spot_img
Homeသတင်းလာမယ့်သြဂုတ်လမှာ အားကောင်းတဲ့ အယ်လ်နီညိုအခြေအနေ ရောက်ရှိနိုင်

လာမယ့်သြဂုတ်လမှာ အားကောင်းတဲ့ အယ်လ်နီညိုအခြေအနေ ရောက်ရှိနိုင်

-

ကန္တာရဝတီတိုင်း(မ်)

ကမ္ဘာ့အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တို့က အားအသင့်အတင့်ရှိတဲ့ အယ်လ်နီညိုအခြေအနေမှာ တည်ရှိနေတာကြောင့် လာမယ့် သြဂုတ်လအတွင်း အားကောင်းတဲ့ အယ်လ်နီညိုအခြေအနေ ရောက်ရှိနိုင်တယ်လို့ မြန်မာ့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင်လ ၂၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီခန့်မှန်းချက်က နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ သင်္ချာပုံစံပြု မော်ဒယ်လ်ခန့်မှန်းချက်အရ ထွက်ပေါ်လာတာဖြစ်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ အားအလွန်ကောင်းတဲ့ အယ်လ်နီညိုအခြေအနေကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အယ်လ်နီညိုဖြစ်စဉ်က ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ဖြစ်စဉ်ဖြစ်သော်ငှားလည်း ပူပြင်းလွန်းတဲ့ အဲ့ဒီ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုက ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်တာ၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်တာ ၊ လာမယ့်နွေကာလတွေမှာ နေ့အပူချိန်များ မြင့်မားတာ၊ မိုးခေါင်ရေရှားတာ စတဲ့ အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့လည်းဆိုပါတယ်။

ဒါ့ကြောင့် လူထုတွေကနေ ရေသိုလှောင်တာ၊ မပုတ်မသိုးနိုင်တဲ့ အစားအသောက်တွေကို သိုလှောင်ထားတာ၊ ပြင်းထန်တဲ့ နေပူဒဏ်ကိုရှောင်ရှားကြဖို့၊ ကျန်းမာရေးကူးစက်ရောဂါတွေ ကရုပြုကြဖို့၊ တောမီးကရုပြုဖို့ နဲ့ အထူးသဖြင့် ခန္ဓာကိုယ်အတွင်း ရေဓာတ်ပြည့်ဝအောင်နေဖို့ လိုအပ်မှာဖြစ်ပါတယ်။

အယ်လ်နီညိုဖြစ်ပေါ်မှုနဲ့ပတ်သက်တဲ့ခြေအနေတွေကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမှာဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ကြဖို့ကို မိုးလေဝသနဲ့ ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ