spot_img
24.6 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းကျန်းမာရေးတတိယအကြိမ် ကိုဗစ် ကာကွယ်ဆေးက ဘယ်လို ဆေးမျိုး ထိုးနှံလို့ရလဲ။

တတိယအကြိမ် ကိုဗစ် ကာကွယ်ဆေးက ဘယ်လို ဆေးမျိုး ထိုးနှံလို့ရလဲ။

-

ကမ္ဘာတစ်ဝှမ်းလုံးဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါ ကိုကာကွယ်ဖို့အတွက် ကိုဗစ်ကာကွယ်ဆေးကို ၂၀၂၀ခုနှစ်မှာ စတင် ထိုးနှံခဲ့ကြပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးရင် နှစ်ကြိမ်ထိုးနှံရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၉ရက်နေ့မှာ ပထမဆုံးအကြိမ် ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပါတယ်။

ကာကွယ်ဆေးထိုးပြီး အချိန်ကြာလာတာနဲ့အမျှ အာနိသင်လျော့နည်းလာသလို ထပ်မံပေါ်လာတဲ့ မျိုးကွဲသစ်တွေက ကာကွယ်ဆေးပေါ်ခံနိုင်ရည်ရှိလာ တဲ့အတွက် တတိယအကြိမ် ထပ်ဆောင်း ကိုဗစ်ကာကွယ်ဆေး ( Booster ) ကို ထပ်မံထိုးနှံဖို့ လိုအပ်တယ်လို့ ယူဆကြတာရှိပါတယ်။

ကိုဗစ် ဒုတိယအကြိမ် ထိုးနှံပြီး ၆လအကြာ ဒါမှမဟုတ် ၃လ သို့မဟုတ် ၃လကျော် အကြာမှာ ထပ်ဆောင်း ကိုဗစ်ကာကွယ်ဆေး ( Booster ) ထပ်မံ ထိုးနှံ နိုင်ကြပါတယ်။

ဘယ်လို ကာကွယ်ဆေးမျိုး ထိုးလို့ရနိုင်လဲ။

တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးတာက ပြင်းထန် ကိုဗစ် ရောဂါ ဖြစ်တာကနေ ကာကွယ်သလို ခုခံအားလျော့ကျတာ ကိုလည်း ဟန့်တားပေးပါတယ်။

လူများစု အသက် (၁၆)နှစ်အထက် သူတိုင်း ကတော့ ဖိုင်ဇာ (Pfizer) သို့မဟုတ် မိုဒါနာ (Moderna) ကို ထိုးနှံနိုင်ပါတယ်။ ပထမအကြိမ် နဲ့ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး က မည်သည့်ကာကွယ်ဆေး ဖြစ်စေ ၎င်းကာကွယ်ဆေး နှစ်မျိုးထဲက တစ်မျိုးမျိုးကို ထိုးနှံ နိုင်ပါတယ်။

အသက် ၁၆ နဲ့ ၁၇ နှစ် ကြား အနေနဲ့ တတိယအကြိမ် ကာကွယ်ဆေးအဖြစ် ဖိုင်ဇာ (Pfizer) ကို ထိုးနှံနိုင်ပါတယ်။ ပြင်းထန်ဆိုးကျိုးမရှိဘဲ ပထမ နဲ့ ဒုတိယ အကြိမ်မှာ အက်စတာဇန်နီကာ (AstraZeneca) ကာကွယ်ဆေး ကို ထိုးထားခဲ့ရင် ဒါမှမဟုတ် ကျန်းမာရေးအရ ဖိုင်ဇာ (Pfizer) တို့လို (mRNA) ကာကွယ်ဆေး ထိုးလို့မရရင် (AstraZeneca) ကိုလည်း တတိယအကြိမ်အဖြစ် ထပ်မံထိုးနှံနိုင်ပါတယ်။

မိမိအနေနဲ့ မည်သည့် ကာကွယ်ဆေးထိုးရမှာလဲဆိုတာ မသေချာရင် ဆရာဝန်နဲ့ ဆွေးနွေးလို့ရပါတယ်။

ဘာကြောင့် ကာကွယ်ဆေးထိုးသင့်တာလဲ။

ကိုဗစ်ကာကွယ်ဆေးထိုးနှံ ထားတာက

-COVID-19 ကြောင့် ဖြစ်နိုင်တဲ့ အပြင်းအထန်ဖျားနာတာတွေကို လျော့ချပေးနိုင်ပါတယ်။

-ကိုဗစ်ကူးစက်ခံရပါက အပြင်းအထန်ဖျားနာတာတွေကနေ ကာကွယ်ပေးပါတယ်။

-လူအများစု ကာကွယ်ဆေး ထိုးထားရင် ရောဂါပိုးအလွယ်တကူ မပျံ့နှံ့နိုင်သလို ကာကွယ်ဆေး မထိုးနိုင်သူတွေကိုလည်း ကာကွယ်ပေးပါတယ်။

လူအများစုကတော့ ကာကွယ်ဆေးထိုးပြီးနောက်

-လက်မောင်းနာကျင်တာ
-ပင်ပန်းတာ
-ကြွက်သားတွေ နာကျင်တာ
-ဖျားတာ နဲ့ ချမ်းတုန်း တာ
-အဆစ်အမြစ် နာကျင်တာတွေ တော့ ခံစားရနိုင်ဖွယ်ရှိပါတယ်။

WHO က ခွင့်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေး ၆မျိုးရှိပါတယ်။ အက်စထရာ ဇီနီကာ/ အောက်စ်ဖို့ ( AstraZeneca/ Oxford vaccine) ဂျွန်ဆင် နှင့် ဂျွန်ဆင် ( Johnson and Johnson )၊ မိုဒါးနား ( Moderne )၊ ကိုဗိုဗက် ( Covovvax) ( Covovax ) ၊ ဖိုင်ဇာ/ဘိုင်အိုတက်ခ် ( Pfizer/ Bion Tech)၊ ဆိုင်နိုဖန်း ( Sinopharm )၊ ကိုဗက်ဆင်း ( COVAXIN)၊ ဆိုင်နိုဗက် ( Sinovac )၊ နူဗာဆိုဗစ် ( Nuvaxovid) တို့ ဖြစ်ပါတယ်။

ကိုးကား- https://www.coronavirus.vic.gov.au/covid-19-vaccine-burmese

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ