃ခု ဆောက်လုပ်မည့် စီမံကိန်း အပေါ်၊ တက်လာသော အစိုးရသစ်မှ ပွင့်လင်းစွာ ချပြစေလို ကြောင်း နှင့် အကယ်၍သာ စီမံကိန်းများ အကောင် အထည်ပေါ်လာပါက ကျေးရွာ ၂ဝ ကျော်ခန့် ထိခိုက်နိုင်ကြောင်း အနာဂတ်သံလွင် အဖွဲ့မှ ဒါရိုက်တာ ဒေါ်နှင်းရီကပြောသည်။

“လုံးဝကိုကျွန်မတို့ စိုးရိမ်တယ် ကျွန်မတို့ နိုင်ငံခေါင်းဆောင် အနေနဲ့ဆိုရင် ဒီကိစ္စကိုဖြေရှင်းလို့ရမယ်။ ပြည်သူတွေ       စိတ်ချလောက်တဲ့ စကားလေးတစ်ခွန်းလောက်တော့ ပြောသင့်တယ်” ဟုပြောသည်။

လက်ရှိတွင် ရေကာတာစီမံကိန်းမှာ တည်ဆောက်ရန် ရေမြေအနေထား တိုင်းတာမှု ကို ပြည်ထောင်စုအစိုးရက   ခွင့်ပြုထားသည့် အဆင့်တွင်သာ ရှိနေပြီး တည်ဆောက်မှုဖြစ်၊မဖြစ်ကို မူ ဒေသခံ ပြည်သူများနှင့် ပြည်ထောင်စုအစိုးရအပေါ်တွင်       မူတည် ကြောင်း ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမော်မော်ကပြောသည်။

“သူတို့ကို ပေးလုပ်တာမလုပ်တာသည် ဒါ ပြည်သူတွေနဲ့ ပြည်သူတွေက တင်လိုက်တဲ့ အစိုးရရဲ့ သဘောပါ။” လို့ ဦးမော်မော်ကပြောသည်။

သံလွင်မြစ်ကမ်းဘေးတလျောက် တွင် ဒေသခံ ကျေးရွာပေါင်း ၂ဝ ကျော်ခန့်ရှိနေပြီး ၎င်းတို့မှာ သံလွင်မြစ်ဘေးတလျောက်ရှိ   နှုန်းမြေများကို အမှီပြုပြီးစိုက်ပျိုး လုပ်ကိုင်ကြသူများဖြစ်သည်။ ရေကာတာစီမံကိန်းကြီး ဖြစ်တည်လာပါက ၎င်း ကျေးရွာ ၂ဝ     ကျော် ၏ အနာဂတ်အတွက် စိုးရိမ်ရမည့်အနေထားသို့ ရောက်သွားနိုင်ကြောင်း ဒေါ်နှင်းရီကဆက်ပြောသည်။

“သူတို့ရဲ့ အနာဂါတ် သူတို့ရဲ့ စားဝတ်နေရေးက လုံးဝကိုပျောက်သွားမယ် ဘာလို့လဲဆိုတော့ ကျွန်မတို့ဒေသဘက်က လူတွေက တောသူတောင်သားတွေပါ”ဟုပြောသည်။

မီဂါဝပ် ၄,၀၀ဝ ထုတ်လုပ်ရန် လျာထား သော သံလွင်မြစ်ပေါ်ရေကာတာ၊ မီဂါဝပ် (၁၃၀) ထုတ်လုပ်နိုင်သော  ပွန်ချောင်းပေါ်ရှိ ရေကာတာ၊နှင့် မီဂါဝပ် ၁၁ဝ ထုတ်လုပ်နိုင်သော သဘက်ချောင်းရေကာတာ တို့ကို တည်ဆောက်ရန် ယခင်အစိုးရက ၂၀၁ဝ ခုနှစ်တွင် တရုတ်နိုင်ငံ ဒါတန်းကုမ္ပဏီနှင့် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

ယခင်အစိုးရလက်ထက်တွင် သံလွင်ရေကာတာစီမံကိန်းနှင့် ပတ်သက်ပြီးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာတုန့်ပြန်မှု မရှိခဲ့ပေ။

 

Comments

comments

Next Post

အားနည်းချက်ပေါင်းများစွာနဲ့ ကယားပြည်နယ်ရဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကြီး

Sun Jul 24 , 2016
#စိုင်းလင်းလင်းဦး အုပ်ချုပ်ရေး(အစိုးရအဖွဲ့)၊ ဥပဒေပြုရေး(လွှတ်တော်များ)န့ဲ တရားစီရင်ရေး(တရားရုံးချုပ်) စတဲ့ မဏ္ဍိုင်ကြီး သုံးခုဟာ မဏ္ဍိုင်တစ်ခုတည်းက လုပ်ပိုင်ခွင့်အာဏာတွေ အလွန်အကျူး မယူနိုင်အောင် အချင်းချင်း ထိန်းညှိ ထိန်းကျောင်း(Check and Balance) လုပ်တယ်ဆိုတာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်းက လက်ခံထားတဲ့ အရာဖြစ်ပါတယ်။ မဏ္ဍိုင်အသီးသီးဟာ မျှတတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ပိုင်ဆိုင်ထားကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းနှင့် ပြည်နယ် (၁၄) ခုထဲမှာ ကယား(ကရင်နီ)ပြည်နယ်လွှတ်တော်ကနေ ဥပဒေပြုနိုင်မယ့် (၁၀) ဦးသာရှိတဲ့ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မပါ)ဟာ    အခြား  တိုင်းနှင့် ပြည်နယ်နဲ့ ယှဉ်ရင် အရေအတွက် အနည်းဆုံးပါပဲ။ ကယားပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် (၇)မြို့နယ်အတွက် ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၄)ဦးရှိတဲ့အနက် […]