spot_img
27.5 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုစစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ ဈေးကြီးပေးပြီး ဝယ်သုံးနေရ

ဒီးမော့ဆိုစစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ ဈေးကြီးပေးပြီး ဝယ်သုံးနေရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ သောက်သုံးရေကို ဈေးကြီးပေးပြီး ဝယ်ယူသုံးစွဲနေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ဂါလံ ၁ထောင်ပါတဲ့ ရေကားတစ်စီးကို ၆သောင်းကျပ်ကနေ ၈သောင်းကျပ်အထိ ပေးဝယ်ပြီး ဝယ်ယူသုံးစွဲရတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“ဒီကားမှာ ဂါလံတစ်ထောင်လောက်ပဲပါတာပေါ့နော် အဲ့ဒါကို တစ်ကြိမ်ဆို ၈ သောင်း လောက်ပေးရတာပေါ့။ အရင်တုန်းက ၃ ၊၄ သောင်းပဲပေါ့ အခု စက်သုံးဆီဈေးတွေတက်တော့ အဲ့လောက်ဖြစ်သွားပြီ “ လို့ စစ်ရှာင်ကူညီသူတစ်ဦးက ပြောပါတယ်။

ရေအရင်းအမြစ်ရှားပါးတဲ့အပြင် စစ်ရှောင်ဦးရေများပြားလာပြီး စစ်ရှောင်စခန်းမှာ ရေမလုံလောက်တော့တာကြောင့် ဝယ်သုံးနေရတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အနေနဲ့တော့ စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေရရှိဖို့ စက်သုံးဆီဈေးအတွက် ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတယ်လို့ ဆိုထားပါတယ်။

“လူကလဲ အစကတည်းကလဲ များတယ်။ ခုလက်ရှိထက် ပိုများလာတော့ အရင်တုန်းက ရေက သူဟာနဲ့သူ သုံးတာ အဆင်ပြေတယ်။ အခုက လူတအားများတော့ ဒေသခံလဲ မလုံမလောက်ဖြစ်တယ်။ စစ်ရှောင်တွေလဲ မလုံမလောက်ဖြစ်တော့ IEC အနေနဲ့တော့ တစ်ခုရှိတာက အတတ်နိုင်ဆုံး ရေသယ်ဖို့အတွက် ဆီတွေ နည်းနည်းပါးပါး ပံ့ပိုးပေးရုံကလွဲရင်ပေါ့နော်” လို့ IEC အတွင်းရေး မှူး ၂ ဦးဗညားက ပြောပါတယ် ။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်လူဦးရေ ၁ သိန်း ဝန်းကျင်ရှိနေပြီး ရေရှားပါးတာကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ဝမ်းပျက်ဝမ်းလျှော နဲ့ အရေပြား ရောဂါတွေဖြစ်ပွားလာမှာကို စိုးရိမ်တယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ