Homeသတင်းဒီးမော့ဆိုအရှေ့ခြမ်းက “ကလော်ထူလဲ” စစ်ရှောင်စခန်းမှာ ကလေးငယ်တွေ ဖျားနာမှုဖြစ်ပွားနေ

ဒီးမော့ဆိုအရှေ့ခြမ်းက “ကလော်ထူလဲ” စစ်ရှောင်စခန်းမှာ ကလေးငယ်တွေ ဖျားနာမှုဖြစ်ပွားနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက “ကလော်ထူလဲ” စစ်ရှောင်စခန်းမှာ ကလေးငယ်တွေ ကိုယ်ပူဖျားနာတာ ဖြစ်ပွားနေတယ်လို့ စစ်ရှောင်စခန်းရဲ့ ကော်မတီတာဝန်ရှိသူတဦးက ပြောပါတယ်။

“လောလောဆယ်ကတော့ ကိုယ်ပူတာတွေပဲ ဖြစ်သေးတယ်။ ဝမ်းသွားတို့ ဘာတို့တော့ မဖြစ်သေးဘူး။ဒါပေမယ့် နောက်ပိုင်းကျရင်တော့ ဖြစ်လာမှာကို စိုးရိမ်တယ်”လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက အဆိုပါ စစ်ရှောင်စခန်းမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်အားလုံးနီးပါး ဖျားနာမှုကို ရာသီဥတုအကူးအပြောင်း ကာလအတွင်း ကူးစက်ဖြစ်ပွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ယခုနှစ်မှာတော့ စစ်ရှောင်စခန်းက နေအိမ်တချို့မှာ ကလေးငယ်တွေ စတင်ဖြစ်ပွားနေကြတယ်လို့ ပြောပါတယ်။

ရာသီအကူးပြောင်းကာလမှာ ကလေးတွေဟာ ဖျားနာတာ၊ နှာစေးချောင်းဆိုးတာ၊ ခေါင်းကိုက်တာ၊ ကိုယ်ပူတာ စတဲ့ လက္ခဏာတွေ ဖြစ်ပွားလေ့ ရှိကြပါတယ်။

“ကလော်ထူလဲ” စစ်ရှောင်စခန်းမှာ ဆေးပေးခန်း မရှိတာကြောင့် အရေးပေါ် ကျန်းမာရေးအတွက် စစ်ဘေးရှောင်တွေဟာ စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။ လက်ရှိ ဖျားနာကြတဲ့ ကလေးတွေကို နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေမှာ သွားရောက်ပြသနေရတယ်လို့ ဆိုပါတယ်။ အဆိုပါ စစ်ရှောင်စခန်းမှာ နေအိမ် ၇၀ နီးပါး ရှိပြီး ၁၃ နှစ်အောက်ကလေးငယ်တွေ ၄၀ ကျော် ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ