spot_img
32.1 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမိုးရွာသွန်းမှုကြောင့် ဘီလူးချောင်းရေတက်လာပြီး ချောင်းဘေးနားက အိမ်တွေမှာ ရေဝင်ရောက်

မိုးရွာသွန်းမှုကြောင့် ဘီလူးချောင်းရေတက်လာပြီး ချောင်းဘေးနားက အိမ်တွေမှာ ရေဝင်ရောက်

-

ကန္တာရဝတီတိုင်း(မ်)

နေ့စဉ်မိုးရွာသွန်းမှုရှိနေတာကြောင့် လွိုင်ကော်မြို့ရှိ ဘီလူးချောင်းရေ မြင့်တက်လာပြီး ချောင်းဘေးအနီးက ရပ်ကွက်တွေထဲ ရေဝင်ရောက်မှုရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဘီလူးချောင်း အနီးမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တချို့ကိုလည်း ပိတ်ထားလိုက်ရပြီး ရေကျမယ့်အချိန်ကို စောင့်ဆိုင်းရမယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လောလောဆယ်တော့ စိုးရိမ်ရလောက်တဲ့ ထိတော့ ရေက မမြင့်သေးပါဘူး မိုး ဆက်တိုက် ထပ်ရွာရင်တာ့ မပြောတတ်ဘူး၊ “လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဘီလူးချောင်းနဲ့ နီးစပ်တဲ့ ရပ်ကွက်အတွင်းမှာလည်း ရေဝင်ရောက်နေပြီး ကျန်းမာရေးပြဿနာဖြစ်ပွားလာမှာကို စိုးရိမ်မှုရှိတယ်လို့ ဆိုပါတယ်။

Photo – CJ

“လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က ရေ တစ်ခါကြီးဖူးတယ်၊ အဲ့တုန်းက ကမ်းတွေပါပြိုတာ ၊ တော်တော်လေး ဒုက္ခ ရောက်တယ်။ အဲ့အချိန်ကစပြီး ဘီးလူးချောင်းနားတွေ တာဘောင်တွေ ဆောက်ခဲ့တာ။ ဒီနှစ်တော့ အဲ့တုန်းကလောက် ဖြစ်မယ်မထင်ဘူး “လို့ လွိုင်ကော်မြို့ခံ ရပ်မိရပ်ဖ တစ်ဦးက ၎င်းရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

ဘီလူးချောင်းဘေးတစ်လျှောက်က ဒေါတမ၊ လောဓမ၊ ဓမ္မာရုံ၊ မှုံပြာ၊ နန်းကွတ်၊ ဈေးပိုင်း၊ ရွှေတောင်၊ ဒေါနိုးကူး ရပ်ကွက်တွေမှာ ယခုရက်ပိုင်းအတွင်း ရေစတင်ဝင်ရောက်တယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ