spot_img
Homeအင်တာဗျူးဧပြီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ (၅၈) ကြိမ်မြောက် ကယောအမျိုးသားနေ့ အထိမ်းအမှတ်မှာ ကယောလူငယ်တချို့ရဲ့ စကားသံများ

ဧပြီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ (၅၈) ကြိမ်မြောက် ကယောအမျိုးသားနေ့ အထိမ်းအမှတ်မှာ ကယောလူငယ်တချို့ရဲ့ စကားသံများ

-

ဇင်မာအေး (ကယောလူငယ်တစ်ဦး)

“ ကျမအနေနဲ့ ကယောအမျိုးသားနေ့ကျင်းပတာက ပွဲတစ်ပွဲသက်သက်ပဲမဟုတ်ဘူးလို့ ထင်တယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ကပဲ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုတွေ ဘာသာစကားတွေ အထောက်အထားတွေကို ပြန်ပြီးသတိရစေတဲ့နေ့လို့ထင်တယ်။ လူငယ်တစ်ယောက်အနေနဲ့ဆိုရင် လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် တခါတလေမှာ ဒီလိုနည်းပညာတွေတိုးတက်နေတဲ့ခေတ်ကြီးမှာ မြို့ပြဘဝနေထိုင်မှုပုံစံတွေကြောင့် လူငယ်တွေတော်တော်များများက ကိုယ့်ရိုးရာယဉ်ကျေးမှုတွေကို မသိမသာမေ့သွားနိုင်ကြတယ်ပေါ့နော။ ဒါကြောင့်မို့လို့ ကယောအမျိုးသားနေ့ကို နှစ်စဉ်နှစ်တိုင်းကျင်းပဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း ပြောချင်တယ်။ ဘာဖြစ်လို့ ဒီလိုပြောရတာလဲဆိုတော့ ဒီလိုနေ့တွေကပဲ ကျမတို့ကို ငါတို့ကဘယ်သူလဲ ဆိုတဲ့မေးခွန်းကို ပြန်ထုတ်စေတဲ့နေ့တစ်နေ့ ဖြစ်နေတယ်ပေါ့နော။ လူငယ်တစ်ယောက်အနေနဲ့ ကျမအမြင်မှာတော့ ကယောရိုးရာယဉ်ကျေးမှုတွေ၊ စာပေတွေ၊ ဘာသာစကားထိန်းသိမ်းတာကတော့ လူကြီးတွေရဲ့ တာဝန်သက်သက်ပဲမဟုတ်ပါဘူး။ ဘိုးဘေးဘီဘင်တွေ သူရဲကောင်းတွေက ချန်ထားပေးခဲ့တဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေ၊ စာပေတွေရဲ့အမွေအနှစ်တွေကို လူငယ်တွေကလည်း ကိုယ့်ဘာသာစကားကို ပြောဖို့၊ ကိုယ့်ရိုးရာကိုသင်ယူဖို့၊ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ဆိုတာ အရေးကြီးတယ်ပေါ့နော။ နောက်ဆုံးအနေနဲ့က ကယောလူမျိုးအားလုံးစည်းလုံးဖို့ လိုအပ်တယ်။ ညီညွတ်ဖို့လည်းလိုအပ်တယ်။ ဒါ့အပြင် ကယောလူမျိုးတွေအားလုံး ယဉ်ကျေးမှုအမွေအနှစ်တွေ မပျောက်ပျက်အောင်၊ ထိန်းသိမ်းနိုင်ဖို့လည်း လိုအပ်တယ်လို့လည်းပြောချင်ပါတယ်။

ဂျွန်ပေါလ် (ကယောလူငယ်တစ်ဦး)

“ အမျိုးသားနေ့ ကတော့ အခြား အမျိုးသားတွေလိုပဲ ကျနော်တို့ ကယောအမျိုးသားနေ့ ဟာလည်း ကယောလူမျိုးတွေ အတွက် အထွတ်အမြတ်ထားဆုံး နေ့လို့ပဲ ကျနော်ကတော့ ခံယူထားတယ် ပေါ့နော်။ ကယော အမျိုးသားနေ့ မှာတော့ ကယောလူမျိုးတိုင်း နယ်မြေ ပိုင်းခြားထားပါစေ။ ဘာသာရေး ပိုင်းခြားထားပါစေ။ နိုင်ငံခြား တွေ ရောက်နေပါစေ။ ဘယ်နေရာ ကမ္ဘာ အရပ်ရပ်မှာ ရှိတဲ့ ဘယ်နေရာမှာ ရောက်ရောက် ပေါ့နော်။ ကယောလူမျိုးတွေ ဟာ တစ်စုတစ်စည်းတည်း ရှိတယ်။ နိုင်ငံရေးအရ ၊ လူမျိုးရေးအရ အမျိုးသားရေးအရ ကျနော်တို့က တစ်စုတစ်စည်းတည်း ရှိတယ်။ တစ်စည်းတစ်လုံးတည်း ရှိတယ်ဆိုတာကို ပြသတဲ့ အနေနဲ့ ကျနော်တို့ နေ့စဉ်နေ့တိုင်း အမျိုးသားနေ့ကို ကျင်းပရတာ ဖြစ်တယ် ပေါ့နော်။ဆိုတော့ ဒီ ကယော အမျိုးသားနေ့ ဟာ ဆိုရင် ကျနော်တို့ ကယောလူမျိုးတိုင်း ရဲ့ အထွတ်အမြတ်ထားဆုံးနေ့ လို့ပဲ က ခံယူပါတယ်။

အာနေး(ကယောလူငယ်တစ်ဦး)

“ (၅၈) ကြိမ်မြောက် ကယောအမျိုးသားနေ့မှာ ဟိုးအရင်ကတည်းကနေ အခုချိန်ထိ အစဉ်အလာကျင်းပလာခဲ့တာကိုကြားရတာ ကယောလူငယ်တစ်ဦးအနေနဲ့ဆိုလို့ရှိရင် အရမ်းဝမ်းသာပီတိဖြစ်ရတယ်ပေါ့နော။ နောက်ပြီးတော့ ကိုယ်လူငယ်တစ်ဦးအနေနဲ့ဆိုရင် ကိုယ့်လူမျိုးရဲ့ အစဉ်အလာဖြစ်တဲ့ အထိမ်းအမှတ်ပွဲနေ့ဖြစ်တဲ့ ဒီပွဲကိုပေါ့နော ဆက်လက်လက်ဆင့်ကမ်း သယ်သွားဖို့ အရေးကြီးတယ်လို့မြင်တယ်။ အဲ့ဒီအပြင် အမျိုးသားစိတ်ဓာတ်ဖြင့် ကိုယ်တွေအပြင် နောက်ကကိုယ့်မောင်နှမတွေကို ကျမတို့ရဲ့ ဒီပွဲ ကျမတို့ရိုးရာအစဉ်အလာဖြစ်တဲ့ အမျိုးသားပွဲနေ့ကို ဆက်လက်ထိန်းသိမ်းသွားကြဖို့၊ ကိုယ့်လူမျိုးတွေရဲ့ဂုဏ်ကို ရှေ့ဆောင်သွားကြရအောင်လို့ ပြောချင်ပါတယ်ပေါ့နော။”

ကယောအမျိုးသမီးလူငယ်တစ်ဦး

“ ကယောအမျိုးသားနေ့ဆိုတာက ကယောလူမျိုးရဲ့ နေ့ထူးနေ့မြတ်ဖြစ်တယ်‌ပေါ့နော။ ဒါကြောင့်မလို့ ဒီလိုမျိုးအခမ်းအနားတွေ ကျင်းပနိုင်တာကိုလည်း ဂုဏ်ယူတယ်။ အခမ်းအနားကျင်းပနိုင်ရေးအတွက် ဦးဆောင်ပြီးတော့မှ တာဝန်ယူဆောင်ရွက်နေတဲ့ လူငယ်တွေ၊ အမျိုးသားဗဟိုကော်မတီတွေ၊ စာပေတွေ ပြီးတော့မှ ကျေးရွာလူထုတွေပေ့ါနော။ ပြီးတော့မှအခမ်းနားကို တက်ရောက်ချီးမြင့်ပေးတဲ့ ကယောလူမျိုးအပြင် တခြားတိုင်းရင်းသားလူမျိုးတွေလည်း တက်ရောက်ချီးမြင့်‌ပေးတဲ့အပေါ် ဂုဏ်ယူမိတယ်။ ကိုယ့်လူမျိုးရဲ့အမျိုးသားနေ့ကို အသိမှတ်ပြုပေးလို့ ကျေးဇူးလည်းတင်တယ်ပေ့ါနော။

 

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ