spot_img
32.5 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ တပ်ရှိရာကနေ တောမီး လောင်ကျွမ်းနေ

ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ တပ်ရှိရာကနေ တောမီး လောင်ကျွမ်းနေ

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ မတ်လ ၃ ရက်နေ့ ၊ ညနေ ၂ နာရီဝန်းကျင်အချိန်ကစပြီး ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ တပ်ရှိရာကနေ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကျေးရွာရှိရာဖက်ကို တောမီး‌တွေ စတင်လောင်ကျွမ်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညပိုင်းအချိန်ထိ တောမီး​လောင်ကျွမ်းနေဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“အခု ၈ နာရီနဲ့ ၄၅ မိနစ်ရှိပြီ။ မီးကလောင်နေသေးတယ်။ ညနေပိုင်း ၂ နာရီဝန်းကျင်လောက်က စတင်လောင်တာ။”လို့ ဒီးမော့ဆို ဒေသခံတစ်ဦးက ပြောပါတယ်။

တောမီးလောင်တဲ့ ညနေပိုင်းမှာ တွေ့ရှိတဲ့ ဒေသခံတချို့က မီးတားဖို့ ကြိုးစားကြပေမယ့် မီးအရှိန်များလွန်းတာကြောင့် မတားနိုင်သလို လက်နက်ကြီးပစ်ခတ်လာမှာကိုလည်း လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် မတားနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း ဒီးမော့ဆိုအခြေစိုက် ခမရ ၄၂၇ တပ်ရင်းရှိရာဖက်ကနေ နှစ်ရက်ဆက် တောမီးလောင်ကျွမ်းခဲ့တာကြောင့် ကျေးရွာအတွင်း ကူးစက်မှုရှိမှာကို ဒေသခံတွေ စိုးရိမ်ခဲ့ကြပါတယ်။

နှစ်စဉ် နွေရာသီရောက်ရှိတိုင်း တောမီးလောင်ကျွမ်းမှုရှိတာကြောင့် တောမီးဘေးအန္တာရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် မီးတားလမ်း ပြုလုပ်တာအပြင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကနေ အထူးကရုစိုက်ကြဖို့ အသိပေးထုတ်ပြန်ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ