spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

သယံဇာတထုတ်ယူသူက ရင်းနှီးမြှုပ်နှံမှု၏ ၂ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရမည်

Author

Date

Category

မော်ချီးဒေသရှိ သတ္တုတွင်းလုပ်ကွက်များကို တွေ့ရစဉ်(ဓါတ်ပုံ-လင်းသန့်)

နော်ဒွေးအယ်ခူ

ဒေသအတွင်း သဘာဝသယံဇာတများ ထုတ်လုပ်ခြင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ CSR (ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ) လုပ်ငန်းများဆောင်ရွက်ပေးရာတွင် သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှု၏ ၂ ရာခိုင်နှုန်း သို့မဟုတ် ထုတ်လုပ်မှု၏ ၂ ရာခိုင်နှုန်းကို CSR လုပ်ငန်းဆောင်ရွက်ရန် စာချုပ်ပေါ်မူတည်ပြီး ကန်ထရိုက်တာများ၏ အဆိုပြုချက်ဖြင့် ဆောင်ရွက်ခြင်းကြောင်း သိရသည်။

“သက်ဆိုင်ရာ ကန်ထရိုက်တာရဲ့ လိုလားချက်နဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှာပဲ ၂ ရာခိုင်နှုန်း ဆောင်ချင်သလား သို့မဟုတ် ထုတ်လုပ်မှုပေါ်မှာပဲ ၂ ရာခိုင်နှုန်း ဆောင်ချင်သလားဆိုတဲ့ ကန်ထရိုက်တာရဲ့ အဆိုပြုချက်နဲ့ပဲ ဆောင်ရွက်တာဖြစ်ပါတယ် ” ဟု ကယားပြည်နယ်သတ္တုတွင်းဦးစီးဌာန၏ ပြည်နယ်တာဝန်ခံ ဦးအေးမောင်က ပြောသည်။

CSRသည် မြေပေါ်မြေအောက် သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲသူမှ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ပညာရေးနှင့် သတ္တုတူးဖော်မှုကြောင့် ပျက်စီးသွားသည့် တုံ့ပြန်မှုများကို ပြန်လည်ဖြေရှင်းရန် တာဝန်ယူတူးဖော်သည့် ကုမ္ပဏီများမှ ပြန်လည်တာဝန်ယူ လုပ်ဆောင်ပေးရသည့် လုပ်ငန်းဖြစ်ပေသည်။

“အဓိကတော့ တူးဖော်တဲ့နေရာမှာ တုံ့ပြန်မှုဘာဖြစ်ခဲ့လဲ၊ လူတွေရဲ့ကျန်းမာရေး၊ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွား၊ အဲဒါတွေကို မူလအတိုင်း မဟုတ်ရင်တောင်မှ နီးပါးထိ ပြန်လည်ပြုပြင်ပေးဖို့ ကုမ္ပဏီမှာ တာဝန်ရှိတဲ့အတွက် သုံးစွဲဖို့ လျာထားတာပါ” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

သတ္တုတူးဖော်ထုတ်လုပ်သည့် ကုမ္ပဏီများအနက် ကယားပြည်နယ်သတ္တုထုတ်လုပ်ရေးကုမ္ပဏီသည် မော်ချီးဒေသတွင် သတ္တုတူးဖော်မှုများ ဆောင်ရွက်နေပြီး CSR(ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ) လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး ပညာရေး၊ ကျန်းမာရေး၊ ရေဖြန့်ဝေရေးလုပ်ငန်း၊ အများနှင့်သက်ဆိုင်သည့် မြေထိန်းနံရံများ ပြုလုပ်ခြင်း၊ မြောင်းဖော်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်နေကြောင်း ကယားပြည်နယ်သတ္တုထုတ်လုပ်ရေးကုမ္ပဏီ(KMPC)၏ အတွင်းရေးမှူး ဦးရဲထွဋ္ဋ်တင်ထံမှ သိရသည်။

“CSR လုပ်တော့မယ်ဆိုရင် CSR နဲ့ ပတ်သက်တဲ့ဟာကို ဒီမှာရှိတဲ့ ဒေသခံ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ တိုင်ပင်လိုက်တယ်။ အရင်ကတော့ ကိုယ့်ဟာကိုယ်ပဲ ဦးဆောင်လုပ်သွားတယ်။ အခုတော့ ဒီနှစ်ကစပြီး သူတို့နဲ့ တိုင်ပင်ပြီးတော့မှ ဘာလုပ်ချင်လဲဆိုတာ ဦးစားပေးပြီး ဆွဲထုတ်လုပ်တယ်။ အဓိကထားပြီး လုပ်တယ်”ဟု ၎င်းက ပြောသည်။

ကယားပြည်နယ်အတွင်းတွင် ခဲမဖြူအကြီးစားလုပ်ကွက် ၁ ကွက်နှင့် အသေးစားလုပ်ကွက် ၆ကွက် ၊ ခဲလုပ်ငန်းအသေးစားလုပ်ကွက် ၃ ကွက်၊ ခနောက်စိမ်းအသေးစားလုပ်ကွက် ၁၁ကွက် ရှိပြီး အစိုးရ၏ ခွင့်ပြုမိန့်ရကုမ္ပဏီနှင့် လုပ်ကွက်ကုမ္ပဏီ ၁၅ ခုရှိပြီး လုပ်ကွက်ပေါင်း ၂၁ ကွက်ရှိကြောင်း သိရသည်။

ကယားပြည်နယ်သတ္တုထုတ်လုပ်ရေးကုမ္ပဏီသည် ပြည်နယ်အတွင်းတွင် အကြီးဆုံးသတ္တုတူးဖော်သည့် ကုမ္ပဏီဖြစ်ပြီး ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင် ခဲမဖြူအဖြိုက်နက်ကို ထုတ်လုပ်သည်။

အစိုးရသက်တမ်းနှစ်နှစ်အတွင်းတွင် သတ္တုတူးဖော်သည့် ကုမ္ပဏီများထံမှ နိုင်ငံတော်အတွက် ရရှိသည့်အခွန်မှာ သိန်းပေါင်း ၄ ထောင်ကျော်ဖြစ်ပြီး သတ္တုတူးဖော်မှုအတွက် ရရှိသည့် မြေဌားရမ်းခ သိန်းပေါင်း ၂ ထောင်ကျော်ရှိကြောင်း သိရသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်ဆိုင်သည့် အခွန်အခများကို ပြည်ထောင်စုမှ ကောက်ခံပြီး ၂၀၁၅ခုနှစ်၊ ဇူလိုင်လ ၂၂ရက်နေ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် အပိုဒ်ဇယား၅အရ သတ္တုနှင့်သက်ဆိုင်သည့် အခွန်အခများကို တိုင်းနှင့်ပြည်နယ်များ ရရှိရေးအတွက်ကို စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဘဏ္ဍာရေးဦးစီးဌာန၊ ဝန်ကြီးဌာနများကို တင်ပြဆောင်ရွက်ပြီး ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ရသည်နှင့် တိုင်းနှင့်ပြည်နယ်ကို သက်ဆိုင်သည့် သတ္တုအခွန်အခများရရှိရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

“မြေဌားရမ်းခက ပြည်ထောင်စုအဆင့်၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို လက်ရှိမှာ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဘဏ္ဍာခွန်၊ စာရင်းစစ်ချုပ်ရုံး၊ လုံခြုံရေး တည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေးကော်မတီကို တင်ပြထားပြီးဖြစ်ပါတယ်။ အဲကနေ ခွင့်ပြုချက်ရတာနဲ့ အမိန့်ကြော်ငြာစာထုတ်ပြီး တိုင်းနှင့်ပြည်နယ်ကို အခွန်အခကောက်ခံဖို့ ခွင့်ပြုမှာဖြစ်ပါတယ်” ကယားပြည်နယ်သတ္တုတွင်းဦးစီးဌာန၏ ပြည်နယ်တာဝန်ခံ ဦးအေးမောင်က ပြောသည်။

ကယားပြည်နယ်အတွင်း သတ္တုတူးဖော်ထုတ်လုပ်သည့်ကုမ္ပဏီများမှာ ကယားပြည်နယ် သတ္တုထုတ်လုပ်ရေးကုမ္ပဏီ၊ ကယားဌာနီသတ္တုတူးဖော်ရေး၊ ရဲထဋ္ဋ်ကျော်ကုမ္ပဏီ၊ ဆီဝမ်းကုမ္ပဏီ၊ ကုန်သွယ်ပံ့ပိုးမှု မြန်မာကုမ္ပဏီ၊ သိန်းမျက်လုံးသတ္တုတူးဖော်ရေးကုမ္ပဏီ၊ ကယားရွှေတံခါး သတ္တုတူးဖော်ရေးကုမ္ပဏီ၊ ထီးဒေးစတား၊ ကယန်းသတ္တုတူးဖော်ရေးကုမ္ပဏီ၊ အာရှအေအင်(န်)တီ၊ သုဝဏ္ဏရွှေစင်ကုမ္ပဏီ တို့ဖြစ်ကြသည်။

ကယားပြည်နယ်အတွင်း အမှတ် ၂ သတ္တုတွင်းလုပ်ငန်းနှင့် အကျိုးတူဆောင်ရွက်နေသော သတ္တုတူးဖော်ရေးကုမ္ပဏီများ၏ CSRလုပ်ငန်း (ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ) ဆောင်ရွက်နေမှုအခြေအနေတွင် ကယားဌာနီကုမ္ပဏီ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် CSR လုပ်ငန်းလျာထားငွေမှာ ပညာရေးထောက်ပံ့ငွေအတွက် ၃သိန်းနှင့် ဒေသရန်ပုံငွေအတွက် ရသိန်း ဖြစ်ပြီး သုဝဏ္ဏရွှေစင်ကုမ္ပဏီမှာ ၃သိ်န်း၊ ဒေသရန်ပုံငွေအတွက် ရ သိန်း ခန့် ဒေသတွင်း ဆောင်ရွက်မည်ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကယားရွှေတံခါးကုမ္ပဏီ၏ CSR လုပ်ငန်းလျာထားငွေမှာ ပညာရေးထောက်ပံ့ငွေမှာ ၁ဝ သိန်း၊ အာရှအေအင်(န်)တီ၏ ပညာရေးထောက်ပံ့ငွေမှာ ၆ သိန်းနှင့် ဒေသရန်ပုံငွေ ၁ရသိန်း ဖြစ်ပြီး ထီးဒေးစတားကုမ္ပဏီ၏ ပညာရေးထောက်ပံ့ငွေမှာ ၁ဝသိန်းနှင့် ထုတ်လုပ်သည့်ဒေသအတွင်း လမ်းများပြုပြင်ရန် သိန်း၂ဝ ခန့် သုံးစွဲမည်ဖြစ်ကြောင်း သတ္တုတွင်းဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

spot_img
spot_img

Recent posts