spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဝန်ကြီးချုပ်ဟောင်းကို စွပ်စွဲပြစ်တင်ပြီးပြန်လည်နုတ်ထွက်သူကို ပြည်နယ် လွှတ်တော်ဥက္ကဌက တရားစွဲမည်

Author

Date

Category

ဦးမြာ ၊ မီမြာ

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ဖို့ လက်မှတ်ထိုးပြီး ပြန်နှုတ်ထွက်ချင်တယ်လို့ စာထုတ်ပြန်ခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင် (ခ) စဲရယ်ကို ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုသွားမယ်လို့ ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက အောက်တိုဘာလ ၆ ရက်နေ့ မှာပြောခဲ့ပါတယ်။

ဦးသိန်းအောင်က ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီးတော့ ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်သူ ၅ယောက်ထဲက တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး ပြန်လည်နုတ်ထွက်စာတင်ခဲ့တာကြောင့် အခုလို လွှတ်တော်ကို ပုံရိပ်ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဟောင်းကို စွပ်စွဲပြစ်တင်ပြီးပြန်လည်နုတ်ထွက်သူကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းအောင်(ခ)စဲရယ်ကို ပြည်နယ်လွှတ်တော်မှာ မြင်တွေ့ရစဉ်။ ဓါတ်ပုံ- ကန္တာရဝတီတိုင်း(မ်)

“သူကကျနော့်ဥက္ကဌတစ်ယောက်ထဲကိုလုပ်တာမဟုတ်ဘဲနဲ့ လွှတ်တော်တစ်ခုလုံးပုံရိပ်ကို ထိခိုက်စေတဲ့အတွက် ကျနော်ရဲ့ ဥက္ကဌအတွက်မဟုတ်ဘဲ လွှတ်တော်ရဲ့ပုံရိပ်ကို ပြန်ယူဖို့အတွက် ကျနော်က စွဲမှာပါ ”လို့ သူကပြောခဲ့ပါတယ်။

ဘယ်ပုဒ်မများနှင့် ဘယ်အချိန်မှာ တရားစွဲမှာကိုတော့ တိတိကျကျပြောကြားသွားခြင်းမရှိပဲြ  ြပင်းထန်တဲ့ပုဒ်မတွေနဲ့ တရားစွဲသွားမယ်လို့ပြောပါတယ်။

ဦးအယ်လ်ဖောင်းရှိုက စွပ်စွဲပြစ်တင်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ညီမညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ရက်နေ့မှာ e-Court စနစ်ဖြင့် ကြားနာသွားခဲ့ပြီးနောက် ဦးလှထွေးက မီဒီယာကို ပြောဆိုသွားတာဖြစ်ပါတယ်။

အခုလို အမှုမပြီးခင်မှာ ဦးသိန်းအောင်(ခ)စဲရယ်ကို တရားစွဲလို့မရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

၎င်းက “ ဖွဲ့စည်းပုံအခြေဥပဒေအနေနဲ့ခုံရုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ ဦးလှထွေးကို ခေါ်ပြီး မေးတာမြန်းတာရှိတယ်လေ။ အဲ့ကိစ္စကိုမပြီးပြတ်သေးပဲနဲ့ ဦးလှထွေးအနေနဲ့ ဦးစဲရယ်ကို တရားစွဲလို့ အဆင်မပြေဘူးလို့ကျနော်ထင်တယ်။ ပထမအမှုမပြီးပြတ်သေးပဲနဲ့ လုပ်လို့မရဘူးလို့ ကျနော်ထင်တယ်။ ” လို့ပြောပါတယ်။

လွှတ်တော်ဥက္ကဌကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းအောင်(ခ)စဲရယ်က တရားစွဲဆိုဖို့ ပြောထားတဲ့အပေါ်မှာ ၎င်းကနေပြီး နုတ်ထွက်စာအပေါ်မှာရေးထားတဲ့စာအပေါ်မှာ မူတည်ပြီး ဥပဒေ လမ်းကြောင်းအရ အရေးယူသွားနိုင်တယ်လို့ Law Home အဖွဲ့မှ ဥပဒေအကြံပေး ကိုကျော်ဝဏ္ဏအောင်က ပြောပါတယ်။

“ သူ့ဆီပြန်ပို့လိုက်တဲ့စာပေါ့ အဓိကနှုတ်ထွက်ကြောင်းစာမှာ ဘာတွေရေးထားလဲဆိုတဲ့အပေါ်မှာ အဓိကကျတယ်ပေါ့နော။ ဥပမာအသရေပျက်စေတဲ့ဟာမျိုးကိုဆိုရင် သက်ဆိုင်တဲ့ အသေရေဖျက်မှုတို့ဘာတို့နဲ့စွဲလို့ရတာပေါ့။ အွန်လိုင်းပေါ်တင်တယ်ဆိုတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ ) တို့နဲ့တရားစွဲလို့ရတာပေါ့။ ဒါပေမယ့်ဘာနဲ့ အကျုံးဝင်မယ်မှန်းမသိသေးပါဘူး။ ရေးထားတဲ့စာပေါ်မူတည်မှာပေါ့။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးရေးထားတဲ့စာပေါ်မူတည်ပြီးတော့မှ စွဲလို့ရမယ်လို့ ကျနော်သုံးသပ်ပါတယ်။ ” လို့ကျော်ဝဏအောင်က ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ရာထူးကနေဖြုတ်ချခဲ့တဲ့ကိစ္စ ခုံရုံးကြားနာမှုကို အပြီးသတ်ဆုံးဖြစ်ချက်ချမယ့်နေ့ရက်နဲ့ အချိန်ကို ခုံရုံးအင်တာနက်စာမျက်နှာမှာ ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။

အခုလို နိုင်ငံတော်အခြေခံဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ ကြားနာတဲ့ကိစ္စကတော့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး ကနေအငြင်းပွားလို့ တရားစီရင်ရေးမှာ ဖြေရှင်းကြတဲ့ကိစ္စရပ်ဖြစ်တယ်လို့ Law Home ဥပဒေအကြံပေး ကိုကျော်ဝဏ္ဏအောင်က ပြောပါတယ်။

“ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးပေါ့။ နားလည်အောင်ပြောမယ်ဆိုရင် အစိုးရနဲ့လွှတ်တော် ပွတ်တိုက်မှုကို တရားစီရင်ရေးမှာရှင်းတဲ့သဘောပဲ ။တရားရုံးမှာရှင်းတဲ့သဘောဒါက အရပ်သဘောနဲ့ပြောတာပေါ့။ ဒါပေမယ့်ဘယ်လိုတရားရုံးမျိုးလည်းဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး မှာရှင်းကြတာပေါ့။ ရှင်းတဲ့အခါ ဘယ်မှာကွဲလွှဲတာလဲဆိုတော့ ပုဒ်မ ၂၆၃ (ခ)နဲ့(ဂ)အပေါ်မှာကွဲလွှဲကြတဲ့ သဘော ကွဲလွှဲတဲ့အခါမှာတော့ တနည်းအားဖြင့် ဝန်ကြီးချုပ်စွပ်စွဲပြစ်တင်မယ်ဆိုရင် ၄ပုံ၁ ပုံဆိုတော့ အယောက် ၂၀မှာ ၅ ပြည့်ရမယ်ပေါ့။အနည်းဆုံးပေါ့ဒီထက်ကျော်လည်းရတယ်။ ပြည့်ရမယ်ဆိုတဲ့အနေအထားမျိုးကို အငြင်းပွားချင်းဖြစ်တယ်။ ဦးသိန်းအောင်စဲရယ်ပြန်နုတ်ထွက်သွားခြင်းဖြစ်တော့ ပြည့်တယ်မပြည့်ဘူး အငြင်းပွားတဲ့တခုပေါ့နော်။ ပြီးတော့ ဝန်ကြီးချုပ်ကိုစုံစမ်းစစ်ဆေးတဲ့အခါမှာဆိုရင် ဒီစွပ်စွဲပြစ်တင်သူ ၅ ဦးထဲက ၃ဦးပြန်ပါလာတဲ့ကိစ္စက ပါလို့ရမရဆိုတာမျိုးပေါ့။”

ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်အစိုးရရဲ့ စက်ယန္တာယားငှားရန်းငွေတွေ ၊ အများပိုင်ပြည်သူမြေကို ငှားရန်းထားတဲ့ငွေတွေကို အလွှဲသုံးစားမှုနဲ့ ပြည်နယ်လွှတ်တော်ကနေ စုံစမ်းစစ်ဆေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ကနေ ဖြုတ်ချခံခဲ့ရတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts