Monday, September 20, 2021

လူမှုကွန်ယက်တွင် ဓာတ်ပုံပျံ့နှံ့နေတဲ့ လူငယ်နှစ်ဦးမှာ စံပြ ၆ မိုင် ဒေသခံဖြစ်နေ

ကန္တာရဝတီတိုင်း(မ်)

လူမှုကွန်ယက်စာမျက်နာမှာ ပျံ့နှံ့နေတဲ့ လက်ကြိုးတုတ်ထားပြီး ဒူးထောက်လျက်အနေအထားမှာ လက်၃ချောင်း ထောင်နေတဲ့ လူငယ်နှစ်ယောက်ရဲ့ ဓာတ်ပုံဟာ ကရင်နီပြည်နယ် စံပြ ၆ မိုင်က ဒေသခံလူငယ်တွေဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ လူငယ်နှစ်ဦးမှာ အသက် ၁၄ နှစ်နဲ့ အသက်၁၅နှစ် အရွယ်တွေဖြစ်ပြီး ပါစကွားလယ်နဲ့ ဖီဒေးလယ်  ဖြစ်တယ်လို့ သိရပါတယ်။ စစ်ရှောင်စခန်းကနေ ရွာကိုကြည့်ဖို့ ပြန်လာရင်း ဖမ်းခံခဲ့ရတာဖြစ်တယ်လို့  စံပြ ၆ မိုင် ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

” အဖမ်းခံရတဲ့နေ့ ကျနောတို့ ဒီ ဒီးမော့ဆိုမြို့နယ်မှာပေါ့နော။ စံပြ၆မိုင်အုပ်စုထဲက ဒေါပိုးစီကျေးရွာမှာ စပစ်တဲ့ရက်မှာပေါ့နော။ စစ်ဖြစ်ပြီး နောက်တစ်ရက်မှာပဲ ရွာထဲပြန်ဝင်လာရင်းနဲ့ စစ်တပ်က ဖမ်းခေါ်သွားတာပေါ့နော။ “လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

စံပြ၆မိုင်မှာ တိုက်ပွဲတစ်ကျော့ပြန်အတွင်း ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ရှောင်ကနေ ရွာတွေကို ပြန်လာတဲ့သူတွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ လူငယ်နှစ်ဦးကိုတော့ ခမရ(၄၂၇)တပ်မှာ ထိန်းသိမ်းထားပြီး လက်ရှိအခြေအနေကို အခုချိန်အထိ မသိရသေးဘူးလို့ တာချီလိတ်သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

အဆိုပါလူငယ်နှစ်ဦးကို ကန်ခုနှစ်ဆင့် ကျေးရွာဖက်ကို စစ်ကြောင်းထိုးရင်း အရှေ့ကနေလမ်းပြ ခေါ်သွားပြီး လူသားဒိုင်းကာ အနေနဲ့လည်း အသုံးပြုခဲ့တယ်လို့  မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးက ပြောပါတယ်။

စံပြ ၆ မိုင်မှာ စက်တင်ဘာလ ၇ရက်နေ့က  ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ နေအိမ် ၆လုံး မီးရှို့ခံရပြီး နေအိမ်ထဲမှာ အသက်(၄၀)အရွယ် ဦးလေးတစ်ယောက် အသတ်ခံခဲ့ရပြီး မီးထဲသေဆုံးသွားခဲ့ရတာလည်း ရှိခဲ့ပါတယ်။

More from the blog

ဆေးဝါး၊ ရိက္ခာသယ်ယူတဲ့ စေတနာ့ဝန်ထမ်းကား သေနတ်ပစ်ခံရ

ကန္တာရဝတီတိုင်း(မ်) စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါး၊ ရိက္ခာသွားယူပြီး လွိုင်ကော်မြို့မှ ဒီမော့ဆိုမြို့ဖက်သို့ ပြန်လာတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးရဲ့ကား ဒီကနေ့ (စက်တင်ဘာလ ၁၇ ရက်နေ့ ) နံနက်ပိုင်းမှာ သေနတ်နဲ့ အပစ်ခံရတယ်လို့ ဒီမော့ဆိုမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ကရင်နီတပ်မတော်မှတပ်ကြပ်ကြီးတစ်ဦး ကျဆုံး

ကန္တာရဝတီတိုင်း(မ်) ယမန်ညက ဒီမော့ဆိုမြို့နယ် ဒေါပိုးစီနဲ့ ၆ မိုင်ကျေးရွာအနီးတစ်ဝိုက်မှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပူးပေါင်းပြီး အကြမ်းစစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကရင်နီတပ်မတော်မှ တပ်ကြီးကြီးအဆင့်ရှိသူ တစ်ဦး...

စစ်ကောင်စီက စစ်ကြောင်းထိုးရင် ဖမ်းဆီးခံရသူများ ပြန်လွှတ်သူ မရှိသေး

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးရင်းဖမ်းသွားတဲ့သူ ဩဂုတ်၂၇ရက်နေ့ကနေ စက်တင်ဘာလ၈ရက်နေ့အတွင်း ၂၅ဦး ရှိနေပြီး ပြန်လွှတ်လာတဲ့သူ မရှိသေးဘူးလို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဦးဗညားထံက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း...

တစ်ပြည်နယ်လုံးကို စစ်မျက်နှာဖွင့်ပြီး အကြမ်းဖက်စစ်ကောင်စီကို ချေမှုန်းသွားမယ်လို့ KNDF ပြော

ကန္တာရဝတီတိုင်း(မ်) ကရင်နီတစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ပြီး စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) က ဒီကနေ့ စက်တင်ဘာလ ၁၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အခုလို ထုတ်ပြန်တာနဲ့...