spot_img
17 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းစစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကို မော်ချီးဒေသခံတွေကြောက်လန့်နေ

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကို မော်ချီးဒေသခံတွေကြောက်လန့်နေ

-

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသက ပြည်သူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုအပေါ် စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

” စစ်ကောင်စီက ထုတာတော့ အမှန်ပဲ။ ကိုယ်မှ မဟုတ်ဘူးကွာ တခြားမိသားစုတွေလည်း အဲ့လိုပဲ တွေးမှာပဲ။ တကယ်တမ်းပြောရရင် တအားကြောက်ပါတယ်။ ကိုယ်ပဲမဟုတ်ဘူး တခြားလူကို ထိမှာလည်း ကိုယ်ကစိုးရိမ်တယ်။ မော်ချီးမာရှိတဲ့ သက်ကြီးရွယ်အို မိခင်တွေလည်း နေ့ရောညရော ‌ရွှေ့ပြောင်း ရွှေ့ပြောင်းနဲ့ အဆင်းအသက်တွေ ခက်တယ်။ ” လို့ မော်ချီးဒေသခံ ကိုစိုးဦး က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၉) ရက်နေ့က စတင်ခဲ့တဲ့ ဖားဆောင်းတိုက်ပွဲဟာ ဧပြီလထိတိုက် ပွဲ ဖြစ်ပွားလျက်ရှိနေပါတယ်။

ယခုလို တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဖားဆောင်းမြို့နယ် မော်ချီးဒေသက ပြည်သူတွေဟာ မော်ချီးဖက်သို့ တိုက်ပွဲ ကူးစက်လာမှာကို စိုးရိမ်နေကြပါတယ်။ ဖားဆောင်းမှာတိုက်ပွဲ ဖြစ်ပွားနေပေမဲ့ မော်ချီးဒေသဘက်ထိ လက်နက်ကြီးပစ်ခတ်မှုတွေရှိနေတာပါ။

မော်ချီးဒေသမှာ ခဲကျင်းလုပ်ကွက်အထိ လက်နက်ကြီးတွေ ကျရောက်မှုရှိတာ‌ ကြောင့်လည်း မော်ချီး‌က ပြည်သူတွေ စိုးရိမ်ပူပန်မှုနဲ့ နေနေကြရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ လက်နက်ကြီးတွေ ရမ်းသမ်းထုရုံသာမက မော်ချီးဒေသ ကိုလည်း လေယာဉ်‌နဲ့ ကင်း‌ထောက်တာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ