spot_img
26.8 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုက လူနေအိမ်တွေကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး၊ နေအိမ် ၆လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့

ဖရူဆိုက လူနေအိမ်တွေကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး၊ နေအိမ် ၆လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့အတွင်းမှာရှိတဲ့ လူထုတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၆လုံးထက်မနည်း မီးလောင် ပျက်စီးခဲ့တယ်လို့ ဒီကနေ့ ဧပြီလ ၃ ရက်နေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ကအသိပေးထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားမှု တစုံတရာ မရှိဘဲ ဖရူဆိုမြို့ မြို့မရဲစခန်းမှာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကနေ မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကတည်းက ဖရူဆိုမြို့ပေါ် ညောင်ဇင်ရပ်ကွက် နဲ့ ရွှေပြည်သာရပ်ကွက်မှာရှိတဲ့ ပြည်သူလူထုရဲ့ နေအိမ်တွေကို စတင်မီးရှို့ခဲ့ကာ ဧပြီလ (၁) ရက်နေ့ ညနေပိုင်းအထိ လောင်ကျွမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ ဖရူဆိုမြို့ပေါ်မှာတော့ တိုက်ပွဲဖြစ်ပွားမှုတွေ မရှိတော့တာ ကြာပြီဖြစ်သလို လူထုတွေလည်း နေထိုင်မှု မရှိဘဲ စစ်ကောင်စီနဲ့ စစ်ကောင်စီနောက်လိုက် နောက်သားတွေသာ နေထိုင်ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေနဲ့ သူတို့ရဲ့ လက်အောက်ခံတွေဟာ ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းယူဆောင်တာ ၊ နေအိမ်မီးရှို့ဖျက်ဆီးတာ စတဲ့ ဥပဒေမဲ့လုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိနေတယ်လို့ KNDF ကပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ