Homeသတင်းရှားတောမြို့နယ်က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်နေရာအတွက် သင်ထောက်ကူပစ္စည်းတွေလိုနေ

ရှားတောမြို့နယ်က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်နေရာအတွက် သင်ထောက်ကူပစ္စည်းတွေလိုနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ရှားတော မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတစ်ခုမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းအတွက် သင်ထောက်ကူပစ္စည်းတွေနဲ့ စာ‌ရေး ကိရိယာ လိုအပ်နေတယ်လို့ သိရပါတယ်။

“အခုလောလောဆယ်က စာရေးကိရိယာ တွေ အဓိက လိုအပ်တာပေါ့ တကယ်တမ်းပြောရမယ်ဆိုရင် ရေ အဲ့တာ အဓိက နည်းနည်းလိုအပ်တာပေါ့ ။ ဆရာမ သုံးဖို့မှင်၊ မှင်ချောင်းတို့၊ ကလေးဗလာစာအုပ်တွေပေါ့ ဘောပင်တွေ၊ ခဲတံတွေ အဓိက အဲ့တာတွေလိုတာ။“ လို့ ရှားတောစစ်ရှောင်စခန်းရဲ့ ကျောင်းတာဝန်ခံ ဆရာမ တစ်ဦးက ပြောပါတယ်။

အဆိုပါစာသင်ကျောင်းမှာ မူလတန်းလွန်ကျောင်းဖြစ်ပါတယ်။ KG တန်းကနေ ၅ တန်း အထိဖွင့်လှစ်ထားပြီး မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ၊ အထွေထွေဘာသာ၊ စာရိတ္တ၊ ဘဝ စတဲ့ဘာသာရပ်တွေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။

“ပညာရေးပိုင်းခါကျ‌တော့ ဒီစစ်‌ရှောင်မှာတော့ သူတို့ စခန်းနဲ့သူ ပညာရေးက ဖွင့်နေကြပြီး သူတို့ တတ်နိုင်တဲ့ အနေအထားကနေ‌ သူတို့ကတော့ ကျောင်းတွေ ခုဆို ဖွင့်နေကြပြီးပေါ့နော။ စခန်း ၁က တစ်ကျောင်း၊ စခန်း ၃ က တစ်ကျောင်း ၊ စခန်း ၂ က တစ်ကျောင်း ဆိုပြီးတော့မှ သူတို့ ဖွင့်နေကြပြီးပေါ့နော်။ ဒီနှစ်မှာက မူလတန်းအထိ ဖွင့်နိုင်သေးတဲ့ ခြေနေ အနေအထားမျိုးမှာပဲ ရှိနေသေးတယ်ပေါ့နော်” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

အဆိုပါစစ်ရှာင်စခန်းက စာသင်ကျောင်းမှာ ကျောင်းသူ/ကျောင်းသား စုစုပေါင်း ၁၀၀ ဦး ရှိနေပြီး ဆရာ၊ ဆရာမ ၁၀ဦး နဲ့ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ