spot_img
16.3 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းတစ်နေရာမှာ KSP သုံးနှစ်ပြည့်အခမ်းအနားကို အကျဉ်းချုံးပြုလုပ်

ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းတစ်နေရာမှာ KSP သုံးနှစ်ပြည့်အခမ်းအနားကို အကျဉ်းချုံးပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ရဲဌာန (KSP) ဖွဲ့စည်းတည်ထောင်ခြင်း ( ၃)နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည် ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းက အမှတ်(၆) ရဲစခန်းနယ်မြေမှာ ယမန်နေ့ (ဩဂုတ်လ ၂၅ )က အကျဉ်းချုံး ကျင်းပခဲ့ပါတယ်။

KSP သုံးနှစ်ပြည့် အခမ်းအနားမှာ ပြည်သူတွေအနေနဲ့ KSP ကို ပိုမိုသိလာစေဖို့၊ ပြည်သူတွေနဲ့ ရင်းနှီးကျွမ်းဝင်စေဖို့အတွက် ဘောလုံး အားကစားပြိုင်ပွဲလည်း ထည့်သွင်းပြုလုပ်သွားပါတယ်။

“(၃) နှစ်ပြည့်လုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း တော်တော်များများလည်း KSP ကို ဒီဖရူဆိုအနောက်ဖက်ခြမ်းမှာ သိတဲ့သူ မရှိသလောက်ဖြစ်နေတဲ့အတွက်ကြောင့်လည်း ပါတယ်။ ဒါကြောင့် ကျနော်တို့ KSP ရှိတယ်ဆိုပြီးမှ ဘောလုံးပွဲတွေဘာတွေ (၃)နှစ်ပြည့်အခမ်းအနားကို အုပ်စုမှူး၊ ဥက္ကဌ၊ ဌာနဆိုင်ရာအကုန်လုံး ကျနော်တို့ဖိတ်ထားတယ်။ ပြီးမှကျနော်တို့စကားပြောတယ် ရင်းနှီးမှုရှိအောင်လုပ်တာပေါ့နော်။” လို့ ကရင်နီပြည်ရဲဌာန(KSP) ၊ အမှတ်(၆)ရဲစခန်းရဲ့ စခန်းမှူး ပက်ထရစ်ဖြိုးက ပြောပါတယ်။

အခမ်းအနားကို ကရင်နီပြည်ရဲဌာန (KSP)တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ ၊ တော်လှန်ရေးတပ်များ ၊ ကျေးရွာအသီးသီးက ဥက္ကဌများ ၊ ပြည်သူလူထုများ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ