spot_img
15.2 C
Loikaw
Thursday 12, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအတွက် သယ်ယူပို့ဆောင်ရေးယာဉ်တွေလိုအပ်နေ

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအတွက် သယ်ယူပို့ဆောင်ရေးယာဉ်တွေလိုအပ်နေ

-


ကန္တာရဝတီတိုင်း(မ်)


စစ်ရှောင်ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတဲ့ နေရာမှာ အသုံးပြုဖို့ သယ်ယူပို့ဆောင်ရေးယာဉ်တွေလိုအပ်နေတယ်လို့ မူကယန်းလူမှုကူညီရေးအသင်းကပြောပါတယ်။


“ကျမတို့ ရိက္ခာတွေလည်းဝေရတယ်။ ပြီးတော့ နောက်တခု ခါကျတော့ အရေးပေါ်လူနာတွေ ရှိရင် ကျမတို့က သွားရတယ်အဲခါကျတော့ ကားက တစ်စီးထဲပဲဖြစ်နေတာပေါ့နော်။ အခုခါကတော့ ကားအခက်အခဲလည်း ရှိတယ်။” လို့ မူကယန်းလူမှုကူညီရေးအသင်းက စေတနာ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။


မူကယန်း လူမှု ကူညီရေးအသင်းဟာ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် အာဟာရတိုက်ကျွေးတာတွေနဲ့ ရိက္ခာပေးဝေတာတွေ လုပ်ဆောင်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

လက်ရှိ စစ်ရှောင်စခန်းတွေမှာ ဆေးဝါးလိုအပ်ချက်တွေ၊ မိုးရာသီအတွက် ခြင်ထောင်တွေလည်း လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။


“ ကျမတို့ mobile trip သွားနေတဲ့ အချိန်မှာပေါ့နော်။ ဒီနာတာရှည်ရောဂါသည်တွေရှိတာပေါ့နော်။ ဆေးကို စွဲသောက်ရတဲ့လူနာတွေပေါ့နော်။ အဲဒါကို ကျမတို့က အဲဒါကို ထိထိရောက်ရောက်ပေးပို့ရယ် တလစာ နှစ်လစာပေးဖို့ထက် ကျမတို့က တစ်ပတ် နှစ်ပတ်စာ ပေးဖို့လောက်ပဲ ပေးနိုင်တဲ့အခြေအနေမှာရှိတယ်။ အဲခါကျတော့ ကျမတို့ ဆေးဝါးအရမ်းလိုအပ်ခဲ့ပါတယ်။ “ လို့ မူကယန်းလူမှုကူညီရေးအသင်းက စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။


ကရင်နီပြည်က စစ်ရှောင်တွေမှာ ဆေးဝါးအချိန်မှီကုသခွင့်မရလို့ အသက်သေဆုံးခဲ့ရတယ် စစ်ဘေးရှောင်တွေလည်းရှိနေတယ်လို့  ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့တချို့ဆီကနေသိရပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) ရဲ့ ဇွန်လ ၉ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်ရင်း သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၁၁ဦး ရှိတယ်လို့ ဆိုပါတယ်။


ကရင်နီပြည်မှာ တစ်နှစ်ကျော်အတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လူဦးရေ ထက်ဝက်ကျော်ဟာ တောထဲတောင်ထဲ စစ်ရှောင်နေရကာ ဆေးဝါးမလုံလောက်မှုကြောင့် သေဆုံးခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ