ကန္တာရဝတီတိုင်း(မ်)
မနေ့က ဇွန်လ ၁၅ ရက်နေ့မှာ နန်းမယ်ခုံမြို့ရှိ ကျေးရွာတစ်ရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ဗုံးကြဲခဲ့ရာ အသက် ၄၀ ဝန်းကျင်အမျိုးသားတစ်ဦး ဗုံးထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနက် ၉ နာရီဝန်းကျင်မှာ ဒရုန်းဗုံးနဲ့ ကြဲပြီးနောက် သူ့ရဲ့နေအိမ်ကနေ ရွာသားတချို့က ကူညီကယ်ထုတ်ပေးခဲ့ပြီး အနီးနားက လူမှုကူညီရေးယာဉ်နဲ့ ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးခဲ့သူ တစ်ဦး က ပြောပါတယ်။
“ရွာထဲ ဒရုန်း ချတဲ့ သူ့နေအိမ်မှာပဲ ခေါ်ထုတ်ပြီး ကျေးလက်ဆေးခန်းမှာ ရှေးဦးသူနာပြုလုပ်ပေးပြီး စိတ်ချရတဲ့ ဆေးရုံပို့ပေးခဲ့တယ်” လို့ ကူညီကယ်ဆယ်ပေးခဲ့သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
ဒရုန်းဗုံးစက အဆိုပါ အမျိုးသားရဲ့လည်ပင်းကို ထိမှန်ခဲ့ပြီး အသက်အန္တာရာယ်စိုးရိမ်စရာမရှိဘူးလို့ သူက ဆိုပါတယ်။ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမှီသမျှ စာရင်းအရ ဒီနှစ် ဇန်နဝါရီလ ကနေ ဇွန်လ အထိ ကရင်နီပြည်မှာ ဒရုန်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၃ ဦးနဲ့ သေဆုံးသူ ၃ ဦး ရှိခဲ့ပါတယ်။





