စိုင်းလင်းလင်းဦး လုပ်ငန်းခွင်အကြိုဆရာအတတ်သင်ပညာဒီပလိုမာသင်တန်းကျောင်းသည် အမှတ်များသူကို ဦးစားပေးခေါ်ယူသည့်စနစ်ကြောင့် ပမာဏရွေးချယ်စာရင်းတွင် နယ်ခံဒေသစုံမပါလာကြောင်း ဘော်လခဲမြို့နယ်မှ လျှောက်ထားသူ ဒေသခံတစ်ဦးက ပြောသည်။ “ဒီဒေသဖက်က ဆယ်တန်းအောင်ကလေးတွေက ဆရာဖြစ်သင်တန်းလျှောက်တာ မပါကျဘူး။ ပြည်မဖက်က လာလျှောက်တာတော့ ပါကြတယ်လို့ကြားတယ်။ အမှတ်စနစ်နဲ့သာ လုပ်လို့ကတော့ ဒီဖက်က ကလေးတွေ တစ်ယောက်မှတောင် ပါမှာမဟုတ်ဘူး။ သူတို့ပညာရေးအဆင့်က နှိပ်တယ်လေး သူများနဲ့ အမှတ်ချင်းယှဉ်မယ်ဆိုရင် ပါနိုင်တော့မှာမဟုတ်ဘူး။” ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။ လုပ်ငန်းခွင်အကြိုဆရာအတက်သင်ပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၂၁/၁၆) ပထမနှစ် သင်တန်းတက်ရောက်ရန် ပမာဏရွေးချယ်သည့် လူစာရင်း၌ ခေါင်ပါးသည့်ဒေသမှ လျှောက်ထားသူအချို့ ပါဝင်လာခြင်းမရှိခြင်းကြောင့် ဝေဖန်နေကြခြင်းဖြစ်သည်။ သင်တန်းတက်ရောက်ရန် ပမာဏရွေးချယ်ထားသည့် လူစာရင်းအား အမှတ်စနစ်ဖြင့် ပြည်ထောင်စုအဆင့် အဆင့်မြင့်ပညာဦးစီးဌာနမှ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ကယားပြည်နယ်ပညာရေးရေးမှူးရုံးထံမှသိရသည်။ […]

ထျိုးမြာ ယခုနှစ် နေပြည်တော်မှာကျင်းပခဲ့တဲ့ ၂၂ ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ မောင်ကျော်သီဟနှင့် တွေ့ဆုံမေးမြန်းခဲ့သည်ကို ကောက်နုတ်တင်ပြထားပါတယ်။ မေး။ ။ မောင်းလေးက တယောကို ဘယ်အချိန်က စတီးခဲ့တာလဲ။ ဖြေ။ ။ ကျနော်တယောတီးတာကတော့ ခုနှစ်တန်း၊ ရှစ်တန်းလောက်ကတည်းက စတီးခဲ့ပါတယ်။ ကျနော်တို့ကို ကသလစ်ဘုရားကျောင်းတို့မှာ သင်ပေးတယ်။ နှစ်ခြင်းက ဆရာတွေလည်း သင်ပေးတယ်။ နောက်ပိုင်းကျရင် ကျင့်ရင်းနဲ့ပေါ့နော။ ဆရာတွေကိုတွေ့ရင်လည်း ဟိုနားမေး ဒီနားမေးရင်းနဲ့ ကျင့်ခဲ့ပါတယ်။ မေး။ ။ ဒီကျောင်းမှာ တယောပြိုင်ပွဲကို ဘယ်လိုစဝင်ပြိုင်ဖြစ်ခဲ့တာလဲ။ ဖြေ။ ။ ကယားပြည်နယ်အဆင့်ကျောင်းတွေမှာ ဝင်ပြိုင်ခိုင်းတော့ဝင်ဖြစ်သွားတာပေါ့နော။ အဲ့ဒီမှာပထမရခဲ့တယ်။ ပြီးတော့ ဗဟိုအဆင့်အထိ […]

ထျိုးမြာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ မြို့မအုပ်စု၊ ငူးပလော့ရပ်ကွက်အလယ်ရှိ စစ်တပ်လုံခြုံရေးတပ်စခန်းအား ပြန်လည်ရုပ်သိမ်းပေးရန် ဒေသခံများက ဒေသကွပ်ကဲမှူးစစ်ဌာနချုပ် (ဒ.က.စ)နှင့် ကယားပြည်နယ် လွတ်တော်ဥက္ကဌထံတွင် စာတင်ထားကြောင်း သိရသည်။ ၂၀၀၅-၂၀၀၆ခုနှစ်ဝန်းကျင်တွင် နိုင်ငံရေးအခြေနေအရ ရပ်ကွက်တွင်းလုံခြုံရေး တပ်စခန်းချထားရန် (ဒ.က.စ) မှ လာရောက်တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် နယ်မြေဒေသလုံခြုံအေးချမ်းနေပြီဖြစ်၍ တပ်စခန်းကို ဖျက်သိမ်းပေးရန် ဒေသခံများမှ အလိုရှိနေကြခြင်းဖြစ်သည်။ “ စာပေါ်မှာအဓိက တင်ထားတာကတော့ ရပ်ကွက်အတွင်းမှာရှိတာက မသင့်တော်ဘူးပေါ့။ နောက် တပ်စခန်းတွေရှိတဲ့ မြေယာပေါ်မှာလည်း ရပ်ကွက်နေပြည်သူတွေက အိမ်တွေဆောက်ချင်ပြီပေါ့။ သူတို့နေရာကို ပြန်ဖယ်ပေးဖို့ပေါ့။ နောက်တစ်ခုက ငြိမ်ချမ်းရေးတည်ဆောက်နေတဲ့ ကာလဖြစ်တဲ့အတွက် ဒါတွေက မလိုအပ်တော့ဘူးပေါ့။ အဲ့ဒါတွေ ပြောချင်တာ ” ဟု ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ […]

ဂျိုးဇက် ကြွက်များကြောင့် သီးနှံများပျက်ဆီးသွားခဲ့ကြသည့် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်အုပ်စုတွင်းရှိ ဒေသခံများအား ကုမ္ပဏီတချို့နှင့်အလှူရှင်များက ငွေနှင့်အစားအသောက် အဝတ်အစားများ ထောက်ပံ့ခဲ့ကြသည်ဟု ၎င်းအုပ်စုမှ ဥက္ကဌ ဦးသိုင်းကျော်လှက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လပိုင်းမှစပြီး စပါးအနှံစတင်ထွက်သည့်အချိန်တွင် ကြွက်များ ဖျက်ဆီးခံလိုက်ရသည်အတွက် ဒေသခံများ အခက်အခဲကြုံတွေ့ခဲ့ကြရခြင်းဖြစ်သည်။ “ရွာတိုင်း ပျက်ဆီးသွားပါတယ်။ လေဒူခေါင် တစ်ရွာတည်းမှာတောင် ဧက ၈ဝ လောက် ဖျက်ဆီးခံရတယ်။ ဘေးကကျေးရွာတွေ မပါသေးဘူး။ အစက ပြောင်းဖူးပင်ကို အရင်ဆုံးဖျက်တယ်။ ပြောင်းဖူးကုန်တော့ စပါးပင် ထပ်မံ ဖျက်ဆီးတယ်။” ဟု ဦးသိုင်းကျော်လှက ပြောသည်။ ကြွက်များကြောင့် ပျက်စီးသွားသည့်သီးနှံများမှာ စပါး၊ ငရုတ်သီး၊ သခွားသီး၊ ဖာလာ နှစ်ရှည်ပင်များ စုစုပေါင်း […]

ထျိုးမြာ အခြေခံပညာကျောင်းသူကျောင်းသားများကို ကျောင်းထွက်စေနိုင်သည့် မည်သည့်ဖိအားမျှ မပြုလုပ်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။ “ကျောင်းသားကျောင်းသူကို ကျောင်းတက်မှန်အောင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို နားလည်သဘောပေါက်အောင် ပြုစုပြိုးထောင်ရမှာ ဖြစ်သလို ကျောင်းသားကျောင်းသူတွေကို ရိုက်ပြီးတော့ဆုံးမမှ သူကိုနာကျင်စေပြီးတော့မှ စိတ်ဓာတ်ပိုင်းဆိုင်ရာ နာကျင်စေပြီးမှ ဆုံးမတာမျိုးရှောင်ရှား ဖို့လိုတယ် ” ဟု ဝန်ကြီးက ပြောသည်။ ပြည်ထောင်စု ဝန်ကြီးက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ ပြည်နယ်အတွင်းရှိ ပညာရေးဆိုင်ရာဌာနများနှင့် ကျောင်းဆရာ/မများနှင့် တွေ့ဆုံခဲ့စဉ် ပြောကြား သွားခဲ့ခြင်းဖြစ်သည်။ ယခုပညာသင်နှစ်အပါအဝင် နှောင်နှစ်များတွင်လည်း ကျောင်းအပ်ထားပြီးသောကလေးများကို မည်သည့်အကြောင်းပြချက်ဖြင့်မှ ကျောင်းမထွက်ရန်အတွက် ဦးစားပေးဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီးက […]

ထျိုးမြာ (၁၈)ကြိမ်မြောက်လွိုင်ကော်တက္ကသိုလ်ဘွဲ့နှင်းသဘင် ပေးအပ်ပွဲကို ၂၀၁ရ ခုနှစ် ဖေဖော်ဝါရီလကုန် (သို့မဟုတ်) မတ်လ,လဆန်းလောက်တွင် ကျင်းပမည်ဖြစ်သည်ဟု လွိုင်ကော်တက္ကသိုလ်မော်ကွန်းထိန်း ဦးမြင့်ဗိုလ်က ကန္တရဝတီတိုင်း(မ်)သို့ပြောသည်။ “ခန့်မှန်းထားတာက နှစ်လပိုင်းလကုန်(သို့)သုံးလပိုင်းလဆန်း အဲ့ဒီရက်တွေမှာလုပ်မယ်။ ပြီးတော့ ဆရာတို့ကယားဒေးပတ်ဝန်းကျင်ရက်ကို ရှောင်တဲ့အတွက်ကြောင့်မလို့ တစ်လပိုင်းကလုံးဝမဖြစ်နိုင်ဘူး။” ဟု မော်ကွန်းထိန်းက ပြောသည်။ လွိုင်ကော်တက္ကသိုလ်ဘွဲ့နှင်းသဘင်ကို ၂၀၁၁-၂၀၁၂ ခုနှစ် ပညာသင်နှစ်မှစပြီး လေးနှစ်ကြာ သင်ယူအောင်မြင်သွားသည့်သူများအတွက် ကျင်းပမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ခုနှစ်မှစကာ ဘွဲ့နှင်းသဘင်အချိန် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ယခင်က ဒီဇင်ဘာလတွင် ဘွဲ့နှင်းသဘင်ကျင်းပလေ့ရှိသော်လည်း ၂၀၁၅ ခုနှစ်မှ စတင်ကာ ဘွဲ့နှင်းသဘင်ကျင်းပမည့် နေ့ကို ပြောင်းလဲကျင်းပခဲ့သည်။ ယခုနှစ်အောင်စာရင်းကို နိုင်ဝင်ဘာလ(၁၆)ရက်က ထုတ်ပြန်ကြေညာထားခဲ့ပြီး လွိုင်ကော်တက္ကသိုလ်၏ အောင်ချက်မှာ ပျမ်းမျှ ၉၆ ရာခိုင်နှုန်း […]

မူအက်စတာ ကယားပြည်နယ်တွင်းရှိ တောင်သူအများစုမှာ ပြောင်းဖူးများကို စိုက်ပျိုးနေကြသူများဖြစ်ရာ ယခုကဲ့သို့ ဈေးကွက်မရှိသည့်အခြေအနေသည် တောင်သူများအတွက် ခက်ခဲသည့် ကာလတစ်ခု ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်များက ပြောင်းဖူးများစိုက်ပျိုးကြပြီး ပြောင်းဖူးဈေးကောင်းရကြသဖြင့် ယခုနှစ်တွင် လည်း ပြောင်းဖူးဈေးကောင်းလိမ့်မည်ဟု တောင်သူများက ယူဆခဲ့ကြပြီး ပြောင်းမျိုးများကို တိုးချဲ့စိုက်ပျိုးကြရာတွင် ဈေးကွက်အခြေအနေ မတည်ငြိမ်ခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ တောင်သူများမှာ နွေနှောင်း-မိုးဦးရာသီတွင် အကောင်းဆုံးဖြစ်မည်ဟု ယူဆကြသည့် ပြောင်းမျိုးစေ့များကို အလုအယက်ဝယ်ယူကြပြီး စိုက်ပျိုးခဲ့ကြသည်။ အချို့မှာ တစ်ကြိမ်စိုက်ပျိုးပြီး မိုးမရခြင်း၊ အပင်ပေါက်မကောင်းခြင်း စသည်တို့ကြောင့် နှစ်ခါပြန်စိုက်ပျိုးခဲ့ကြရသည်။ အချို့ တောင်သူများတွင်မူ စိုက်ပျိုးချင်ကြသော်လည်း အရင်းအနှီးမလုံလောက်၍ အတိုးများဖြင့် ချေးငွေများချေးယူကြပြီး ပြောင်းများ စိုက်ပျိုးခဲ့ကြရသည်။ သို့သော် ယခုကဲ့သို့ တစ်နိုင်ငံလုံး ပြောင်းဈေးများ […]

ထျိုးမြာ ကယားပြည်နယ် လွိုင်ကော်မြို့မှ သာစည် ဘူတာသို့ ပြေးဆွဲနေသောမီးရထားမှာ တစ်ရက်လျှင် ကျပ်သုံးသိန်းခန့် အရှုံးပေါ်နေသောကြောင့် ရပ်နားရန်အခြေအနေရှိသည်ဟု လွိုင်ကော်ဘူတာရုံမှ ဒုတိယရုံပိုင် ဦးမင်းမင်းဦးက ပြောသည်။ “လက်ရှိမှာ အရှုံးပေါ်နေလို့ ရပ်လိုက်ဖို့အခြေအနေရှိတယ်။ တစ်ရက်တစ်ရက်ကို သုံးသိန်းလောက်ရှုံးတယ်။ ပြည်နယ်အစိုးရက ခွင့်ပြုရင် ဖြုတ်ဖို့ရှိတယ် ” ဟု ၎င်းကပြောသည်။ သာစည်အထိသာရောက်သည့် အမှတ် (၁၄၈)အစုံ လွိုင်ကော်- သာစည်မီးရထားသည် သွားလာသည့် ခရီးသည် မရှိတော့သဖြင့် အရှုံးပေါ်နေရခြင်းဖြစ်သည်။ “ ခရီးသည်တွေကမရှိဘူး။ တစ်ရက်ကို သုံးယောက်နှုန်းလောက်တောင်မရှိဘူး။ လမ်းစရိတ်ပြတ်တဲ့သူတွေပဲ လာစီးတယ် ”ဟု ဦးမင်းမင်းဦးကပြောသည်။ ပြည်နယ်အစိုးရအနေနှင့် ရပ်ရန်ခွင့်ပြုပါက ရုံးချုပ်အနေနှင့် ရပ်စဲထားရန်ရှိသော်လည်း ဝန်ထမ်းများ သွားရေးလာရေး အဆင်ပြေစေရန်နှင့် စက်ပစ္စည်းအင်္ဂါရပ်နှင့်အညီရှိစေရန်အတွက် […]

ထျိုးမြာ ၂၀၁ရ ခုနှစ် ဧပြီလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကယားလူမျိုးစုဒီမိုကရေစီပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီနှင့် ကယန်းအမျိုးသားပါတီ သုံးပါတီပူးပေါင်းပြီး မဟာမိတ်ပါတီများအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းတစ်ဦးကို ဒေသခံလူထုနှင့် ပူးပေါင်းပြီး ရွေးချယ်ခဲ့ကြသည်။ “သုံးပါတီပေါင်းပြီးတော့မှ ကိုယ်စားလှယ်တစ်ဦးရွေးချယ်ပြီးတင်သွင်းဖို့ ကျနော်တို့သဘောတူညီမှုရခဲ့ကြတယ်။ အဲဒီအပေါ်မှာလည်း ကိုယ်စားလှယ်တွေအနေနဲ့ အားလုံးဝိုင်းရွေးတဲ့အချိန်မှာတော့ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီထဲက ကိုသဲရယ် က အရွေးခံရပြီးတော့မှ ကို်ယ်စားလှယ်လောင်းအဖြစ်လျာထားခံရတယ်ပေါ့။ ဆိုတော့ ကိုသဲရယ်ကို ရွေးချယ်တဲ့နေရာမှာ ကျနော်တို့သုံးပါတီလုံးရဲ့သဘောထားဖြစ်ပါတယ်။ ကျနော်တို့သုံးပါတီလုံးကနေပြီးတော့မှ သူ့ကိုပဲ ဝိုင်းဝန်းပံ့ပိုးကြမှာဖြစ်ပါတယ် ” ဟု ကယန်းအမျိုးသားပါတီ ဥက္ကဌခွန်းဘီထူးက ပြောသည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကယားပြည်နယ်လွှတ်တော် ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)နေရာတွင် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရရှိသွားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသိုးရယ် ကွယ်လွန်သွားသည့်အတွက် ၎င်းလစ်လပ်သွားသည့်နေရာတွင် […]

လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာတချို့မှ တင်ပြလိုသည့် အခက်အခဲများ ထေးငှားလျားရွာ မှ ဦးစိုးရယ် …………………………………. “ရွာမှာက အခု တစ်ခုရှိတာက ကေဘယ်ကြိုးမြှပ်တာပေါ့။ အဲဒါကို ကန့်ကွက်တဲ့သူ တစ်ချို့ရှိနေတယ်။ ပြီးတော့ တာဝါတိုင်ထောင်တာလည်း ကန့်ကွက်သူ တစ်ချို့ရှိတယ်။ ကျနော်တို့ တစ်ရွာလုံးရဲ့ သဘောထားကို ကောက်ယူတော့ ကေဘယ်ကြိုးက ထောက်ခံသူတွေပိုများပြီးတော့ ဆက်သွယ်ရေး တာဝါတိုင်ကိုကျတော့ ကန့်ကွက်တဲ့သူ ပိုများတယ်။ သူတို့ ကန့်ကွက်တာက သူတို့စက်နဲ့လုပ်တော့ စက်သံက ဆူညံလွန်းတယ် အဲဒီတစ်ချက်ကြောင့်ပါ။ ရှမ်းပြည်နယ်ကနေ လုပ်ပြီး ကျနော်တို့ရွာကို ဖြတ်ဆင်းတာပါ။ ကျနော်တို့ တစ်ခေါက် နှစ်ခေါက်လောက် ညှိပေးပြီးတော့ ဒီနေ့ သူတို့ အပြီး လုပ်နေတယ်။ ကေဘယ်ကြိုးက ထောက်ခံသူတွေများတော့ သူတို့အပြီးလုပ်လိုက်တာပါ […]