spot_img
19.5 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် အတွက် ကျရာအခန်းကဏ္ဍကနေ ဆောင်ရွက်ကြဖို့ ကရင်နီနှစ်သစ်ကူးနေ့မှာ KNPP တိုက်တွန်း

ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် အတွက် ကျရာအခန်းကဏ္ဍကနေ ဆောင်ရွက်ကြဖို့ ကရင်နီနှစ်သစ်ကူးနေ့မှာ KNPP တိုက်တွန်း

-

ကန္တာရဝတီတိုင်း( မ် )

ကရင်နီသက္ကရာဇ် (၂၇၆၃)ခုနှစ်၊ လဲဟျာ (၁) ရက်၊ ဒီကနေ့ ဧပြီလ ၉ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီ အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ထိုင်းနိုင်ငံနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းအမှတ် ( ၁ ) မှာ ပြုလုပ်သွားခဲ့ပါတယ်။

ကရင်နီအမျိုးသားများရဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် ပြန်လည်ရရှိရေးအတွက် မိမိတို့အားလုံး ကျရာအခန်းကဏ္ဍတွေမှာ ခွန်အားအသစ်နဲ့ ဆောင်ရွက်သွားကြဖို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ပါတီဗဟိုဌာနချုပ်ကနေ သဝဏ်လွှာပေးပို့ပြီး တိုက်တွန်းနိုးဆော်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို အမြစ်ပြတ်ဖြုတ်ချနိုင်ရေးနဲ့ ကရင်နီအမျိုးသားများ လိုလားတဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်၊ တန်းတူရေး၊ ဒီမိုကရေစီရေးနဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံးတည်ဆောက်နိုင်ရေးအတွက် အရေးကြီးတာကြောင့် ကရင်နီအမျိုးသားများအားလုံး နိုင်ငံရေး နဲ့ ခုခံတော်လှန်ရေးမှာ နိုးကြားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အမျိုးသားရေးတာဝန်များကို ကျရာအခန်းကဏ္ဍမှာ ထမ်းဆောင်ကြပြီး စည်းလုံးညီညွတ်ရေးမှုကို တည်ဆောက်ကြဖို့ အထူးလိုအပ်တယ်လို့ ဆိုထားပါတယ်။

အခမ်းအနားမှာတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ( CRPH ) မှ ပေးပို့လာတဲ့ သဝဏ်လွှာတွေ ဖတ်ကြားခြင်း၊ ကရင်နီနောက်ခံ သမိုင်းဖတ်ကြားခြင်း၊ ကရင်နီရိုးရာအကနဲ့ ဖျော်ဖြေတင်ဆက်ခြင်း၊ သီချင်းသီဆိုခြင်း စတဲ့အစီအစဉ်တွေ ပြုလုပ်သွားခဲ့ကြပါတယ်။

ဒီကနေ့အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ တာဝန်ရှိသူများ၊ ထိုင်းအာဏာပိုင်များ၊ စခန်းနေ မိဘပြည်သူများ စုစုပေါင်း ၂၀၀ ဝန်းကျင် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ