spot_img
23.3 C
Loikaw
Sunday 22, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဆိုက်ခေါင်၊ နောင်တရား၊ ပင်လောင်းမှာ စစ်ရှောင်တွေကို လက်ခံကူညီပေးနေ

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဆိုက်ခေါင်၊ နောင်တရား၊ ပင်လောင်းမှာ စစ်ရှောင်တွေကို လက်ခံကူညီပေးနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က စစ်ရှောင်ပြည်သူတွေအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဆိုက်ခေါင်၊ ပင်လောင်း၊ နောင်တရားမြို့နယ် တွေမှာ စစ်ရှောင်တွေကို လက်ခံကူညီမှုပေးနေတယ်။

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာမှာ လူဦးရေ ၅၀၀အထက်ကိုလက်ခံပေးသွားမှာဖြစ်ပြီး ဆိုက်ခေါင်ရှိ ဇောတိကာရာမဘုန်းတော်ကြီးကျောင်း၊ ပထမတောင်ကျောင်းကြီး၊ သုခအောင်ညီ ဘုန်းတော်ကြီးကျောင်း၊ ဆိုင်ခေါင် RC နှစ်ခြင်းခရစ်ယာန်ကျောင်းတို့မှာ အစုအဖွဲ့လိုက်ထားပေးမှာဖြစ်တယ်လို့ ဒေသတွင်း မီဒီယာဖြစ်တဲ့ တောင်ကြီးအခြေစိုက် The People’s Voice (ခမ်းသားငေါဝ်း) သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

စစ်ရှောင်တွေ ဆိုက်ခေါင်းဒေသသဘက် ခိုလုံနိုင်ဖို့အတွက် အုပ်ချုပ်ရေးမူး ခွန်လှထွန်း- ၀၉၇၈၈၈၁၆၄၈၆၊ ရပ်မိရပ်ဖကော်မတီဥက္ကဌ ဦးထိုက်အောင် – ၀၉၇၈၂၉၂၅၄၈၁၊ ခွန်ကျော်ဇေယျ – ၀၉၇၉၀၁၈၉၂၀၉ တို့ကိုဆက်သွယ်ပြီး ခိုလုံနိုင်တယ်လို့ ဆိုပါတယ်။

ဆိုက်ခေါင်ကျေးရွာအုပ်ချုပ်ရေးမှူး ခွန်လှထွန်းက “ ဘုန်းကြီးကျောင်းတွေမှာပေါ့ ၅၀ဆန့်ရင် ၅၀ပေါ့ ၁၀၀ဆန့်တယ်ဆိုရင်လည်း ၁၀၀ အဲ့လိုမျိုးပေါ့ နေရာခွဲပြီးလက်ခံမှာ။ ရောက်လာရင် ရေ၊ မီး နေရာပေါ့ အဲ့ဒါ ပထမဦးစားပေးစီစဉ်ထားတယ်။” လို့ ပြောပါတယ်။

ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ဇဝနာရာမစာသင်တိုက် ဆရာတော်က နေရာအတွက် စီစဉ်ပေးထားတဲ့ ဇဝနာရာမစာသင်တိုက်နဲ့ ဓမ္မာရုံမှာ စစ်ဘေးရှောင်တစ်ရာဦးခန့် ၊ မင်္ဂလာဘုရားနဲ့ ဘုရားဖြူမှာ နှစ်ရာဦးခန့်ရှိနေပြီး လက်ရှိ ဇန်နဝါရီလ ၁၀ရက်နေ့အထိ ဆီဆိုင်မှာ စစ်ဘေးရှောင်လာသူ ၃၀၀ ဦးခန့်ရှိနေပြီလို့ သိရပါတယ်။

တခြား စစ်ဘေးရှောင်ပြည်သူအတွက် နောင်တရား လေးရိုးဘုရားမှာ နေရာပြင်ဆင်ထားပြီး စစ်ရှောင်ပြည်သူတွေ ဆက်သွယ်လိုပါက နောင်တရားပရဟိတလူငယ်မှ ခွန်အောင်ထွန်းလေး ၀၉၂၅၀၆၂၇၀၄၁၊ နီတွတ် ၀၉၄၂၈၃၅၀၃၈၃ ထံမှ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

နောင်တရားပရဟိတလူငယ်မှ ခွန်အောင်ထွန်းလေးက “ ဖုန်းဆက်ထားသေးတာပဲရှိတယ် ရွာထဲမှာရောက်တာ၂၀၊ ၇၀ ထပ်လာဖို့တော့ရှိတယ် လောလောဆယ် သူတို့ဆန်၊ ဆီ၊ ဆားတွေ လိုအပ်လို့ အဲ့ဒါ သွားပို့ပေးနေတယ် အခုလောလောဆယ်ပဲဗျ။” လို့ ပြောပါတယ်။

ပင်လောင်း နောင်တရားရှိ ကျေးရွာတွေမှာလည်း စစ်ဘေးရှောင်ပြည်သူတွေကို လက်ခံထားလျက်ရှိပြီး စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော်ရောက်ရှိပြီလို့ ဆိုပါတယ်။

ထို့အပြင်မိုးဗြဲနာရေးကူညီအသင်း ၊ ပင်လောင်းကြည်ဖြူချမ်းမြေအသင်း၊ ပင်လောင်း ဖြူစင်အားမာန်အသင်းတို့က ပင်လောင်း၊ အောင်ပန်း အင်းလေးတစ်ကြောရှိ စစ်ရှောင်တွေ ဆွေမျိုးရှိရာနေရာ သွားလိုလျှင် ပို့ဆောင်ပေးလျက်ရှိပြီး စစ်ဘေးရှောင်ပြည်သူအတွက် ပင်လောင်းမှာ ၁၁ ရက်နေ့ကစပြီး ဖုန်း ၀၉၇၇၁၉၀၄၅၃၀၊ ၀၉၆၉၇၂၁၁၀၆၀ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်တယ်လို့ The People’s Voice (ခမ်းသားငေါဝ်း) သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ