spot_img
18.7 C
Loikaw
Wednesday 8, October 2025
spot_img
Homeသတင်းပင်လောင်း-ဖယ်ခုံနယ်စပ်မှာ ရက်ရှည်တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများတိမ်းရှောင်နေရ၊ ကျေးရွာအတွင်း ပိတ်မိနေသူများရှိနေ

ပင်လောင်း-ဖယ်ခုံနယ်စပ်မှာ ရက်ရှည်တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများတိမ်းရှောင်နေရ၊ ကျေးရွာအတွင်း ပိတ်မိနေသူများရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နဲ့ ဖယ်ခုံမြို့နယ်စပ်တွေမှာ ရက်ရှည်တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နယ်စပ်မှာရှိတဲ့ ကျေးရွာအများစုဟာ ရွာလုံးကျွတ်တိမ်းရှောင်နေရပြီး ကျေးရွာအတွင်း ပိတ်မိနေခဲ့သူတွေလည်းရှိတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

တိုက်ပွဲကြောင့် ရွာလုံးကျွတ်တိမ်းရှောင်ရတာ တစ်ပတ်ရှိပြီလို့ ဗန်း‌မောက်ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ရွာလုံးကျွတ်ပြေးရတယ်။ ပိတ်မိတဲ့သူတွေလည်း ရှိတယ်။ ကျနော့်အမေလည်း ကျန်နေခဲ့တယ်။ ရွာလုံးကျွတ်ပြေးကြတာ တပတ်လောက်ရှိပြီ။ PNO ဖက်ကပေါ့။ ပေးမထွက်တာကော လမ်းပိတ်တာကော။ လမ်းပိတ်တာလည်း တလလောက်ရှိပြီလေ။ ပိတ်မိတာတော့ ဗန်းမောက်ရွာပဲသိတယ်။ လူ ၂၀၀ လောက် ကျန်နေခဲ့ဦးမယ်”လို့ ‌ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဓါတ်ပုံ- Ye Naung Seven Colour

ရွာလုံးကျွတ်တိမ်းရှောင်ကြတဲ့ကျေးရွာတွေဟာ ဗန်းမောက်၊ ကုန်းပေါ၊ ဆောင်လန်၊ လွိုင်ကျိုင်း၊ ပင့်စုံ၊လွယ်ဖွီး စတဲ့ကျေးရွာတွေဖြစ်ပြီး လူဦးရေ၂သောင်းဝန်းကျင်ရှိကာ ပင်လောင်းမြိို့ပေါ်၊ နောင်တရား၊ ညောင်ရွှေမြို့နယ်ဖက်တွေမှာ တိမ်းရှောင်ကြတယ်လို့ သိရပါတယ်။

ပင်လောင်း-ဖယ်ခုံနယ်စပ်ဖက်က တိုက်ပွဲဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ အစပိုင်းကတည်းက စတင်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ ပြောလို့မရသေးဘူးလို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်) ကိုဖြေကြားထားတာ ရှိပါတယ်။

“ပင်လောင်းဖက်တိုက်ပွဲကတော့ စစ်ကောင်စီက ပင်လောင်း၊ ဆောင်းပြောင်းဖက်ကနေ ဖယ်ခုံမြို့နယ်ဖက်ကို စစ်ကြောင်းထိုးလာတာတွေရှိတယ်။ နမ့်ဖာမူတို့ နောင်ဝိုးတို့ အနားတစ်ဝိုက်မှာ တိုက်ပွဲတွေက စက်တင်ဘာလ လစပိုင်းကတည်းက ဖြစ်နေတာ ဖြစ်ပါတယ်။ တိုက်ပွဲအခြေအနေ အသေးစိတ်တော့ ကျနော်တို့ဖက်လည်း ပြောလို့ မရသေးပါဘူးပေါ့နော်။ ထိခိုက်မှုအခြေအနေက အသေးစိတ် ပြောလို့မရသေးပါဘူး”လို့ တာအယ်စိုးက ဖြေကြားထားပါတယ်။

လက်ရှိအချိန်ထိ တိုက်ပွဲတင်းမာနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉/၂၀/၂၁ ရက်နေ့တွေမှာ လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေ မြင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ