Homeသတင်းIPFD ဘုတ်အဖွဲ့ဝင်မှာ ကရင်နီပြည်အရေး တက်ကြွလှုပ်ရှားသူ အယ်ဗာလင်း လင်း ပါဝင်

IPFD ဘုတ်အဖွဲ့ဝင်မှာ ကရင်နီပြည်အရေး တက်ကြွလှုပ်ရှားသူ အယ်ဗာလင်း လင်း ပါဝင်

-

ကန္တာရဝတီတိုင်း (မ်)

ဒေါက်တာ ဆာဆာ ဦးဆောင်ဖွဲ့စည်းတဲ့ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအင်စတီကျု (Institute of Peace and Federal Democracy – IPFD) မှာ ကရင်နီပြည်အရေး တက်ကြွလှုပ်ရှားသူ အယ်ဗလင်း လင်း (Evelyn Lyn) လည်း ဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်လာတာကို IPFD ဖေ့စ်ဘုတ်စာမျက်နှာမှာ ဇွန်လ ၈ ရက်နေ့တုန်းက မိတ်ဆက်ထားပါတယ်။

IPDF ဘုတ်အဖွဲ့ အဖြစ်ပါဝင်လာတဲ့ အယ်ဗလင်း လင်း က လက်ရှိကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) မှာ ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ကရင်နီပြည်ကြားကာလလွှတ်တော် (KSIP) မှာ အမတ်တစ်ဦးအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် ၂၀၁၂ ခုနှစ်မှ ၂၀၂၀ခုနှစ်ထိ ကရင်နီပြည်ရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (၆) ခုဖြင့် ဖွဲ့စည်းထားတဲ့ အရပ်ဘက်ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် (Civil Health and Development Network) CHDN ရဲ့ ဒုတိယညွှန်ကြားရေးမှူးတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

IPDF ရဲ့ ကြေညာချက်အရ ဘုတ်အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ကရင်နီပြည်က အယ်ဗလင်း လင်း၊ ဥက္ကဌအဖြစ် ချင်းပြည်နယ် ဇာတိ က ဦးပီတာထောင်းမှုံ နဲ့ အဖွဲ့ဝင် ပဲခူးတိုင်းဇာတိ နော်မှူးမှူးဖောသိန်း တို့ သုံးဦးကို ကြေညာထားပါတယ်။

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအင်စတီကျု IPFD က ဇွန်လ ၁ ရက်‌နေ့မှာပဲ ဖေ့စ်ဘွတ်စာမျက်နှာစတင်မိတ်ဆက်လာတာပါ။ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေနဲ့ တိုင်းရင်းသားအင်အားစုတို့ကြား စုစည်းမှုယန္တရား လိုအပ်မှုရှိနေသေးတာကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့လည်း IPDF က ကြေညာထားပါတယ်။

အဆိုပါ စုစည်းမှုယန္တရားလိုအပ်မှုကြောင့် နိုင်ငံတကာ ပံ့ပိုးကူညီမှုများ ရရှိဖို့ခက်ခဲစေခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စနစ်တကျ ပေးအပ်ဖို့ ပိုမိုခက်ခဲစေခြင်း၊ နိုင်ငံရေးအရ ယုံကြည်မှု တည်ဆောက်ရန် စိန်ခေါ်မှုတွေ ဖြစ်စေခြင်းတွေ ရှိနေရဆဲဖြစ်တယ်လို့ IPDF က ယူဆထားပြီး အဲဒီ စိန်ခေါ်မှုတွေကို လိုအပ်တဲ့နေရာတွေမှာ ဖြည့်ဆည်းပေးနိုင်ဖို့ ဖြစ်ပေါ်လာတယ်လို့လည်း တရားဝင်ကြေညာထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ