spot_img
27.5 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းရေရှားပါးတဲ့ ဖရူဆိုစစ်ဘေးရှောင်စခန်းမှာ ဝမ်းပျက်ဝမ်းလျောစတင်ဖြစ်ပွားနေ၊ ပိုမိုဆိုးရွားလာမှာကို စစ်ရှောင်တွေ စိုးရိမ်နေ

ရေရှားပါးတဲ့ ဖရူဆိုစစ်ဘေးရှောင်စခန်းမှာ ဝမ်းပျက်ဝမ်းလျောစတင်ဖြစ်ပွားနေ၊ ပိုမိုဆိုးရွားလာမှာကို စစ်ရှောင်တွေ စိုးရိမ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မာကရော်ရှေ့ကျေးရွာအုပ်စုထဲက စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစပြီး ဝမ်းပျက်ဝမ်းလျော ဖြစ်နေကြတယ်လို့ အုပ်စုအုပ်ချုပ်ရေးမှူး က ပြောပါတယ်။

“ဒီမှာက ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဒီဖေဖော်ဝါရီမှာ ရောက်တိုင်းလို တုပ်ကွေးဖြစ်ကြတယ်၊ တုပ်ကွေးက ကိုယ်နဲ့လည်း ဆိုင်ပါတယ်၊ ကိုယ့်ကိုကိုယ် ဂရုမစိုက်ကြတာလည်း ပါမယ်၊ တကိုယ်ရေသန့်ရှင်းတာ အားနည်းတာမျိုးပေါ့၊ မနေ့တစ်နေ့ကတော့ ဝမ်းပျက်ဝမ်းလျော ရှိလာကြတယ်၊ ထိရောက်တာမျိုးတော့ မဟုတ်ဘူး၊ အစာစားမှားလို့ ဖြစ်ကြတာလားပေါနော့်”လို့ အုပ်စုမူး ဦးစိုးရယ် က ဆိုပါတယ်။

ရေရှားပါးတဲ့ ကျေးရွာအုပ်စုဖြစ်တာကြောင့်လည်း ဝမ်းပျက်ဝမ်းလျောတွေပိုပြီး အဖြစ်များလာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။

“စိုးရိမ်တယ်၊ ဆေးဝါးလည်း မရှိဘူး၊ ပြီးတော့ တတ်ကျွမ်းတဲ့ ဆေးဆရာ/မလည်း မရှိတော့ဘူးဆိုတော့လေး” လို့ သူက ဆက်ပြောပါတယ်။

ဖရူဆိုမြို့နယ်၊ မာကရော်ရှေ့ကျေးရွာအုပ်စုရှိ စစ်ရှောင်စခန်းမှာတော့ ကျေးရွာ ၆ ရွာက ဒေသခံတွေ လာရောက်နေထိုင်ကြပြီး ဆေးဆရာ၊ဆရာမတွေ မရှိတာကြောင့် ကိုယ်ထူကိုယ်ထ ဆေးပေးခန်းကို ယာယီပိတ်ထားရပါတယ်။

အဆိုပါ စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ တစ်ထောင် နီးပါး ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ