spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပဲ့့ဒူနှင့်တွေ့ဆုံခြင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အနေနဲ့ ဝင်ပြိုင်ပြီးအနိုင်ရခဲ့တဲ့ လက်ရှိ ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပဲ့ဒူ အနေနဲ့ လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မည့် အစီအစဉ်ရှိမရှိ၊ ရှိခဲ့မယ်ဆို ဘယ်လိုတွေ ပြင်ဆင်ထားလဲ၊ လွှတ်တော် သက်တမ်းမှာ ဘာတွေ အားရကျေနပ်ခဲ့လဲ။ ဘာတွေက အားနည်းချက်ရှိခဲ့လဲဆိုတာနဲ့ ပတ်သက်လို့ ကန္တာရဝတီတိုင်း(မ်)က မေးမြန်းတွေ့ဆုံထားတာကို တင်ပြလိုက်ပါတယ်။

ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပဲ့့ဒူ

မေး။ ။ ၂၀၂၀ ရွှေးကောက်ပွဲမှာဝင်ပြိုင်ဖို့ရှိမရှိ ရှိမယ်ဆိုရင်ဘယ်မှာဝင်ပြိုင်မှာလဲ။

ဖြေ။ ။၂၀၂၀မှာဝင်ပြိုင်ဖို့တော့ရှိပါတယ်။ သို့သော်လည်းပဲ ပြိုင်ဖို့ဆိုတဲ့ထဲမှာကျတော့ ကျနော်တို့မှာက ကိုယ်စားလှယ်လောင်းတွေရွေးချယ်တဲ့နေရာမှာ ကျနော်တို့ပြိုင်ချင်တိုင်းပြိုင်လို့မရဘူးလေး။ ဗဟိုကော်မတီကနေပြီးတော့မှ သူတို့ကရွေးချယ်ပေးမှာပေါ့။ ကိုယ်ကပါမလား ။ မပါဘူးလားဆိုတာ မသိနိုင်ဘူးပေါနော်။ ပြီးတော့အခုရွေးမယ်ဆိုရင်လည်း လောလောဆယ်ကတော့တင်ထားတယ်ပေါ့နော။ ကိုယ်စာလှယ်လောင်း အဆိုပြုလွာတင်ထားတာကတော့ ပြည်သူ့လွတ်တော်မှာပဲ တင်ထားတယ်။

မေး ။ ။ အဆိုပြုတဲ့အထဲမှာ ပြိုင်ခွင့်ရခဲ့သော် ကိုဗစ်ကာလမှာ စည်းရုံးရေးကိုဘယ်လိုလုပ်မလဲ။

ဖြေ။ ။အခုကဒီလိုရှိတယ် အခုကစည်းရုံးရေးကာလဆိုတာ ကော်မရှင်ကသတ်မှတ်ထားတာရှိတယ်။ ကော်မရှင်ကသတ်မှတ်ထားတာထက်စောပြီးတော့မှ ကျနော်တို့က စည်းရုံးရေးလုပ်မယ်ဆိုရင်တော့ စည်းကမ်းကိုဖောက်ဖျက်သလိုမျိုးဖြစ်သွားတယ်။ အခုအချိန်ထိကတော့ ပါတီပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ ဝင်ရောက်စည်းရုံးမယ့်ကိစ္စကတော့ မရှိသေးပါဘူး။ ဒါပေမယ့်လို့တစ်ကယ်လု့ိ ဒီကိုယ်စားလှယ်လောင်းထဲမှာရွေးခံရမယ်ဆိုရင် သူတို့သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း စည်းရုံးခွင့်ရတယ်ဆိုတဲ့အချိန်ကျမှ စည်းရုံးဖို့စိတ်ကူးထားပါတယ်။

မေး ။ ။ ပြည့်သူ့လွတ်တော်ကိုယ်စားလှယ်သက်တမ်းတစ်လျှောက်မှာ လုပ်ဆောင်ချက်တွေက ဘာတွေအားရလဲ ဘာတွေအားနည်းလဲ။

ဖြေ ။ ။ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေထဲမှာတော့ အစိုးရရဲ့လုပ်ဆောင်ချက်တွေလေး ကျနော်တို့ကခုနကပြောသလို ပါတီတစ်ခုကိုကိုယ်စားပြုပြီးတော့ အစိုးရဖြစ်လာပြီဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်ကလည်း အစိုးရနဲ့ပူးပေါင်းပြီးတော့ လုပ်ဆောင်ခဲ့တာရှိပါတယ်။ ဒီတော့အများကြီးအားရပါတယ်။ လမ်းတို့၊ ပြီးတော့လျပ်စစ်မီးတို့ ပြီးတော့ ဆေးပေးခန်းတို့ ပညာရေးကိစ္စတွေလည်းပဲ အများကြီးအားရပါတယ်။ ဒါပေမယ့်ကိုယ့်နကိုယ်ကိုအားမရတာတစ်ခုရှိတယ်။ ဒါကကျနော်တို့ဖရူဆိုမြို့နယ်မှာ ရေရှားပါးတဲ့အတွက် ဒီရေရရှိရေးအတွက် အခုထိထိမအောင်မြင်သေးဘူး လွတ်တော်မှာလည်း အဲ့ကိစ္စအတွက်မေးခွန်းတွေမေးခဲ့တယ်။ ပြည်နယ်အစိုးရနှင့်လည်းပူးပေါင်းပြီးတော့ကြိုးစားခဲ့တယ်။ ဒါပေမယ့်အခုထိထိအကောင်အထည် မပေါ်လာသေးတဲ့အတွက်ပေါ့။ အဲ့ဒါကို ကိုယ့်နကိုယ်ကို အားမရဆုံးပေါ့နော် ဒီတစ်ချက်ကတော့ရေကိစ္စပဲ။

မေး ။ ။ လွှတ်တော်မှာကော အဲ့တာတွေမဆွေးနွေးနိုင်ဘူးလားပေါ့။

ဖြေ ။ ။ ကျနော်တို့ဆွေးနွေးပြီးသားပါ ကျနော်တို့ကယားပြည်နယ်ဆိုရင် ၄၅၃၀ စတုရန်းမိုင်ပဲရှိတယ် ဘာပဲဖြစ်ဖြစ်လေး အင်မတန်မှကျဉ်းတဲ့ဒီနယ်မြေတစ်ခုမှာ သံလွင်မြစ်၊ ပွန်ချောင်း၊ ဘီလူးချောင်း၊ ထူးချောင်း စသည်ဖြင့် မြစ်တွေချောင်းတွေကစီးဆင်းနေတာ ဒီလိုစီးဆင်းနေတဲ့မြစ်တွေချောင်းတွေကနေပြီးတော့ ဒီတစ်ပြည်နယ်လုံးကို ရေကွန်ယှက်သဖွယ် ပိုက်လိုင်းတွေဘာတွေနဲ့ဆက်ပြီးတော့ ရေစက်နဲ့မောင်းတင်လို့မရဘူးလာဆိုတဲ့ မေးခွန်းတွေလည်းမေးခဲ့ဖူးတယ်ပေါ့နော် ။ သို့သော်လည်းပဲကုန်ကျစရိတ်ကများတယ်လို့ပြောပါတယ် နောက်ဆုံးကျတော့ ပြည်နယ်အစိုးရ ပူးပေါင်းပြီးတော့မှ ရေနဲ့ပတ်သက်လို့အောင်မြင်မှုလမ်းစတစ်ခုတော့ တွေ့ခဲ့တယ်ပေါလေး။ ၂၀၁၆ မှာကဘယ်လိုဖြစ်သွားလဲဆိုတော့ နိုင်ငံခြားအလှူရှင်ကနေပြီးတော့မှ သန်းပေါင်း ၇၈၀၀ လောက်ကုန်မယ့် ကျနော်တို့ပွန်ချောင်းကနေပြီးတော့မှ ဖရူဆိုကိုရေတင်မယ့်ကိစ္စတစ်ခုပေါ်လာတယ်။ ပေါ်လာပြီးတော့မှ ပွန်ချောင်းကနေယူမယ်ဆိုရင် ဒီမေားဆိုမြို့နယ်က ဒေါးတမကြီးတို့လည်း အကျိုးရှိနိုင်တယ် အဲ့တုန်းကတော့ တော်တော်လေးဝမ်းသာခဲ့တယ်ပေါနော်။ ဝမ်းသာခဲ့ပြီးတော့မှ နောက်ဆုံးကျတော့ဘယ်လိုသွားဖြစ်လဲဆိုရင်တော့ ပြည်နယ်အစိုးရရဲ့ပြောပြချက်အရ အဲ့တာက ပျက်ပြယ်သွာတယ်။ အကြောင်းအရင်းက ၂၀၁၇ မှာ ရခိုင်အရေးအခင်းဖြစ်လာတယ် ရခိုင်အရေးအခင်းဖြစ်လာတဲ့ခါကျတော့ အလှုုရှင်တွေက မဝင်လာရဲတော့ဘူး ဒါကြောင့်မို့ အဲ့နားမှာ block ဖြစ်သွားတာ။

မေး ။ ။ ဒါဆိုရင် အစိုးရကကော မလုပ်ပေးနိုင်ဘူးလား။

ဖြေ ။ ။ ဒါဆိုင်ရင်တော့ အစိုးရအနေနဲ့အကုန်အကျမခံနိုင်ဘူးလားဆိုတဲ့ဟာကိုတော့ ပြီးခဲ့တဲ့နှစ်တုန်းကပဲ သိန်းပေါင်း ၂၀၀၀၀ လောက်ပေါ့နော် ကုန်ကျခံဖို့တော့ရှိတယ်။ ခုနက သန်းပေါင်း ၇၈၀၀ ဆိုတာကလည်း နိုင်ငံတော်ရဲ့ အခြေအနေကလည်းရှိသေးတာကိုး အဲ့တာကျတော့လည်းမဖြစ်နိုင်ဘူး တစ်ကယ်လို့သာပေးလိုက်မယ်ဆိုရင် တစ်ခြားလုပ်စရာလုပ်ငန်းတွေကလည်း အများကြီးရှိသေးတယ်လေး တာကြောင့်မို့ အဲ့တာကြီးဟာ အခုထိ ထိဒီလိုပဲရပ်တန့်သွားတဲ့သဘောရှိတယ်။ သို့သော်လည်းပဲ ခုနကပြောသလို သိန်းပေါင်း ၂၀၀၀၀ နှင့်ပတ်သက်ပြီးတော့ ကျနော်တို့ကွိုင်ငံမှာပေါ့နော် အဲ့နားမှာကျနော်တို့ကြိုးစားခဲ့တယ်။ သို့သော်လည်းပဲ ကွိုင်ငံနဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ တောင်သူလယ်သမားတွေ ဒေသခံတွေကျတော့လည်း သူတု့ိကတော့ကန့်ကွက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအထိကိုတစ်ကယ်လို့ယူမယ်ဆိုရင် အဲ့ဒီရေတွေကမလောက်မငတ့်နဲ့ဖြစ်မယ်ဆိုရင် သူတို့လယ်ယာတွေကအစ ဒုက္ခဖြစ်နိုင်တယ်ဆိုပြီးတော့ အဲ့လိုကန့်ကွက်ရင်တော့ ကျနော်တို့ကတော့ လုပ်ချင်တိုင်းလုပ်လုပ်လို့မရဘူးပေါနော်။

အခုဆိုလို့ရှိရင်တော့ ကျွန်တော်တို့ မော်သီဒိုဘက်ပေါ့နော် မော်တီဒိုဘက်မကဘူး ဟိုးယာဘက်က ယိုစပရား၊ ယိုအီပရား၊ယိုပရား ဘက်ကနေပြီးတော့မှ ခုနရေထွက်တွေရှာနေတယ်ကြိုးစားနေတယ်။ ဒါပေမဲ့အခုထက်ထိ တော့ အကောင်ထည်မဖော်သေးဘူး။

မေး ။ ။ ရွေးကောက်ပွဲတွင် ထပ်ပြီးယှဉ်ပြိုင်မည်ဆိုလျှင် ဘယ်လိုမျှော်လင့်ထားသလဲ။

ဖြေ ။ ။ ကိုယ်ကဝင်ပြိုင်မယ်ဆိုတာကတော့ ခုန ကိုယ့်ရဲ့ဆန္ဒပေါ့နော် ကိုယ်ကအားတက်သရောပေါ့နော် ဒါကတော့ ကိုယ်ကပြည်သူတွေအတွက် ဆက်ပြီးတော့ အလုပ်လုပ်နိုင်သေးတယ်ဖြစ်ပေမဲ့လို့ ပြည်သူကတော့ ကိုယ့်အပေါ်မှာ ဘယ်လိုသဘောထားမလဲ ကိုယ့်ကိုအားရကျေနပ်တဲ့ သူတစ်ယောက်အနေနဲ့ သူတို့က ရွေးမလား သူတို့မှာ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့်မို့ ကိုယ့်ကိုတကယ်လို့များ ပြန်ပြီးရွေးမယ်ဆိုရင်တော့ အတွေ့အကြုံက (၅) နှစ်ရှိသွားပြီး။ နောက်ထပ် တကယ်လို့ရွေးချယ်ခံရမည် ဆိုရင်တော့ ပိုပြီးတော့မှ ဒီထက်ဒီထက် ပိုပြီးလုပ်နိုင်မယ်လို့ ကိုယ့်ကိုကိုယ်ယုံကြည်တယ် ကိုယ်ကအတိအကျ သေချာပါမယ်လို့ အဲစကားကတော့ ကိုယ့်အနေနဲ့လို့ မပြောသင့်ဘူးလို့ထင်တယ်လေ။ တကယ်လို့ စည်းရုံးရေး ကာလရောက်တဲ့ချိန်ကျရင်တော့ ပြည်သူတွေနဲ့ထိတွေ့ဲပြီးတော့ အားတက်သရော ပြည်သူတွေကို ချပြဖို့တော့ ရှိပါတယ်။

မေး ။ ။ လွှတ်တော်မှာ တောင်သူတွေရဲ့ တပ်သိမ်းမြေယာပြဿနာတွေကို ဆွေးနွေးတင်ပြဖူးလားပေါ့။

ဖြေ ။ ။ ရှိတာပေါ့။ ကျတော်တို့က နောက်ထပ်သိမ်းတဲ့နေရာမှာက ဘယ်လိုဖြစ်လဲဆိုရင်တော့ သူ့ရဲ့နယ်မြေအလိုက် ဥပမာအခုဆိုရင် ကြားနေရတာက ဒီးမော့ဆိုဘက်လာ လွိုင်ကော်ဘက်လားမသိဘူးပေါ့နော့ အဲဒီတပ်ကသိမ်းတဲ့မြေကိစ္စ အခုကျတော်က စစတက်တက်ခြင်းမှာဘဲ ကျတော်က (၅၃၁) သိမ်းထားတဲ့မြေတွေ နောက်တစ်ခါ သူတို့ ပြန်ပေးတာရှိတယ်။ ကျန်နေတဲ့ဟာရှိတယ်ဆိုတော့ ဒါလည်းပဲ ကြယ်ပွင့်ပြ မေးခွန်းတွေမေးခဲ့တာပေ့ါ ဒီလိုကြာနေတဲ့ဟာတွေ မြေက (၁၂၀)ထင်တယ် ဒါပြန်ပေးဖို့ မေးခွန်းတွေမေးခဲ့တယ် သို့သော်လည်းပဲ အဲတာတွေကတော့ သူတို့ဟာကတော့ အင်မတန်မှ သူတို့စစ်တပ်နဲ့နီးတဲ့အခါမှာ စစ်ရေးအရပေါ့နော် ပြန်ပေးလို့မဖြစ်လို့ပါ ဆိုပြီးတော့မှ ဒါက ကာကွယ်ရေးဝန်ကြီးဌာနက ပြန်ဖြေထားတာရှိပါတယ်။

မေး ။ ။ လွိုင်ကော်ဘက်ကော ဒီးမော့ဆိုဘက်ကကိစ္စတွေကော ဆွေးနွေးပေးလို့ရမလာ။

ဖြေ ။ ။ တင်ပြပေးလိုရတယ်ဆို အဲဒီမှာရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့တင်ပြပေးရင် ရတာပေါ့ ဘာဖြစ်လဲဆိုတော့ သူတို့မေးခွန်းမေးလည်းရတယ်လေ မေးခွန်းမေးလို့ရမလားဆိုတော့ တကယ်လို့မှ မြေယာပြဿနာက သိပ်ပြည့်နေတယ်ဆိုရင် အဆိုတစ်ခုတင်သွင်းမလား ဒါဆိုလည်းဘဲ ဝိုင်းဝန်းပြီး ဆွေးနွေးကြမယ်ဆိုရင် ကိစ္စလည်းပဲဖြစ်နိုင်ပါတယ်။ သက်ဆိုင်ရာတွေက သူတို့မြို့နယ်တွေမှာ ဖြစ်ပျက်နေတဲ့ အရာတွေကို မြို့နယ်ကိုယ်စားလှယ်က ဦးဆောင်ပြီးတော့ မေးခွန်းတွေ မေးပေးမယ်ဆိုရင်တော့ ပိုပြီးမှ သင့်တော်တယ်လို့ထင်ပါတယ်။

မေး။ ။ သူတို့မေးဖို့ဆိုရင် သူတို့ပါတီခွင့်ပြုချက်တင်ရမလား ဒါမှမဟုတ် သူတို့ဟာသူတို့ တင်လို့ရပါသလား။

ခြေ ။ ။ သူတိုဟာသူတို့မေးလို့ရပါတယ် ဒါကတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ သူတို့ရဲ့ ရပိုင်ခွင့်ပဲလေ သူတို့ရဲ့အခွင့်အရေးပဲလေ ခုနကပြောသလို ပါတီကလည်းပဲ တိုင်းပြည်ကိုထိခိုက်မယ့် ကိစ္စတွေကျတော့ မေးခွန်းတွေ နည်းနည်းပြင်ဆင်လိုက်ပါ။ ဒါမှမဟုတ်ရင် ဒီမေးခွန်းကို ကြယ်ပွင့်ပြမေးခွန်း ကနေပြီး ကြယ်ပွင့်မပြမေးခွန်းကနေပြီး ပြောင်းလိုက်လို့ရပါတယ်။

spot_img
spot_img

Recent posts