spot_img
15.3 C
Loikaw
Tuesday 17, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ရှောင်စာသင်ကျောင်း ဆက်လက်ဖွင့်လှစ်နိုင်ဖို့ ကျောင်းဆောင်သစ်ဆောက်လုပ်

စစ်ရှောင်စာသင်ကျောင်း ဆက်လက်ဖွင့်လှစ်နိုင်ဖို့ ကျောင်းဆောင်သစ်ဆောက်လုပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့ အနောက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ လာမယ့်စာသင်နှစ်အတွက် မူလတန်းကျောင်းဆောင်သစ်ကို စစ်ရှောင်တွေ ဦးဆောင်ပြီး ဆောက်လုပ်ခဲ့ပါတယ်။အရင် စာသင်နှစ်တွေက မိုးကာတဲအောက်မှာ စာသင်ကြားခဲ့ရတယ်လို့ ပြောပါတယ်။

အဆိုပါစစ်ရှောင်ကျောင်းမှာ ကျောင်းသူ ကျောင်းသားဦးရေ နည်းပါးနေတာကြောင့် ယခုနှစ်မှာ ကျောင်းဆက်လက်ဖွင့်နိုင်ဖို့ ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် လူမှုကူညီရေးအဖွဲ့တစ်ခုရဲ့ ကူညီမှုကြောင့် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီး အခုနှစ်မှာ ဆက်လက်ဖွင့်လှစ်ဖို့ စီစဥ်နေပြီဖြစ်တယ်လို့ ကျောင်းတာဝန်ခံဆရာမတစ်ဦးက ပြောပါတယ်။

“အရင်နှစ်ကတော့ ကျောင်းသား၂၀ ဝန်းကျင်ဆရာမ ၂ ယောက်နဲ့ မိုးကာအောက်မှာဘဲစာသင်တာပေါ့။ ဒီနှစ်တော့ကျောင်းဆောင်အသစ်ဆောက်လိုက် တော့ ပိုပြီးအဆင်ပြေသွားတာပေါ့။ ကျောင်းတက်မယ့် ကျောင်းသူကျောင်းသားတွေလည်း ပိုများလာတယ်။ ” လို့ ပြောပါတယ်။

လာမယ့်ပတ်အတွင်းမှာ အဆိုပါ မူလတန်းကိုဖွင့်လှစ်မှာဖြစ်ပြီး ကျောင်းသူ/သား (၃၀)ဦးကို ဆရာ/မ ၃ ဦးကနေ သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ အိမ်ခြေ (၂၀) ကျော်ရှိပြီး လူဦးရေ ၁၀၀ ဝန်းကျင်ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ