ကန္တာရဝတီတိုင်း (မ်)
မေလ (၂၁)ရက် နေ့လည် (၁၁)နာရီဝန်းကျင်ခန့်မှာ ဖားဆောင်းမြို့နယ်တွင်း တစ်နေရာကို စစ်အုပ်စုက ကာမီကာဇေ အသေခံဒရုန်း (၂)စီးနဲ့တိုက်ခိုက်ခဲ့သလို၊ (၁၂၀)မမ လက်နက်ကြီး (၂)လုံးပစ်ခတ်တာကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
“ဒီတရက်ဒရုန်းလာကြဲတာ (၁၁)နာရီခွဲနော်။ လူတစ်ယောက် ထိတယ်။ ကားစပယ်ယာ”လို့ မျက်မြင်တွေ့သူဒေသခံတစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူဟာ ဒရုန်းတိုက်ခိုက်မှုအတွင်းထိခိုက်တာဖြစ်ပြီး ဘယ်ဖက်လက် မောင်း(၁)ချက်၊ ဘယ်ဖက်ရင်အုပ်မှာ (၂)ချက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ဆိုပါတယ်။
ထိခိုက်သူဟာ စိုးရိမ်ရတဲ့ အခြေအနေ ရှိတာကြောင့် ဆေးရုံပို့ဆောင်ထားတယ်လို့လည်းသူကဆက်ပြောပါတယ်။
ဒရုန်းဗုံး ကြဲပြီး လက်နက်ကြီးပစ်ခတ်တာကြောင့် အခင်းနေရာမှာရှိတဲ့ ကားလဲ ထိခိုက်ပျက်စီးသွားတာရှိတယ်လို့သိရပါတယ်။





