spot_img
20.1 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်တစ်လုံးပျက်စီး ၊ လူထိခိုက်မှုမရှိ

ဒီးမော့ဆိုအနောက်ခြမ်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်တစ်လုံးပျက်စီး ၊ လူထိခိုက်မှုမရှိ

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အ‌နောက်ခြမ်းမှာရှိတဲ့ လူစည်ကားရာ စျေးဆိုင်တန်းနဲ့ အနီးအနားကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဗုံးစထိမှန်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မတ်လ ၄ ရက်နေ့၊ နေ့လည် ၁၂ ကျော်အချိန်မှာ စစ်ကောင်စီက ၈ လုံးထက်မနည်း လေကြောင်းကနေ ဗုံးကြတိုက်ခိုက်ခဲ့တာပါ။

ဗုံးစကြောင့် စစ်ရှောင်နေအိမ် တစ်လုံးပျက်စီးသွားခဲ့ပြီး လမ်းသွားသူတစ်ဦးကတော့ ဆိုင်ကယ်ပေါ်က ခုန်ဆင်းလို့ ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ကောင်မလေး တစ်ယောက်က ဆိုင်ကယ်မောင်းပြီး လေကြောင်းတိုက်ခိုက်သံကြားတာကို လန့်ပြီး ဆိုင်ကယ်ပေါ်ကနေခုန်ဆင်းသွားတာ ခြေတောက်ဒဏ်ရာရတယ်”လို့ သူက ပြောပါတယ်။

စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ အဲဒီနေရာက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရှောင်လူထုတွေလုပ်ကိုင်စားသောက်ရာ ‌နေရာသာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးကြဲမှုအပြီး စစ်ကောင်စီက လက်နက်ကြီး ၃ လုံး ထပ်မံပစ်ခတ်ခဲ့တာကြောင့် ဈေးဆိုင်ခန်းတွေ အကုန်ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။ မပေါက်ကွဲသေးတဲ့ ဗုံးသီးတစ်လုံးကို လက်နက်ကိုင်တပ်ဖွဲ့တွေ ဆိုင်တန်းအနီးက တောင်ပေါ်မှာ ပြန်လည်တူးဖော်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကရင်နီပြည်နဲ့ ကယန်းဒေသမှာ စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ လေကြောင်းတိုက်ခိုက်မှု ၁၈၂၈ ကြိမ်ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ မတ်လ ၁ ရက်နေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ