HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ မေလ ( ၅ ) ရက်၊ (အင်္ဂါနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ မေလ ( ၅ ) ရက်၊ (အင်္ဂါနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ မေလ ( ၅ ) ရက်၊ (အင်္ဂါနေ့)
– ကျန်းမာရေး ပြဿနာတွေကြောင့် စစ်ကော်မရှင်တပ် ထိန်းချုပ်နယ်မြေတွေဆီ ပြည်လည်ဝင်ရောက်သူတွေရှိနေ
–  မတရားဖမ်းဆီးထားတဲ့ သတင်းသမားအားလုံး လွတ်ပေးဖို့နဲ့ မီဒီယာဌာနအပေါ် ပစ်မှတ်ထား ဖိနှိပ်ပိတ်ပင်မှုတွေကို ရပ်တန့်ဖို့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ မှာ IPCM တောင်းဆို
–  အမေရိကန် နိုင်ငံရောက် ကရင်နီလူမျိုးစုတွေ စုပေါင်းပြီး ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲကို ဒုတိယအကြိမ် ပြုလုပ်
– ဒီမော့ဆိုအနောက်ဖက်ခြမ်းတစ်နေရာမှာ ပျောက်ဆုံးနေတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးကို သေဆုံးလျက်ပြန်တွေ့
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်းတွေကိုကြားကြရမှာပါ။  ဒါ့အပြင်  အပတ်စဉ်တင်ဆက်ပေးတဲ့ လူငယ်အစီအစဉ်ကနေ “စစ်ရှောင်စခန်းထဲက မရပ်မနား အိမ်မက်တွေကို လိုက်လံဆွတ်ခူးနေတဲ့ အနုပညာဝါသနာရှင် မိုရှားရှား” နဲ့ တွေ့ဆုံမေးမြန်းသွားဖို့ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ