spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးမှာ ပံ့ပိုးကူညီနိုင်မယ့် လူငယ်တွေကို စီမံခန့်ခွဲရေးသင်တန်းပြုလုပ်ပေး

ကန္တာရဝတီတိုင်း(မ်)

စစ်အာဏာရှင်တော်လန်ရေးမှာ ပံ့ပိုးကူညီနိုင်မယ့် လူငယ်တွေကို ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲရေးသင်တန်း (Leadership and Management training ) ပြုလုပ်ပေးခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အတွင်းရေးမှူး ( ၁ ) ခူးဒယ်နီယာယ်က သင်တန်းဆင်းပွဲ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

” ဒီနွေဦးတော်လှန်ရေး သို့မဟုတ်ရင်လည်း ဒီတော်လှန်ရေးအောင်မြင်ဖို့ တိုက်ပွဲဝင်နေတဲ့ တပ်မတော်သား ဒီအပြင် အမျိုးမျိုးသော တော်လှန်ရေးသမားတွေကို နောက်ကနေ ပံ့ပိုး ကူညီပေးဖို့ ကျနော်တို့က အထောက်အပံ့တွေပေးဖို့ နည်းပညာတွေ ပေးနိုင်ဖို့ ကျနော်တို့ အဓိက ရည်ရွယ်ပြီးတော့မှ ဒီသင်တန်းကို လုပ်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ကတော့ လူတိုင်းကတော့ တိုက်ပွဲဝင်ဖို့ စိတ်ထား အပြည့်အဝရှိပေမယ့်လည်း ကျနော်တို့ အားလုံး တိုက်ပွဲဝင်နေကြလို့တော့ မရဘူးဆိုတာကို ကျနော်တို့ သိတဲ့အတွက်ကြောင့်မလို့ အခုဆိုရင် ကျနော်တို့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ရဲဘက် ဒီနိုင်ငံရေးသမား သို့မဟုတ်ရင်လည်း ပြည်သူလူထု တစ်ရပ်လုံးကို စီမံခန့်ခွဲနိုင်ဖို့ နောက်ကနေ ကူညီပံ့ပိုးနိုင်ဖို့ ဒါအဓိက ရည်ရွယ်ခြင်းဖြစ်ပါတယ်။ “

ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲရေးသင်တန်း ဆင်းပွဲကို ဒီကနေ့ နိုဝင်ဘာလ၂၀ရက်နေ့မှာ ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေထဲမှာ ပြုလုပ်ခဲ့ပါတယ်။

သင်တန်းသာ ၈၄ဦးတက်ရောက်ခဲ့ပြီး တစ်လသာသင်တန်းပေးခဲ့တာဖြစ်ပါတယ်။ ဒီသင်တန်းကို တက်ရောက်ပြီးသူတွေဟာ ခေါင်းဆောင်မှု တာဝန်ကို ထမ်းဆောင်ရမယ်လို့ ဆရာ ခူးဒယ်နီယာယ်က ဆက်ပြောပါတယ်။

” ဒါက ကျနော်တို့ အဓိက ရဲဘော်တွေပဲဖြစ်တယ်။ သို့သော် လုပ်ငန်း တော်လှန်ရေးလုပ်တဲ့အချိန်မှာ တွဲသင့်တဲ့လူနဲ့ အားလုံးတော့ တွဲရလိမ့်မယ်။ ကျနော်တို့ အခုပေးလိုက်တဲ့ သင်တန်းက စီမံခန့်ခွဲမှုလုပ်ငန်း ရုံးလုပ်ငန်းကို အဓိကထားတယ်။ သို့သော် ဒီခေါင်းဆောင်မှု ပညာကိုလည်း သင်ပေးထားတာဖြစ်ပါတယ်။ သူတို့ကျရာတာဝန်မှာ ဒီခေါင်းဆောင် အဆင့်ဆင့်မှာရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်ပါလိမ့်မယ်။ ဒါကတော့ သူတို့တာဝန်တွေ ကျနော်တို့ ရည်ရွယ်ထားတာပေါ့နော။ “

သင်တန်းမှာ သင်ခန်းစာ ၁၅ခုကို သင်ပေးခဲ့ပြီးတော့ နောက်ထပ်လည်း လုပ်ရင်းနဲ့ သင်တန်းတွေထပ်ပေးဖို့ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img