Monday, November 29, 2021

ဒေါပိုးစီဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ KNDFတို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက နေအိမ် နှစ်လုံး မီးရှို့ဖျက်ဆီးခဲ့

ကန္တာရဝတီတိုင်း(မ်)

နိုဝင်ဘာ(၂၃)ရက် မနက် ၆နာရီ ၅၇မိနစ်အချိန်၊ ဒီးမော့ဆိုမြို့နယ် စံပြခြောက်မိုင် ဒေါပိုးစီဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)B-09 ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ငါးမိနစ်ကြာ ဖြစ်ပွားခဲ့တယ်လို့ (KNDF) B-09 တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

” စစ်ကောင်စီဖက်ကတော့ နှစ်ယောက်ကျတယ်။ထိခိုက်ဒဏ်ရာတချို့တော့ ရှိမယ်။ ဒါပေမယ့် အတည်မပြုနိုင်သေးဘူးပေါ့နော။ “

ဒေါပိုးစီ ဘုန်းကြီးကျောင်းရှေ့က နေအိမ်နှစ်လုံး ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

မနေ့က(နိုဝင်ဘာလ ၂၂ရက်)မှာလည်း စံပြခြောက်မိုင် ကျေးရွာ၊ ဒေါပိုးစီကျေးရွာ အနီးတစ်ဝိုက်မှာ ကရင်နီအမျိုးသားကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား(၂)ဦးသေဆုံးခဲ့တယ်လို့ KNDFက ထုတ်ပြန်ခဲ့ပါတယ်။

More from the blog

စစ်ကောင်စီသတင်းပေးဟုဆိုသူ ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးကို KDF ဖမ်းဆီး

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ငွေတောင်ကျေးရွာအုပ်စုမှ စစ်ကောင်စီသတင်းပေး ( အများက ဒလန်ဟု) သတ်မှတ်ထားသော စစ်ကောင်စီလက်ထက် ဒီးမော့ဆိုမြို့နယ် ဒု-ပညာရေးမှူးဖြစ်သူ ဒေါ်ခင်မေစိုး ကို ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF မှ ယမန်နေ့ နိုဝင်ဘာလ ၂၅...

ဒီးမော့ဆို တစ်မြို့နယ်လုံး လျှပ်စစ်မီးနဲ့ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေဆဲ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံရတာ လနဲ့ချီကြာနေပြီဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်းကို သွယ်တန်းလာတဲ့ ဓာတ်အားလိုင်း တမင်ဖြတ်တောက်ခံရတာဖြစ်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

CDM ဆရာဝန် နဲ့ သူနာပြုတွေက ယခင် ၅၀၅(က)ဖြင့် တရားစွဲခံရသူများမဟုတ်ဟုဆို

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ ခရစ္စတူးဘုရင်ဗဟိုဘုရားကျောင်းရှိ ဂရုဏာဆေးခန်းမှာ ပရဟိတ ဆေးကုပေးနေတဲ့ CDM ဆရာဝန် ၂ဦးနဲ့ သူနာပြု ၄ဦးက ယခင်က ၅၀၅ (က)ဖြင့် တရားစွဲဆိုခံ ထားရသူများမဟုတ်ကြောင်း ၎င်းဘုရားကျောင်းရှိ တာဝန်ရှိသူ...

ဂရုဏာဆေးခန်းမှ ဖမ်းဆီးခံရသူအားလုံး ပြန်လည်လွှတ်မြောက်

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ ခရစ္စတူးဘုရင်ဘုရားကျောင်းဝန်းအတွင်း ဖွင့်လှစ်ထားတဲ့ ဂရုဏာဆေးခန်းမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်း စုစုပေါင်း ၁၈ဦး ယမန်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်ဖမ်းဆီးခြင်းခံလိုက်ရပြီး ဒီကနေ့ ည ၆နာရီကျော်မှာ...