spot_img
18.6 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီပြည်က စစ်ဘေးရှောင်စခန်းတွေမှာ ရိက္ခာဝယ်ယူဖို့ အခက်အခဲရှိနေ

ကရင်နီပြည်က စစ်ဘေးရှောင်စခန်းတွေမှာ ရိက္ခာဝယ်ယူဖို့ အခက်အခဲရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်မှာဆိုရင် တိုက်ပွဲကြောင့် စစ်ရှောင်တွေ ၇လကျော် စစ်ရှောင်နေကြရပြီဖြစ်ပြီး စစ်ရှောင်စခန်းတွေမှာ အစားအသောက်အတွက် ရိက္ခာဝယ်ယူဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။

လိုအပ်နေတဲ့ ဟင်းတွေကို ဝယ်ယူဖို့ ခက်ခဲသလို ဝင်တွေရတဲ့ အလုပ်အကိုင်မရှိကြပါဘူး။ ကုန်စျေးနှုန်းတွေလည်း အရင်ကထက် ပိုမြင့်တက်နေတာကြောင့် ဝယ်ယူဖို့ အခက်အခဲကြုံနေရတယ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

“ဟိုအဓိက ဟင်းတွေကတော့ အသုံးစရိတ်က မလောက်ဘူး။ ရိက္ခာခြောက်တွေ ဆား၊ ငရုတ်တွေက ဝယ်ယူရတယ်။ ဒါကြောင့်မလို့ အဲ့ဒီ ဆီတွေ၊ ဆန်တွေ ကလေးအာဟာရအတွက် ကြက်ဥ တွေလည်း မလာတာလည်း ကြာပြီ။ နောက်ပြီး ဝယ်ဖို့ဆိုလည်း ခက်တယ်။ စျေးတွေလည်း တက်နေပြီ။ အဲ့ဒါကြောင့် ကျနော်တို့အတွက် အခက်အခဲဖြစ်နေတယ်။ “ လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်သူတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆို အရှေ့ဖက်ခြမ်း စစ်ရှောင်စခန်းတွေ မှာဆိုရင် အလှူရှင်တွေ တစ်ပတ်တစ်ကြိမ်လာရောက်လှူဒါန်းပေမယ့် ဆန်ကိုသာ အဓိကလှူနေတာဖြစ်လို့ ဆန်လုံလောက်မှုရှိပြီး ဟင်းတွေအတွက် လိုအပ်ချက်တွေ ရှိနေတာဖြစ်တယ်လို့ သူက ဆက် ပြောပါတယ်။

“ လက်ရှိ စခန်းထဲမှာရှိနေတဲ့လူတွေက ဒုက္ခတော်တော် ကြုံတွေ့နေရတယ်။ စားနပ်ရိက္ခာ အလှူရှင်တွေတော့ လာတယ်။ ဒါပေမယ့် အလှူရှင်တွေ လာသလောက်လည်း မိသားစုနည်းတဲ့ မိသားစုက လောက်ပြီ ဖူလုံပြီပေါ့။ ဒါပေမယ့် များတဲ့ မိသားစုက ကျနော်တို့လိုမျိုးဆိုရင် မိသားစု ၇ယောက် ၈ယောက် တောင်ရှိတယ်။ လုံးဝ အခက်အခဲတွေ ကြုံတွေ့နေရတယ်။”

ကရင်နီပြည်နယ်မှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်နေတာ ရှစ်လ နီးပါးရှိနေပြီ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ် ဒေသခံ တစ်သိန်းခွဲဝန်းကျင် စစ်ဘေးရှောင်နေရပါတယ်။ ဒီးမော့ဆိုမြို့နယ်က ခြောက်သောင်းရှစ်ထောင်ကျော် စစ်ရှောင်နေရတယ်လို့ ကရင်နီလူမှုကွန်ယက်(KCSN)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ