spot_img
27.8 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းစစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၇)နှစ်အရွယ် ပရဟိတအသင်းဝင်တစ်ဦး သေဆုံး

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၇)နှစ်အရွယ် ပရဟိတအသင်းဝင်တစ်ဦး သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (နိုဝင်ဘာလ ၁၃ ရက်နေ့ ) မနက် ၁၀နာရီခွဲအချိန်မှာ လွိုင်ကော်မြို့နယ်၊ နာနတ်တောရပ်ကွက်ဖက်မှာ စစ်ကောင်စီ ပစ်ခတ်တဲ့လက်နက်ကြီးတစ်လုံးဟာ မန်ကျည်းပင်ပေါ် ကျရောက်ပြီး လက်နက်ကြီးစ ပြန်စင်တာကနေ ပရဟိတအသင်းဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ နာနတ်တောမှာ ထုလာတဲ့ လက်နက်ကြီး ၊ သစ်ပင်ကို မှန်ပြီးမှ သူ့ကိုထိတာ။ နာနတ်တောမှာဘဲ။ အသင်းသားထဲကပဲ။ ”လို့ အဆိုပါ ပရဟိတအသင်း၀င်တစ်ဦးက ပြောပါတယ်။

လက်နက်ကြီး စ ထိမှန်သေဆုံးသွားတဲ့သူမှာ အသက် (၁၇) နှစ်အရွယ်အမျိုးသားဖြစ်ပြီး ပရဟိတ အသင်းတစ်ခုမှာ ၁နှစ်ဝန်းကျင် တာဝန်ထမ်းဆောင်နေပြီလို့ သိရပါတယ်။ ပြည်သူလူထုကို ကူညီဆောင်ရွက်ရင်း အဲ့ဒီ ပရဟိတ အသင်းဖွဲ့စည်းတာ (၂ ) နှစ်ကျော်ကြာရှိပြီလို့ ဆိုပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့မှာ တစ်လေးလုံး စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း အရပ်သားပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတ သမားတွေထဲကလည်း လက်နက်ကြီး ကျရောက်မှုကြောင့် သေဆုံးမှုရှိနေပြီလို့ ပရဟိတအသင်းတွေက ပြောပါတယ်။

လတ်တလောတိုက်ပွဲတွေကြောင့် ပိတ်မိတဲ့အရပ်သားလူထုတွေကို ကူညီဆောင်ရွက်နေတဲ့ ပရဟိတကားတချို့လည်း စစ်ကောင်စီက သိမ်းဆည်းထားပါတယ်။ နောက်ရက်တွေမှာ ပြန်ပေးမယ်လို့ ပြောဆိုထားပေမဲ့ လက်ရှိအချိန်ထိ ဖုန်းဆက်နေပေမဲ့ မရရှိသေးဘူးလို့ အဆိုပါ ပရဟိတအသင်းထံကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ