spot_img
14.7 C
Loikaw
Thursday 26, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဆယ်သဲဖောင်ဒေးရှင်း ၁၀ နှစ်ပြည့် အခမ်းအနား ပြုလုပ်

ဆယ်သဲဖောင်ဒေးရှင်း ၁၀ နှစ်ပြည့် အခမ်းအနား ပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ပညာရေးလုပ်ငန်းတွေလုပ်ဆောင်ပေးနေတဲ့ ဆယ်သဲဖောင်ဒေးရှင်း ရဲ့ ၁၀ နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ထိုင်းနယ်စပ်တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။

“ဒီ ဆယ်သဲ ဖောင်ဒေးရှင်း လုပ်ရခြင်း အကြောင်းအရင်းက ပထမဆုံးတစ်ခုက ပြည်တွင်းမှာရှိတဲ့ သားသမီးတွေ မက ပြည်ပက လူထု ကရင်နီလူမျိုးတွေ အားလုံး အတွက် ပညာရေး အခွင့်အရေးတွေကို ရရှိနိုင်ဖို့ အရည်အသွေး ရှိဖို့ ကျမတို့ ဆယ်သဲ ဖောင်ဒေရှင်း ကို လုပ်ရခြင်းဖြစ်တယ်။” လို့ ဆယ်သဲ ဖောင်ဒေးရှင်း တာဝန်ခံ မော်မီးမာက ပြောပါတယ်။

အဆိုပါ ဆယ်သဲဖောင်ဒေးရှင်း ၁၀ နှစ် ပြည့် အခမ်းအနားမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ခေါင်းဆောင်တွေနဲ့ အခြား လူမှုအသင်းအဖွဲ့ တွေလည်း တက်ရောက်ခဲ့ပါတယ်။

ဆယ်သဲဖောင်ဒေးရှင်းဟာ ကရင်နီပြည်အတွင်းမှာ ပညာရေးနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဆယ်သဲဖောင်ဒေးရှင်းလက်အောက်မှာရှိတဲ့ ဆယ်သဲကောလိပ်ကျောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ ရက် ညသန်းခေါင်ယံ အချိန်မှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီး အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ