spot_img
Homeသတင်းဆီးဆူ့တော်စစ်ရှောင်စခန်းမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ပါးချိတ်ရောင်ရမ်းတာ ဖြစ်ပွားနေ

ဆီးဆူ့တော်စစ်ရှောင်စခန်းမှာ ဝမ်းပျက်ဝမ်းလျှောနဲ့ ပါးချိတ်ရောင်ရမ်းတာ ဖြစ်ပွားနေ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက ဆီးဆူ့တော် စစ်ရှောင်စခန်းမှာ ဝမ်းပျက်ဝမ်းလျှော နဲ့ ကလေးတွေ ပါးချိတ်ရောင်ရမ်းတာ ဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

“နှစ်လပိုင်းက နေစတယ် ပေါ့။ နှစ်လပိုင်း၊ သုံးလပိုင်း၊ လေးလပိုင်း။ အခုက ပါးချိတ်ရောင်တာ နည်းနည်းသက်သာလာပြီဆိုမှ ဝမ်းပျက်ဝမ်းလျှော ထပ်ဖြစ်လာတယ်။” လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက အသက် ၆ နှစ်ကနေ ၁၂ နှစ်ဝန်းကျင်အရွယ် ကျောင်းနေအရွယ်ကလေးတွေက ပါးချိတ်ရောင်ရမ်းတာ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ သက်သာပျောက်ကင်းသူရှိသလို တချို့ကတော့ ပျောက်ကင်းခြင်းမရှိဘဲ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ဧပြီလအစောပိုင်းကစပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူတွေထဲ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ အဖြစ်များတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက‌ ပြောပါတယ်။

“ဘယ်လောက်ဆိုးဝါးလဲဆို သက်ကြီးရွယ်အိုထိပါတယ်ပေါ့နော်။အသက် (၈၀)အရွယ်‌ထိပါတယ်။ ကလေးနှစ်လသားအရွယ် ၊သုံးလေးလသားအရွယ်တွေ အကုန်လုံးဖြစ်တယ်။ ကျမတောင်မှ ဖြစ်တယ်” လို့ သူက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ ဆေးခန်းမရှိတာကြောင့် တခြားနီးစပ်ရာ ဆေးခန်းတွေမှာ သွားရောက်ပြသဖို့ သွားလာရေးအတွက် ကား၊ ဆိုင်ကယ် မရှိတဲ့အတွက် အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူထဲ ဆေးသွင်းရတာ ၊ အားအင်ကုန်ခမ်းတာ ၊ ဝမ်းသွားတဲ့အခါ သွေးပါတာ စတဲ့ အခြေအနေ ဖြစ်ပွားသူလည်း ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ ဆီးဆူ့တော် စစ်ရှောင်စခန်းနဲ့ အနီးအနား စစ်ရှောင်စခန်း‌‌မှာ အိမ်ခြေ (၃၀၀) ကျော် ရှိပြီး လူဦးရေ (၁)ထောင် ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ