Homeသတင်းဒီးမော့ဆိုမြို့မ ရဲစခန်းက စစ်ကောင်စီတပ်သားတွေ တပ်ဆုတ်သွား

ဒီးမော့ဆိုမြို့မ ရဲစခန်းက စစ်ကောင်စီတပ်သားတွေ တပ်ဆုတ်သွား

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆို မြို့နယ်၊ မြို့မ ရဲစခန်းမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဟာ စခန်းကို စွန့်ပစ်သွားပြီး ခမရ ၄၂၇/ ခလရ ၁၀၂ တပ်စခန်း ဘက်ကို တပ်ဆုတ်သွားခဲ့တယ်လို့ ဒီးမော့ဆို Local PDFရဲ့ ရဲဘော်တစ်ဦးကပြောပါတယ်။

“ဘယ်ရက်ကဆုတ်သွားလဲတော့မသိဘူး။ ကျွန်တော်တို့ PDF/ KA/ KNDF ပေါင်းပြီး ၂၇ရက်နေ့မှာ ရဲစခန်းဝင်ဝိုင်းတော့ အထဲမှာ စစ်သားတွေတစ်ယောက်မှမရှိတော့ဘူး။ အကုန် ၁၀၂ ဘက်ဆုတ်သွားတယ်ထင်တယ်။ “ လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၁ မေလ ကတည်းက မြို့မ ရဲစခန်းအတွင်း တပ်စွဲနေရာယူထားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ဒီးမော့ဆိုမြို့ပတ်ဝန်းကျင်ကို တော်လှန်ရေးတပ်ပေါင်းစုတွေက ပြန်လည်နေရာယူထားပြီး မိုင်းရှင်းလင်းမှုတွေကိုလည်း လည်းပြုလုပ်နေတယ်လို့ဆိုပါတယ်။

ပြည်သူအချို့လည်း နေအိမ်က ပစ္စည်းပြန်လည်သယ်ယူတာတွေရှိပြီး စစ်ကောင်စီ ရဲ့ ခလရ ၁၀၂ တပ်စခန်းကနေ ဒီးမော့ဆိုမြို့ထဲကို လက်နည်းကြီးတွေနဲ့ မကြာခန ပစ်ခတ်နေတယ်လို့သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ