spot_img
18 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းလွိုင်ကော်မှာ ပရဟိတ အသင်းကား တချို့ သိမ်းဆည်းခံရ

လွိုင်ကော်မှာ ပရဟိတ အသင်းကား တချို့ သိမ်းဆည်းခံရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး တစ်လေးလုံး စစ်ဆင်ရေး စတင်ပြီးနောက်မှာ လွိုင်ကော်က လူထုတွေကို ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ပရဟိတ အသင်းတစ်ခုရဲ့ ကား တချို့ သိမ်းဆည်းခံရတာရှိတယ်လို့ ပရဟိတအသင်းအဖွဲ့ တစ်ခုဆီကနေ သိရပါတယ်။

“ဒီမြို့ထဲက ဒီတခြား ပရဟိတအသင်းထဲ က နှစ်စီးတော့ တမြန်နေ့(၁၁ရက်နေ့) တုန်းက အသိမ်းခံရတယ်ဗျ။ သိမ်းတာက စစ်‌‌ကောင်စီက သိမ်းတာပေါ့။ သိမ်းသွားတယ်လို့ပဲ ကြားသေးတယ်ဗျ။ သွား ပြန်ရသေးလာ မရသေးလာတော့ မသိသေးဘူး ‌ဗျ” လို့ ပရဟိတအသင်းဝင်တစ်ဦးက ဆိုပါတယ်။

လူထုတွေကို ကူညီရင်း ပရဟိတ အသင်းက ကား၂ စီးအသိမ်းခံရတယ်ဆိုတဲ့ အကြောင်းကိုတော့ သိမ်းဆည်းခံရတဲ့ ပရဟိတ အသင်းက လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားထားတာကိုတော့ တွေ့ရှိရပါတယ်။

နာနတ်တောရပ်ကွက်မှာနေတဲ့ မိဘပြည်သူတွေကို နောင်ယားဘုရားကျောင်းနဲ့ နောင်ယားရပ်ကွက်က ဆွေမျိုးတွေဆီ ပို့ဆောင်ကူညီခဲ့ပြီး လက်ရှိမှာတော့ ထပ်မံပို့ဆောင်ကူညီဖို့ လမ်းတစ်ဝက်မှာ ကား၂စီးလုံး အသိမ်းခံရတာကြောင့် မိဘပြည်သူတွေကို ထပ်မံ မကူညီနိုင်တော့တဲ့အကြောင်းကို အဆိုပါ ပရဟိတအသင်းက ရေးသား ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်ကိုအတည်ပြုဖို့ အဆိုပါ ပရဟိတ အသင်းအဖွဲ့ကို ကန္တာရဝတီတိုင်း(မ်) သတင်းဌာနအနေနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တစ်လေးလုံး စစ်ဆင်ရေးစတင်ချိန်ကစပြီး လွိုင်ကော်က ပြည်သူလူထုတွေ အိမ်ထဲပိတ်မိနေတာရှိသလို လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူတွေလည်း ရှိပါတယ်။ လွိုင်ကော်မြို့အတွင်းက ပရဟိတ အသင်းအဖွဲ့တွေအနေနဲ့ ကူညီကယ်ဆယ်ရေးအတွက် အသင့်ရှိနေပေမဲ့ စစ်ကောင်စီရဲ့ အတားအဆီးတွေကြောင့် ကူညီကယ်ဆယ်ရေး မလုပ်ဆောင်နိုင်သေးဘူးလို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ