spot_imgspot_imgspot_imgspot_img
Tuesday, April 30, 2024
spot_imgspot_imgspot_imgspot_img

ထိုင်းနိုင်ငံ၊ ကယန်းသာယာကျေးရွာမှာ တံခွန်တိုင်ပွဲ ကျင်းပပြုလုပ်

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ နန်းဆွယ်ကျေးရွာရှိ ကယန်းသာယာရွာမှာ တံခွန်တိုင်ပွဲကို ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်သွားပါတယ်။

တံခွန်တိုင်ပွဲကို ကျေးရွာအတွင်းမှာ မကျင်းပနိုင်တာ ဆယ်နှစ်ကြာရှိခဲ့ပြီး ယခုနှစ်မှာတော့ စုပေါင်းပြီး ပြန်လည်ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တံခွန်တိုင်ပွဲမှာတော့ ကြက်ရိုးထိုးတာတွေ၊ ရိုးရာအက ကတာတွေနဲ့ ပြုလုပ်ခဲ့ပြီး ကျေးရွာ ၄ ရွာမှ လူဦးရေ စုစုပေါင်း ၂၀၀ ကျော် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

spot_img
spot_img