Monday, September 20, 2021

တစ်ပြည်နယ်လုံးကို စစ်မျက်နှာဖွင့်ပြီး အကြမ်းဖက်စစ်ကောင်စီကို ချေမှုန်းသွားမယ်လို့ KNDF ပြော

ကန္တာရဝတီတိုင်း(မ်)

ကရင်နီတစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ပြီး စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) က ဒီကနေ့ စက်တင်ဘာလ ၁၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အခုလို ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး KNDFပြောဆိုခွင့်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို အခုလို ပြောပါတယ်။

” အဓိကကတော့ ဒီလိုပါ ကျနော်တို့ ပြည်နယ်မှာရှိတဲ့လူအားလုံး စုပေါင်းပြီးတော့မှ စစ်ကောင်စီကို ကျနော်တို့ တွန်းလှန်နိုင်ဖို့ အချိန်နဲ့အမျှ စစ်မျက်နှာဖွင့်မယ် စစ်ကောင်စီရှိတဲ့နေရာ ကျနော်တို့ တိုက်နိုင်အောင် ကျနော်တို့ တိုင်ပင်ပြီးတော့မှ ထုတ်လိုက်တာပါ။ အဓိက ကတော့ စစ်ကောင်စီကနေလာတာ ကျနော်တို့ စောင့်နေတာမျိုး မဟုတ်ပဲနဲ့ ကျနော်တို့ ရှိရင်းဟာလေးကို တိုက်နိုင်အောင် ကျနော်တို့ ကြိုးစားပြီးတော့ ပြောလိုက်ရတာပေါ့။ ကျနော်တို့ အဲ့လိုမျိုး အဓိပ္ပါယ်နဲ့ ကျနော်တို့ ထုတ်သွားတာဖြစ်တယ်။” လို့ ဆိုပါတယ်။

စက်တင်ဘာ(၁၄)ရက် ဒီကနေ့မနက် ၅နာရီဝန်းကျင်ကနေစပြီး ဖရူဆိုမြို့နယ်၊ ကဒါးလား ကျေးရွာအနီးမှာ KNDF၊ KAနဲ့ စစ်ကောင်စီတို့ လေးနာရီကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ KNDFဘက်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးမှာ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ရဲဘော်ဆီမိုးနယ်(ခ)အောင်နိုင် ဖြစ်ပြီး ကျန်တစ်ဦးမှာ (၉)တန်းကျောင်းသားအရွယ် ရဲဘော်ပီတာဂျွန်စော ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်မှာလည်း ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက် အတိအကျကိုမပြုနိုင်သေးဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်နီပြည်နယ်မှာဆိုရင် လေးလကြာတိုက်ပွဲအတွင်း ယနေ့အထိ တိုက်ပွဲပေါင်း ၆၅ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၈၉)ဦးအထိ ရှိနေပြီလို့ ကရင်နီပြည်နယ်က လူမှုအသင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

More from the blog

ဆေးဝါး၊ ရိက္ခာသယ်ယူတဲ့ စေတနာ့ဝန်ထမ်းကား သေနတ်ပစ်ခံရ

ကန္တာရဝတီတိုင်း(မ်) စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါး၊ ရိက္ခာသွားယူပြီး လွိုင်ကော်မြို့မှ ဒီမော့ဆိုမြို့ဖက်သို့ ပြန်လာတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးရဲ့ကား ဒီကနေ့ (စက်တင်ဘာလ ၁၇ ရက်နေ့ ) နံနက်ပိုင်းမှာ သေနတ်နဲ့ အပစ်ခံရတယ်လို့ ဒီမော့ဆိုမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ကရင်နီတပ်မတော်မှတပ်ကြပ်ကြီးတစ်ဦး ကျဆုံး

ကန္တာရဝတီတိုင်း(မ်) ယမန်ညက ဒီမော့ဆိုမြို့နယ် ဒေါပိုးစီနဲ့ ၆ မိုင်ကျေးရွာအနီးတစ်ဝိုက်မှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပူးပေါင်းပြီး အကြမ်းစစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကရင်နီတပ်မတော်မှ တပ်ကြီးကြီးအဆင့်ရှိသူ တစ်ဦး...

စစ်ကောင်စီက စစ်ကြောင်းထိုးရင် ဖမ်းဆီးခံရသူများ ပြန်လွှတ်သူ မရှိသေး

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးရင်းဖမ်းသွားတဲ့သူ ဩဂုတ်၂၇ရက်နေ့ကနေ စက်တင်ဘာလ၈ရက်နေ့အတွင်း ၂၅ဦး ရှိနေပြီး ပြန်လွှတ်လာတဲ့သူ မရှိသေးဘူးလို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဦးဗညားထံက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း...

ယနေ့ တိုက်ပွဲအတွင်း KNDF တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာ ဖရူဆိုမြို့နယ်အတွင်း ကဒါးလားကျေးရွာအနီးတစ်ဝိုက်မှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း...