spot_img
17.8 C
Loikaw
Sunday 7, December 2025
spot_img
Homeသတင်းကရင်နီပြည်လွိုင်ကော်မှာ စစ်ကောင်စီကျောင်း တချို့ဖွင့်လှစ်ထားပြီး စစ်တပ်က လုံခြုံရေးယူပေးနေ။

ကရင်နီပြည်လွိုင်ကော်မှာ စစ်ကောင်စီကျောင်း တချို့ဖွင့်လှစ်ထားပြီး စစ်တပ်က လုံခြုံရေးယူပေးနေ။

-

ကန္တာရဝတီတိုင်း( မ် )

 ကရင်နီပြည် လွိုင်ကော်မြို့မှာ ဇွန်လ ၂ ရက်နေ့ကစပြီး စစ်ကောင်စီကျောင်းတချို့ စတင်ဖွင့်လှစ်ထားကာ စစ်တပ်က လုံခြုံရေးယူပေးနေတာတွေရှိတယ်လို့ မျက်မြင်တွေ့ရတဲ့ လွိုင်ကော်ဒေသခံတစ်ဦးကပြောပါတယ်။

“ ဒီရက် ကျောင်းရှေ့ကိုဖြတ်သွားရင်းနဲ့ ကလေးတွေက ဖြူစိမ်းနဲ့ပဲတတ်နေကြတာကိုတွေ့ခဲ့တယ်။ ဒါမဲ့ကျောင်းတွေမှာ တပ်က ရှိနေတယ်။ တပ်ကားတွေ။ သေချာအကုန်တော့ မမြင်ခဲ့ဘူး။ ” လို့ လွိုင်ကော်မြို့မှာ နေထိုင်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့နယ်က ဒေသခံက ကျောင်းသားမိဘ တချို့ကတော့ ကလေးတွေရဲ့ ပညာရေးအတွက် အပြင်  ကလေးတွေ ထိန်းရခက်နေတဲ့အတွက် ကျောင်းတွေကို ပို့ချင်ရတာဖြစ်တယ်လို့ လွိုင်ကော်ဒေသခံ တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီကနေ အခြေခံကျောင်းတွေကို ဖွင့်လှစ်ဖို့အတွက် မေလ ၂၆ရက်နေ့ကနေ ၃၁ရက်နေ့အထိ ကျောင်းအပ်နှံရေး တီတင်းပတ်အတွင်း ကျောင်းအပ်နှံသူ ၁၂၀၀၀ ကျော်ရှိတယ်လို့ Kayah State Mediaမှာ ဖော်ပြထားပါတယ်။

လက်ရှိ စစ်ကောင်စီတပ် ထိန်းချုပ်နိုင်တဲ့ မြို့တွေဖြစ်တဲ့ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း နဲ့ မယ်စဲ့မြို့တွေမှာ ကျောင်းတွေဖွင့်လှစ်ထားတာတွေရှိနေပါတယ်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တွေအကြား တိုက်ပွဲဖြစ်ပွားနေတာကြောင်း နေရပ်ကနေ တိမ်းရှောင် ကြရတဲ့ လူပေါင် ၂သိန်းကျော်ရှိနေပါတယ်။

အဲဒီ ၂သိန်းကျော်ထဲက ၂၅ ရာခိုင်နှုန်းကျော် ဟာ အသက်၁၈ နှစ်အောက် ကျောင်းနေအရွယ်ကလေးငယ်တွေဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆရာဗညားက ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ စစ်ကောင်စီဖွင့်လှစ်တဲ့ ကျောင်းတွေကို မတက်ရောက်ပဲ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အွန်လိုင်းကနေ သင်တဲ့ ကျောင်းတွေမှာ အပ်နှံတဲ့သူတွေရှိပါတယ်။

ဒါ့အပြင် ကရင်နီပြည်က စစ်ဘေးရှောင်စခန်းတွေမှာ စစ်ရှောင်တွေ ကိုယ်တိုင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေဖွင့်တာတာရှိပြီး အရေအတွက် အားဖြင့် စာသင်ကျောင်းပေါင်း ၂၀၀ ဝန်းကျင်ရှိကာ ယခင်နှစ်မှာ ကျောင်းသားပေါင်း ၂၀၀၀၀  ကျော်ကို စာသင်ကြားပေးနိုင်ခဲ့တယ်လို့ ကယားပြည်နယ် ဆရာများသမဂ္ဂရဲ့ ပြောဆိုချက်အရသိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ