spot_img
15.3 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းမိုးသည်းထန်ပြီး ထူးချောင်းရေကြီးမှုကြောင့် ဒီးမော့ဆို ကနေ မော်ချီးသွားတဲ့ ကုန်တင်ကားတချို့ ရေစီးနဲ့အတူ မျောပါသွား

မိုးသည်းထန်ပြီး ထူးချောင်းရေကြီးမှုကြောင့် ဒီးမော့ဆို ကနေ မော်ချီးသွားတဲ့ ကုန်တင်ကားတချို့ ရေစီးနဲ့အတူ မျောပါသွား

-

ကန္တာရဝတီတိုင်း(မ်)

စက်တင်ဘာလ (၁၀)ရက်နေ့ ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီးမော့ဆိုမြို့နယ်ကနေ ဖားဆောင်းမြို့နယ် မော်ချီးဒေသဘက်ကို သွားလာနေတဲ့ ကုန်တင်ကားတချို့ဟာ ထူးချောင်းမှာ ရေစီးနဲ့ အတူမျောပါသွားတယ်လို့ သိရပါတယ်။

မျောပါသွားတဲ့ကားရှိသလို ရေနစ်မြှုပ်သွားတဲ့ ကုန်တင်ကားလည်းရှိတယ်လို့ ဆိုပါတယ်။ vigo ၊ isuzu ၊ Misubishi ၊ tiger အမျိုးအစား ကားတွေပါဝင်ပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

စက်တင်ဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းမှာ ချောင်းရေ မတက်လာသေးပဲ ညပိုင်းမှသာ ရေတက်လာပြီး ကားတွေ မျောသွားတာဖြစ်နိုင်တယ်လို့ ဒီးမော့ဆို ကနေ မော်ချီးသို့ ကုန်တင်သွားလာနေတဲ့ ကားဆရာတစ်ဦးက ပြောပါတယ်။

“မနေ့မနက်က ပြန်လာတာ ရေ အဲ့လောက်မတက်သေးဘူးလေ။ ညပိုင်းမှ ရေတကုန် ထိုးတက်လာတာဖြစ်မယ်။ ရေချောင်းနံဘေးမှာ ထားတဲ့ကားတွေ ရေကအရှိန်နဲ့ တခါတည်းဆင်းလာတော့ သူတို့ကားတွေ ဘာတွေ မထုတ်နိုင်တော့ ရေထဲပါသွားတာ‌ဖြစ်မယ်။” လို့ သူကဆိုပါတယ်။

အဆိုပါကုန်ကားတွေဟာ ဒီးမော့ဆိုမှ မော်ချီးကို ခဲကျင်းသုံးပစ္စည်းတွေ၊ စားသောက်ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးတာဖြစ်ပြီး ကားတစ်စီးကို မြန်မာကျပ်ငွေ သိန်း (၅၀၀)နီးပါး တန်ဖိုးရှိတဲ့ကုန်တွေကို တင်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်ကနေ မော်ချီးဒေသဘက်ကို ကုန်သွယ်တဲ့လမ်းဟာ မိုးရာသီမှာ သွားလာရေးခက်ခဲတာဖြစ်ပြီး ကုန်တင်သွားလာတဲ့သူတွေဟာ လမ်းခုလတ်မှာ ညအိပ်ရတာ‌ဖြစ်ပါတယ်။

ချောင်းရေတက်လာတာကြောင့် လှေကူးတာကို ရပ်နားထားပြီး ‌ စက်တင်ဘာလ (၁၀)ရက်နေ့မှ (၁၁)ရက်နေ့ထိ ရေ ဆက်တိုက်မြှင့်တက်နေတယ်လို့လည်း သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ